Food & Health
ဥအမျိုးမျိုးတို့မှ ရရှိတဲ့ အကျိုးကျေးဇူးများ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်ဥ၊ ငုံးဥ၊ ငှက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာ ထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။
ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။
ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။
Read More >>>>> မြင်းခွာရွက်၏ အကျိုးကျေးဇူးများ
ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင့်အမျှ လျှော့နည်းလာတဲ့ မျက်စိအားနည်းလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးခဲမှုနှင့် လေဖြတ်ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Credit: phothutaw



