Thiland



ထိုင်းဆန် တင်ပို့မှု ၁၀ ရာခိုင်နှုန်းကျော် လျော့ကျမည်ဟု ပြည်ပကုန်သွယ်ရေးဌာန ခန့်မှန်း

ထိုင်းဆန် တင်ပို့မှု ၁၀ ရာခိုင်နှုန်းကျော် လျော့ကျမည်ဟု ပြည်ပကုန်သွယ်ရေးဌာန ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံ  နိုင်ငံခြားကုန်သွယ်မှုဌာန အဆိုအရ ယခုနှစ်တွင် စပါး ထုတ်လုပ်မှု နည်းပါးပြီး ကမ္ဘာ့ဆန်ဈေးကွက်ထဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် ယခင်နှစ်ထက် ၁၄.၄ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိသည်။

 

ထိုင်းဆန်တင်ပို့သူများအသင်းနှင့်အတူ နိုင်ငံခြားကုန်သွယ်မှုဌာနက  ခန့်မှန်းထားသည်မှာ ယခုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့နိုင်မည်အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောသည်။

 

၂၀၂၃ ခုနှစ်တွင် ထိုင်းဆန်တင်ပို့မှုမှာ တန်ချိန် ၈ ဒသမ ၇၆ သန်းရှိကြောင်း၊ လျာထားချက် တန်ချိန် ၈ သန်းကို ကျော်လွန်ခဲ့ကြောင်း၊ပို့ကုန်ဆန် တန်ဖိုးစုစုပေါင်း ဘတ် ၁၇၈ ဘီလီယံ (ကန်ဒေါ်လာ ၅.၁၄ ဘီလီယံ) ရှိကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂၀၂၃ ခုနှစ် ထိုင်းဆန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ထက် တန်ချိန်ပမာဏ ၁၃.၆% ပိုများပြီး စုစုပေါင်းတန်ဖိုး ၂၈.၄% ပိုများပါသည်။

ယခုနှစ် ထိုင်းဆန်တင်ပို့မှုကို သုံးသပ်ရာ၌ အယ်လ်နီညိုရာသီဥတုကြောင့် ဆန်ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၅ ဒသမ ၈၇ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိပြီး ကမ္ဘာ့ဆန်ဈေးကွက်တွင် ပြိုင်ဆိုင်မှုနှင့် စိန်ခေါ်မှုများ ရှိနေသည်ကို ထည့်သွင်းစဉ်းစားထားပါသည်။ 

 

ဆန်အတွက် ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် မလေးရှားတို့၌ ဆန်စားသုံးမှု လျော့ကျခြင်းကြောင့်  ဆန်ဝယ်လိုအား ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။ ဈေးန‌ှုန်း ယှဉ်ပြိုင်မှုများ ပြင်းထန်နိုင်ခြေရှိသည်ဟု ၎င်းက ဆိုသည်။

 

 .

၂၀၂၃ ခုနှစ်မှ ဆန်လက်ကျန် များပြားနေသောကြောင့် အင်ဒိုနီးရှားသည် ယခင်နှစ်ကထက် ဆန်ဝယ်ယူမှု နည်းပါးသွားနိုင်သည်။

 

တရုတ်နိုင်ငံသည် ၎င်း၏ ဆန်ထုတ်လုပ်မှုကို တိုးမြှင့်ကာ အဓိက ဆန်တင်သွင်းသူအဖြစ်မှ ပြည်တွင်း စပါးထုတ်လုပ်မှုဖြင့် ဖူလုံသည့် ဆန်ထုတ်လုပ်သူအဖြစ်သို့ ကူးပြောင်းနေခြင်းသည် တရုတ်နိုင်ငံသို့ ထိုင်းဆန်တင်ပို့မှုအပေါ် ထိခိုက်နိုင်သည်။

 

ယခုနှစ်အတွင်းမှာ အိန္ဒိယသည် ဆန်ဖြူတင်ပို့မှု ရပ်ဆိုင်းထားခြင်းကို ရုတ်သိမ်းပြီး ပုဂ္ဂလိက အဖွဲ့အစည်းများ ပုံမှန်ဆန်တင်ပို့မှုကို ပြန်လည်စတင်ခွင့်ပြုနိုင်သည်ဟု မစ္စတာ Ronnarong က ပြောကြားသည်။

 

ထိုသို့ တစ်နှစ်တာအတွက် ထိုင်းဆန်တင်ပို့မှု လျော့ကျမည်ဟု ခန့်မှန်းထားသော်လည်း ယခုနှစ် ဇန်နဝါရီလတွင် ထိုင်းဆန် တန်ချိန် ၁.၁၂ သန်း တင်ပို့ခဲ့သည်။ ယမန်နှစ် ဇန်နဝါရီလထက် ၄၄% ပိုများပါသည်။ 

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 701 times Last modified on Friday, 02 February 2024 18:34
Rate this item
(0 votes)