Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တွင် Online Booking လျှောက်ရာတွင် လိုအပ်သောအချက်များ

Unicode


အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တွင် Online Booking လျှောက်ရာတွင် လိုအပ်သောအချက်များ


၁။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အလှကုန်နှင့် ဆေးပစ္စည်းများအတွက် ထောက်ခံချက်လျှောက်ထားမှုအရေအတွက်မှာ များပြားလာသဖြင့်အချိန်ကြာမြင့်ခြင်းနှင့် လူများအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းစသည့် အခက်အခဲများကို ကြုံတွေ့ခဲ့ရပါသည်။ အဆိုပါအခက်အခဲများ လျော့နည်းစေရန်အတွက်

ထောက်ခံချက်လျှောက်ထားမှုများကို ကြိုတင်စာရင်းသွင်း မှတ်သားသည့်စနစ် (Online Booking System) ကို (၁၄.၁.၂၀၁၉) ရက်၊ တနင်္လာနေ့မှစတင်၍ ကျင့်သုံးသွားပါမည်။

 

၂။ ရက်ချိန်းရယူလိုသည့် လုပ်ငန်းရှင်များသည် (၁၀.၁.၂၀၁၉) ရက်၊ ကြာသပတေးနေ့မှစတင်၍ လာ ရောက်ဆောင်ရွက်ရမည့်ရက်ကို Online Booking စနစ်ဖြင့် စတင်ဆောင်ရွက်သွားနိုင်ပါသည်။

 

၃။ Online Booking System အား အလှကုန်ပစ္စည်းနှင့် ဆေးပစ္စည်းများသာ စတင်ဆောင်ရွက်ပါမည်။ အခြားထောက်ခံချက်လျှောက်ထားမှုများသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်း ဆောင်ရွက် နိုင်ပါသည်။

 

Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။

 

၄။ ရက်ချိန်းရယူသည့် လုပ်ငန်းရှင်များသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်-

      (က)  ယူထားသည့် Items အရေအတွက် အတိအကျဖြင့် လာရောက်ရမည်။

     (ခ)  ရက်ချိန်းနေ့တွင် လာရောက်ခြင်းမရှိပါက (သို့မဟုတ်) ရယူထားသည့် Items အရေအတွက် အတိုင်းမဟုတ်ပါက (၁) လ အထိ ရက်ချိန်းလျှောက်ထားခြင်းကို ပိတ်ပင်ပါမည်။

     (ဂ)  ယူထားသည့် ကုမ္ပဏီမှလွဲ၍ အခြားကုမ္ပဏီဖြင့် လာရောက်အစားထိုးလျှောက်ထားခြင်းကို လက်မခံပါ။

    (ဃ)  သတ်မှတ်လာရောက်ရမည့် အချိန်ထက် ကျော်လွန် ရောက်ရှိပါက ရက်ချိန်းစာရင်းမှ အလိုအလျောက် ပယ်ဖျက်ပါမည်။

     (င)  သတ်မှတ်လာရောက်ရမည့် အချိန်ထက် မိနစ် ၃၀ ကြိုရောက်ရန်နှင့် ရောက်ရှိပါက အကြောင်းကြားရန်။

     (စ) Cancellation ကိုတစ်ပတ်ကြိုတင် လျှောက်ထားရန်။

 

၅။ လာရောက်ဆောင်ရွက်မည့်နေ့တွင် အောက်ပါအချက်များကို ယူဆောင်လာရမည် ဖြစ်ပါသည်-

အလှကုန်ပစ္စည်းမှတ်တမ်းတင်ခွင့်လျှောက်ထားမှုအတွက် လာရောက်ဆောင်ရွက်မည့်နေ့တွင် ယူဆောင်လာရမည့်အချက်များ

     (၁)  အလှကုန်ပစ္စည်းပိုင်ရှင် သို့မဟုတ် ထုတ်လုပ်သူထံမှ တရားဝင်ကိုယ်စားလှယ် ဖြစ်ကြောင်းထောက်ခံချက်။

     (၂)  ပြည်တွင်းကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မူရင်း နှင့် မိတ္တူ။

