Thiland



၉ လတာ ထိုင်းစားသောက်ကုန် ပြည်ပတင်ပို့မှု ဘတ် ၁ ထရီလီယံကျော်သို့ ရောက်ရှိခဲ့

၉ လတာ ထိုင်းစားသောက်ကုန် ပြည်ပတင်ပို့မှု ဘတ် ၁ ထရီလီယံကျော်သို့ ရောက်ရှိခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုနှစ် ပထမ ကိုးလအတွင်း ထိုင်း စားသောက်ကုန် ပြည်ပတင်ပို့မှုမှာ ဘတ် ၁.၁၆ ထရီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၄.၆ ရာခိုင်နှုန်း ပိုများခဲ့သည်။ 

 

စိုက်ပျိုးထုတ်လုပ်မှုများကို လျော့နည်းစေသည့် မိုးနည်းပါးသည့် အခြေအနေကြောင့် အာဆီယံနှင့် တောင်အာရှတစ်ခွင်ထိုင်း စားသောက်ကုန်  ဝယ်လိုအား မြင့်တက်ခဲ့သည်။

 

ထိုင်းနိုင်ငံတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုများ လျော့ကျခဲ့သော်လည်း လတ်ဆတ်သစ်သီးများ၊ ဆန်နှင့် သကြားတို့ ပြည်ပသို့ တင်ပို့မှု မြင့်တက်ခဲ့သည်။ ၎င်းကုန်စည် ၃ မျိုးကို တရုတ်နှင် အာဆီယံနိုင်ငံအချို့တို့ ယခင်ကထက် တိုးမြှင့် ဝယ်ယူတင်သွင်းခဲ့ကြသည်။ 

 

စိုက်ပျိုးထုတ်ကုန် စက်မှုကုန်ကြမ်းများဖြစ်သည့် ပီလောပီနံ၊ နာနတ်သီးနှင့် skipjack တူနာငါးတို့သည် ဈေးနိမ့်ကျလျက် ရှိသဖြင့် ယင်းတို့အတွက် ပို့ကုန်ဝင်ငွေ လျော့ကျခဲ့သည်။ 

 

၂၀၂၃ ခုနှစ် တနှစ်တာအတွက် ကြိုတင်ခန့်မှန်းထားသည်မှာ ထိုင်းစားသောက်ကို ဘတ် ၁.၅၅ ထရီလီယံဖိုး တင်ပို့နိုင်မည် ဖြစ်သည်။ နောက်နှစ် ၂၀၂၄ ခုနှစ်တွင် ဘတ် ၁.၆၅ ထရီလီယံဖိုး တင်ပို့နိုင်မည် ဖြစ်သည်။ 

 

ထိုင်းနိုင်ငံသည် ယခုအခါ ကမ္ဘာ့စားသောက်ကုန် တင်ပို့မှု အများဆုံး တင်ပို့သည့် နိုင်ငံများ စာရင်းတွင် အဆင့် (၁၂) မှာ ရပ်တည်နေသည်။ 

Source nationthailand


To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

v

Read times Last modified on Monday, 27 November 2023 14:38
Rate this item
(0 votes)