Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ အစားအစာ ဈေးရောင်းပွဲတော် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ကျင်းပမည်

မြန်မာတိုင်းရင်းသားရိုးရာအစားအစာများကို ခင်းကျင်းရောင်းချမည့် ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ အစားအစာ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၂၂ ရက်

(တန်ဆောင်မုန်းလပြည့်နေ့) တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ကျင်းပမည်ဖြစ် ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရပါတယ်။

 

"ဒီပွဲမှာ မြန်မာတိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရဲ့ ရိုးရာမုန့်တွေကို ခင်းကျင်းရောင်းချမှာပါ။ ဒီနှစ်က ပထမဆုံးအကြိမ်ကျင်းပတာဖြစ် ပါတယ်။ ဒီပွဲမှာ ထူးခြားတာက ၁၂ လရာသီပွဲတော်အလိုက် အစားအစာတွေရှိတယ်။ သင်္ကြန်ဆိုရင်လည်း သင်္ကြန်ထမင်းပေါ့။ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင်လည်း မယ်ဇလီဖူးသုပ်ပေါ့။ မြန်မာ့ရိုးရာအစားအစာမျိုးစုံကို တစ်နေရာတည်းမှာ ၀ယ်ယူစားသုံး နိုင်အောင် အခုလိုကျင်းပရတာဖြစ်ပါတယ် " ဟု ဦးထွန်းဝင်းအောင်က ပြောကြားခဲ့ပါတယ်။

 

အဆိုပါဈေးရောင်းပွဲတော်တွင် လာရောက်ခင်းကျင်းပြသသည့် မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်ခန်းများကို ဆိုင်ခန်းခ အခမဲ့ခင်းကျင်း ပြသခွင့်ပြုထားသော်လည်း ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ခင်းကျင်းထားသည့် ဆိုင်ခန်းများသည် သန့်ရှင်းသပ်ရပ်ပြီး စားသုံးနိုင်ရန်နှင့် အရသာကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ရောင်းချသူများအနေဖြင့် မြန်မာ့ရိုးရာဝတ်စုံများ၊ တိုင်းရင်းသားရိုးရာဝတ်စုံများကို ၀တ်ဆင်ပြီး ရောင်းချရမည်ဖြစ်ကြောင်း သိရပါတယ်။

 

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဖွင့်ချိန်မှာ ပုံမှန်အားဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်သော်လည်း တန်ဆောင်မုန်းလပြည့် နေ့တွင် နံနက် (၆) နာရီမှ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းကဲ့သို့ ဈေးရောင်းပွဲတော် ကျင်းပခြင်းအားဖြင့် မြန်မာ့ရိုးရာအစားအစာများ မတိမ်ကောမပပျောက်ဘဲ ဘေးဥပဒ်ကင်းပြီး အရသာ ကောင်းမွန်သည့် အစားအစာများကို တစ်နေရာတည်းတွင် စားသုံးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(2 votes)