     (၃)  မူလထုတ်လုပ်သောနိုင်ငံ သို့မဟုတ် အာဆီယံနိုင်ငံများတွင် အလှကုန်ပစ္စည်းမှတ်တမ်းတင်ထားပြီးကြောင်း အသိအမှတ်ပြုလွှာ။ (ရှိပါက)

     (၄)  ပါဝင်ပစ္စည်းစာရင်းအပြည့်အစုံနှင့် ကန့်သတ်ထားသောပါဝင်ပစ္စည်းများ၏ ပါဝင်မှု အချိုးအစား ရာခိုင်နှုန်းများ (၂) စုံ။

     (၅)  အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်ဖော်ပြချက်အပြည့်အစုံ မူရင်း (၂) စုံ (ပြင်ပထုပ်ပိုးမှုပစ္စည်း နှင့် မူလထည့်သွင်း ထုပ်ပိုးထားသော ပစ္စည်း)

     (၆) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) (Phone or Tablet or Notebook) တစ်ခုခုဖြင့်ပြပေးနိုင်သည့် လက်ခံရရှိထားသည့်အထောက်အထား။

     (၇) Applicant ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ။ (မှတ်ချက်။ အလှကုန်ပစ္စည်းထုတ်လုပ်ခြင်းလျှောက်ထားသူများအတွက် လိုအပ်ချက်အသေးစိတ်အချက်လက်များအား FDA Webpage တွင် လေ့လာကြည့်ရှု၍ ယူဆောင်လာရမည်ဖြစ်ပါသည်။)

 

Read More >>>>>  ပူစီနံရြက္၏ အက်ဳိးေက်းဇူးမ်ား

 

ဆေးပစ္စည်းတင်သွင်းခွင့်လျှောက်ထားမှုအတွက် လာရောက်ဆောင်ရွက်မည့်နေ့တွင် ယူဆောင်လာရမည့်အချက်များ

     (၁)  ဆေးပစ္စည်း၏ မူလပိုင်ရှင် (သို့မဟုတ်) ထုတ်လုပ်သူထံမှ တရားဝင်ကိုယ်စားလှယ်လွှဲစာ၊ (Letter of Authorization)

     (၂)  လျှောက်ထားသည့် ဆေးပစ္စည်းနှင့် ပတ်သက်သည့် အချက်အလက်များ (Product Information)

     (၃)  ဆေးပစ္စည်း၏ အမှတ်တံဆိပ်ဖော်ပြချက် (Labelling Information)

     (၄) Quality Management System ISO – 13485 Certificate

     (၅) Declaration of Conformity

     (၆) ပြည်တွင်းကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူ

     (၇) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) (Phone or Tablet or Notebook) တစ်ခုခုဖြင့်ပြပေးနိုင်သည့် လက်ခံရရှိထားသည့်အထောက်အထား

      (၈) Applicant ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ။ (မှတ်ချက်။ ဆေးပစ္စည်း၏ အမျိုးအစားသတ်မှတ်ချက်အရ တင်ပြရမည့်စာရွက်စာတမ်းများကွဲလွဲမှုရှိပါသဖြင့် အသေးစိတ် လိုအပ်ချက်များအား FDA Webpage တွင် လေ့လာကြည့်ရှုနိုင်ပါသည်။)

 

Myanmar Food Industrial Directory

 

 

 

အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA)တြင္ Online Booking ေလွ်ာက္ရာတြင္ လိုအပ္ေသာအခ်က္မ်ား

 

၁။ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ အလွကုန္ႏွင့္ ေဆးပစၥည္းမ်ားအတြက္ ေထာက္ခံခ်က္ေလၽွာက္ထားမႈအေရအတြက္မွာ မ်ားျပားလာသျဖင့္အခ်ိန္ၾကာျမင့္ျခင္းႏွင့္ လူမ်ားအခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းေနရျခင္းစသည့္ အခက္အခဲမ်ားကို ႀကဳံေတြ႕ခဲ့ရပါသည္။ အဆိုပါအခက္အခဲမ်ား ေလ်ာ့နည္းေစရန္အတြက္

