Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းခတ်အမွှေးအကြိုင်များ၏ အကျိုးကျေးဇူးများ

မိုးရာသီရောက်တိုင်း လူအချို့  မကြာခဏ မိုးနှင့်အတူ ဖျားနာခြင်းကို ယူဆောင်လာလေ့ရှိပါတယ်။ ထို့ကြောင့်လည်း မိုးရာသီကို တုပ်ကွးရာသီလို့လဲ လူသိများကြပါတယ်။

မိုးရာသီမှာ တုပ်ကွေးရောဂါမဖြစ်ပွားရအောင် ကုသခြင်းထက်ကောင်းအောင် ကြိုတင်ကာကွယ်ခြင်းကို သိထားဖို့ လိုအပ်ပါတယ်။

 

အောက်တွင် ဟင်းခတ်အမွှေးအကြိုင်များ၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

 

လေးညှင်း

လေးညှင်းက အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းတို့ကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ထိရောက်သော အာနိသင်ရှိပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်က အနံ့စူးရှပြီး ထူးခြားတဲ့အရသာရှိပါတယ်။ အန်တီအောက်စီတန့်အစွမ်းသတ္တိများ ပါဝင်ပါတယ်။

 

သစ်ကြံပိုးခေါက်

အချိုကြိုက်တဲ့သူများအတွက် အဆင်ပြေစေတဲ့ အရာကတော့ သစ်ကြံပိုးခေါက်ဖြစ်ပါတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ရနံ့နှင့် အရသာလည်းရှိပါတယ်။

ဟင်းချက်ရာတွင် ထည့်ပြီး သရေစာအဖြစ် စားသုံးလို့ရပါတယ်။ သစ်ကြံပိုးခေါက်က ကုသပေးနိုင်တဲ့ အစွမ်းသတ္တိရှိသလို ဝိတ်ချချင်တဲ့သူများအတွက်လည်း ဝိတ်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

 

 

ငရုတ်ကောင်းမှုန့်

ငရုတ်ကောင်းမှုန့်က အာဟာရဓာတ်ပါဝင်ပြီး ကျန်းမာရေးကောင်းစေပါတယ်။ ဖော့စဖရတ်အက်ဆစ်၊ မဂ္ဂနီဆီယံ၊ ကာရိုတင်း၊ ဆီလီနီယံနှင့် ဗီတာမင်ကေ ဓာတ်များပါဝင်ပါတယ်။ ထို့အပြင် အန်တီအောက်စီဒန့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

 

နနွင်းမှုန့်

နနွင်းမှုန့်ကလဲ တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွေးအကြိုင်ဖြစ်ပါတယ်။ ဒါကတော့ ဟင်းခတ်အမွေးအကြိုင်ထဲမှာတော့ ရောဂါတော်တော်များများဖြစ်ပွားမှုကို ကာကွယ်နိုင်တဲ့ အရာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နနွင်းမှုန့်ကို ဆေးများနှင့် အလှအပရေးရာကုသခြင်းများတွင်လဲ အများဆုံး အသုံးပြုကြပါတယ်။

 

 


Source: Mingalarbar Morning

Read times Last modified on Tuesday, 18 September 2018 11:36
Rate this item
(8 votes)