Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြောင်လျှာသီးရဲ့ အကျိုးကျေးဇူးများ

ကြောင်လျှာသီးက ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အသီး၊ အညွှန့်၊ ပန်းပွင့်တွေကအစ စားသုံးလို့ရပါတယ်။

 

ပျော့ပျော့ပြောင်းပြောင်းနဲ့ အနည်းငယ် ခါးသက်သက် အရသာ ရှိတာကြောင့် အရသာရှိတဲ့ ဟင်းလျာအဖြစ် ချက်ပြုတ်စားနိုင်သလို ကျန်းမာရေး အာနိသင်တွေလည်း အများကြီးရှိပါတယ်။


ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

 

ကြောင်လျှာသီးမှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ HL-60 ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

 

Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ခြင်း

 

ကြောင်လျှာသီးက ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။


ရောင်ရမ်းတာကို လျော့ကျနိုင်ခြင်း

 

ကြောင်လျှာသီးမှာပါဝင်တဲ့ ဓာတ်တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ရောင်ရမ်းတာတွေကို လျော့ကျစေကြောင်းတွေ့ရှိရပါတယ်။ ခြေထောက်ရောင်နေတဲ့ ကြွက်တွေကို ကြောင်လျှာသီးကနေထုတ်ယူထားတဲ့ ဓာတ်တွေနဲ့စမ်းသပ်ကြည့်ရာ ၅ နာရီအတွင်း ရောင်ရမ်းတာတွေ လျော့ကျလာကြောင်းတွေ့ရှိရပါတယ်။

 

အသားအရေ ကျန်းမာရေးနဲ့ အမြင်စွမ်းအားကောင်းခြင်း

 

Antioxdiants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အရေးအကြောင်းတွေကို လျော့ကျစေကာ အသားအရေ ကြည်လင်တောက်ပလာပါတယ်။ အဲ့ဒီအပြင် အမြင်စွမ်းအားကိုလည်းကောင်းစေပါတယ်။

 

အစာခြေစနစ်ကောင်ခြင်း

 

ကြောင်လျှာသီးက မူးဝေအော့အန်တာကို သက်သာစေပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။ အဲ့ဒီအပြင် လည်ပင်းနာ၊ ချောင်းဆိုးတာတွေကိုလည်းသက်သာ ပျောက်ကင်းစေပါတယ်။

 

Read times Last modified on Monday, 03 December 2018 09:46
Rate this item
(1 Vote)