ေထာက္ခံခ်က္ေလၽွာက္ထားမႈမ်ားကို ႀကိဳတင္စာရင္းသြင္း မွတ္သားသည့္စနစ္ (Online Booking System) ကို (၁၄.၁.၂၀၁၉) ရက္၊ တနလၤာေန႔မွစတင္၍ က်င့္သုံးသြားပါမည္။

 

၂။ ရက္ခ်ိန္းရယူလိုသည့္ လုပ္ငန္းရွင္မ်ားသည္ (၁၀.၁.၂၀၁၉) ရက္၊ ၾကာသပေတးေန႔မွစတင္၍ လာ ေရာက္ေဆာင္ရြက္ရမည့္ရက္ကို Online Booking စနစ္ျဖင့္ စတင္ေဆာင္ရြက္သြားနိုင္ပါသည္။

 

၃။ Online Booking System အား အလွကုန္ပစၥည္းႏွင့္ ေဆးပစၥည္းမ်ားသာ စတင္ေဆာင္ရြက္ပါမည္။ အျခားေထာက္ခံခ်က္ေလၽွာက္ထားမႈမ်ားသည္ Online Booking ရယူရန္မလိုဘဲ ယခင္အတိုင္း ေဆာင္ရြက္ နိုင္ပါသည္။

 

Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။

 

၄။ ရက္ခ်ိန္းရယူသည့္ လုပ္ငန္းရွင္မ်ားသည္ ေအာက္ပါစည္းကမ္းခ်က္မ်ားကို လိုက္နာေဆာင္ရြက္ရမည္ ျဖစ္ပါသည္-

 

      (က)  ယူထားသည့္ Items အေရအတြက္ အတိအက်ျဖင့္ လာေရာက္ရမည္။

 

     (ခ)  ရက္ခ်ိန္းေန႔တြင္ လာေရာက္ျခင္းမရွိပါက (သို႔မဟုတ္) ရယူထားသည့္ Items အေရအတြက္ အတိုင္းမဟုတ္ပါက (၁) လ အထိ ရက္ခ်ိန္းေလၽွာက္ထားျခင္းကို ပိတ္ပင္ပါမည္။

 

     (ဂ)  ယူထားသည့္ ကုမၸဏီမွလြဲ၍ အျခားကုမၸဏီျဖင့္ လာေရာက္အစားထိုးေလၽွာက္ထားျခင္းကို လက္မခံပါ။

 

    (ဃ)  သတ္မွတ္လာေရာက္ရမည့္ အခ်ိန္ထက္ ေက်ာ္လြန္ ေရာက္ရွိပါက ရက္ခ်ိန္းစာရင္းမွ အလိုအေလ်ာက္ ပယ္ဖ်က္ပါမည္။

 

     (င)  သတ္မွတ္လာေရာက္ရမည့္ အခ်ိန္ထက္ မိနစ္ ၃၀ ႀကိဳေရာက္ရန္ႏွင့္ ေရာက္ရွိပါက အေၾကာင္းၾကားရန္။

 

     (စ) Cancellation ကိုတစ္ပတ္ႀကိဳတင္ ေလၽွာက္ထားရန္။

 

၅။ လာေရာက္ေဆာင္ရြက္မည့္ေန႔တြင္ ေအာက္ပါအခ်က္မ်ားကို ယူေဆာင္လာရမည္ ျဖစ္ပါသည္-

 

အလွကုန္ပစၥည္းမွတ္တမ္းတင္ခြင့္ေလၽွာက္ထားမႈအတြက္ လာေရာက္ေဆာင္ရြက္မည့္ေန႔တြင္ ယူေဆာင္လာရမည့္အခ်က္မ်ား

 

     (၁)  အလွကုန္ပစၥည္းပိုင္ရွင္ သို႔မဟုတ္ ထုတ္လုပ္သူထံမွ တရားဝင္ကိုယ္စားလွယ္ ျဖစ္ေၾကာင္းေထာက္ခံခ်က္။

 

     (၂)  ျပည္တြင္းကုမၸဏီ၏ စီးပြားေရးလုပ္ငန္းလိုင္စင္ သို႔မဟုတ္ ကုမၸဏီမွတ္ပုံတင္လက္မွတ္ မူရင္း ႏွင့္ မိတၱဴ။

 

