Food & Livestock



ထန်းရည်မှ သကြားထုတ်လုပ်ရန် ကိုရီးယားနိုင်ငံက လာရောက်လေ့လာ

မကွေးနဲ့ နတ်မောက်မြို့နယ်အတွင်း ကျေးရွာ (၃၀) ခန့်က ထန်းတောင်သူများရဲ့ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူပြီး ထန်းရည်က သကြားထုတ်လုပ်ရန် တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက်လေ့လာနေကြောင်း ကြာကန်ကျေးရွာ ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်ထံမှ သိရပါတယ်။


မကွေးမြို့နယ်အတွင်းရှိ ကြိုးကြာကန်၊ ကြည်တလုံး၊ ကြာကန်၊ ပုဂံမျှော် လိပ်ကန်းနဲ့ နတ်မောက်မြို့နယ်က ကျေးရွာများရှိ ထန်းတောင်သူများရဲ့ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Snack Bars မုန့်ဆိုင်ကြီးပေါင်း ၂၂ ခုရှာရန်နှိပ်ပါ။


သြဂုတ်လ (၂၆) ရက်က ထန်းပင်ထန်းတောပေါများတဲ့ မကွေးမြို့နယ်နဲ့ နတ်မောက်မြို့နယ်တို့ရှိ ကျေးရွာတွေဆီ ကိုရီးယားနိုင်ငံက ပညာရှင်များနဲ့ ရန်ကုန်က ကုမ္ပဏီလုပ်ငန်းရှင်များ လာရောက်လေ့လာကြတယ်လို့ ကိုဇော်မင်းထိုက်က ပြောပါတယ်။ ထန်းလျက်ဈေးမကောင်းခြင်း၊ ဝယ်သူနည်းပါးခြင်းတို့ကြောင့် ထန်းတက်တောင်သူ တဖြည်းဖြည်းနည်းပါးလာကြောင်း သိရပါတယ်။

 

“ထန်းသမားတွေ အနေနဲ့ကလည်း ထန်းလျက်ချက်ရတာ ဒုက္ခရောက်လာတယ်။ ထင်းရှားလာတဲ့အတွက် သူတို့မှာ ထင်းကိုဝယ်ပြီးတော့ သုံးရတယ်။ သူတို့ တစ်ရက် တစ်ရက် ထန်းလျက်ချက်လို့ရတဲ့ ဝင်ငွေရဲ့ (၅၀) ရာခိုင်နှုန်းက ထင်းထဲမှာ ပြန်သွားနေတယ်။ ပထမတစ်ချက်က ထင်းသုံးစွဲလာတဲ့အတွက် စိတ်ဝင်စားမှု လျော့လာတယ်။ ဒုတိယတစ်ချက်က မိသားစုအကုန် ဒီထဲမှာပဲ မြှုပ်နှံပြီးလုပ်ရတော့ တခြား ဝင်ငွေရမယ့် အလုပ်လည်း မလုပ်နိုင်တော့ တဖြည်းဖြည်းချင်း ထန်းသမားလျော့လျော့လာတယ်။

 

Supermarkets စုပါမားကတ်ပေါင်း ၁၂၄ ခုရှာရန်နှိပ်ပါ။


ထန်းလျက်ကို စိတ်ဝင်စားမှု၊ ထန်းတက်ဖို့ စိတ်ဝင်စားမှု လျော့နည်းလာတယ်။ သူတို့အခက်အခဲကို အတန်အသင့် ပြေလျော့သွားအောင် သူတို့ဆီက တိုက်ရိုက်အရည်ဝယ်သွားမှာဖြစ်တော့ ထန်းတောင်သူတွေ အလုပ်အကိုင်ရ၊ ဝင်ငွေရနိုင်တယ်။ ထန်းတက်မယ့်သူလည်း များလာမယ်” လို့ ကိုဇော်မင်းထိုက်က ပြောပါတယ်။

 

ထန်းပင်တစ်ပင်ကို ရင်းထောင်၊ ရင်းဆွဲ၊ ကြိုးနဲ့ မြူအိုးများအတွက် အရင်းအနှီး ကျပ် (၅၀၀၀) ခန့် ကုန်ကျပြီး ထန်းလျက်တစ်ပိဿာကို ကျပ် (၁၆၀၀) ဖြင့် ရောင်းချပေမယ့်လည်း ဝယ်ယူသူနည်းပါးကြောင်း သိရပါတယ်။

 

Read More >>>>>>    တရုတ်နိုင်ငံက တစ်သျှူးငှက်ပျောနဲ့ ပိုးအိမ် ဝယ်ယူဖို့ ကမ်းလှမ်းထား

 

Source: The Farmer Myanmar

Read times Last modified on Friday, 06 September 2019 13:57
Rate this item
(1 Vote)