     (၃)  မူလထုတ္လုပ္ေသာနိုင္ငံ သို႔မဟုတ္ အာဆီယံနိုင္ငံမ်ားတြင္ အလွကုန္ပစၥည္းမွတ္တမ္းတင္ထားၿပီးေၾကာင္း အသိအမွတ္ျပဳလႊာ။ (ရွိပါက)

 

     (၄)  ပါဝင္ပစၥည္းစာရင္းအျပည့္အစုံႏွင့္ ကန႔္သတ္ထားေသာပါဝင္ပစၥည္းမ်ား၏ ပါဝင္မႈ အခ်ိဳးအစား ရာခိုင္ႏႈန္းမ်ား (၂) စုံ။

 

     (၅)  အလွကုန္ပစၥည္း၏ အမွတ္တံဆိပ္ေဖာ္ျပခ်က္အျပည့္အစုံ မူရင္း (၂) စုံ (ျပင္ပထုပ္ပိုးမႈပစၥည္း ႏွင့္ မူလထည့္သြင္း ထုပ္ပိုးထားေသာ ပစၥည္း)

 

     (၆) QR Code ပါသည့္ Appointment Letter Printout စာရြက္ (သို႔) (Phone or Tablet or Notebook) တစ္ခုခုျဖင့္ျပေပးနိုင္သည့္ လက္ခံရရွိထားသည့္အေထာက္အထား။

 

     (၇) Applicant ၏ မွတ္ပုံတင္ မူရင္းႏွင့္ မိတၱဴ။ (မွတ္ခ်က္။ အလွကုန္ပစၥည္းထုတ္လုပ္ျခင္းေလၽွာက္ထားသူမ်ားအတြက္ လိုအပ္ခ်က္အေသးစိတ္အခ်က္လက္မ်ားအား FDA Webpage တြင္ ေလ့လာၾကည့္ရႈ၍ ယူေဆာင္လာရမည္ျဖစ္ပါသည္။)

 

Read More >>>>>  ပူစီနံရြက္၏ အက်ဳိးေက်းဇူးမ်ား

 

ေဆးပစၥည္းတင္သြင္းခြင့္ေလၽွာက္ထားမႈအတြက္ လာေရာက္ေဆာင္ရြက္မည့္ေန႔တြင္ ယူေဆာင္လာရမည့္အခ်က္မ်ား

 

     (၁)  ေဆးပစၥည္း၏ မူလပိုင္ရွင္ (သို႔မဟုတ္) ထုတ္လုပ္သူထံမွ တရားဝင္ကိုယ္စားလွယ္လႊဲစာ၊ (Letter of Authorization)

 

     (၂)  ေလၽွာက္ထားသည့္ ေဆးပစၥည္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား (Product Information)

 

     (၃)  ေဆးပစၥည္း၏ အမွတ္တံဆိပ္ေဖာ္ျပခ်က္ (Labelling Information)

 

     (၄) Quality Management System ISO – 13485 Certificate

 

     (၅) Declaration of Conformity

 

     (၆) ျပည္တြင္းကုမၸဏီ၏ မွတ္ပုံတင္လက္မွတ္မူရင္းႏွင့္ မိတၱဴ

 

     (၇) QR Code ပါသည့္ Appointment Letter Printout စာရြက္ (သို႔) (Phone or Tablet or Notebook) တစ္ခုခုျဖင့္ျပေပးနိုင္သည့္ လက္ခံရရွိထားသည့္အေထာက္အထား

 

      (၈) Applicant ၏ မွတ္ပုံတင္ မူရင္းႏွင့္ မိတၱဴ။ (မွတ္ခ်က္။ ေဆးပစၥည္း၏ အမ်ိဳးအစားသတ္မွတ္ခ်က္အရ တင္ျပရမည့္စာရြက္စာတမ္းမ်ားကြဲလြဲမႈရွိပါသျဖင့္ အေသးစိတ္ လိုအပ္ခ်က္မ်ားအား FDA Webpage တြင္ ေလ့လာၾကည့္ရႈနိုင္ပါသည္။)

 

 

Myanmar Food Industrial Directory

Read times Last modified on Saturday, 22 February 2020 13:51
Rate this item
(1 Vote)