Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ယူရစ်အက်စစ် လျှော့နည်းစေသည့် အစားအစာများ

ယူရစ်အက်စစ်တွေ ခန္ဓာကိုယ်သွေးအတွင်းများနေခဲ့လျှင် အရိုးအဆစ်လေးများနာကျင်နေတတ်ပါသည်။ အဆစ်နာကျင်စေသည့် ရောဂါတစ်မျိုး ဂေါက် ရောဂါဟု သတ်မှတ်ပါသည်။

 

တစ်ခါတစ်ရံတွင် လက်အဆစ်ခြေအဆစ်လေးများ တစ်နေရာလောက်နာကျင်ဖြစ်တတ်ပါတယ်။ အဲလိုနာကျင်လို့များ အဆစ်နာဂေါက် Gout ရောဂါဖြစ်နေသလားလို့ မထင်စေချင်ပါဘူး။ မိမိစားသုံးသည့် အစားအစာများ၊ ဥတုအအေးများခြင်း၊ ထိမိခိုက်မိခြင်းတို့ကြောင်းလည်း နာကျင်တတ်ပါသည်။

 

အဆစ်တွေနာကျင်ခဲ့လျှင် နာကျင်စေသည့် Uric acid သွေးအတွင်းမှ လျှော့နည်းစေသည့် အစာအစားများ စားသင့်ပါသည်။ အစားလည်းဆေး ဆေးလည်းအစာဖြင့် စားသုံးသင့်ပါသည်။

 

မုန်လာဥနီ, သခွားသီးနှင့် beetroot အစရှိသည့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်များသည် ယူရစ်အက်ဆစ်ပါဝင်မှုနှုန်းကို ထိန်းချုပ်နိုင်သည့် ထိရောက်သော အိမ်သုံးဆေးတစ်လက်အဖြစ်အသုံးပြုနိုင်ပါသည်။

 

Read More >>>>>   သရက်သီးအခွံပါစားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

 

ငှက်ပျောသီးသည် အစားအစာများအတွင်းမှ ပိုလျှံယူရစ်အက်ဆစ်အဆင့်ဆင့် လျှော့ချဖို့အတွက် အကျိုးများစေသည်။

 

ပန်းသီးစားခြင်းနှင့်ဖျော်ရည်သည် အက်ဆစ်ဓာတ်များခြင်းကို လျှော့နည်းစေသည်။

 

အဆီနည်းသည့်နို့ထွက်ကုန်အစားအစာများပါ စားနိုင်သလို Omega-3 ဖက်တီးအက်ဆစ်ကြွယ်ဝသော အစားအစာများစားပေးပါ။

 

မိမိတို့ ချက်ပြုတ်စားသုံးသည့်ဟင်းတွင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး၊ နနွင်းနှင့်ချင်း ပါဝင်ချက်ပြုတ်ပါ။


ပြီးလျှင် စပျစ်သီး၊ ရွှေဖရုံသီး၊ ဇီးဖြူသီး၊ သရက်သီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် အစရှိသည့်တို့အပြင် Antioxidant ဓါတ်တိုးကြွယ်ဝတဲ့ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကိုစားပါ။

 

ရေသောက်မနည်းသင့်ပါ။ ရေသည် ခန္ဓာကိုယ်ထဲမှာယူရစ်အက်ဆစ်ပါဝင်မှုနှုန်းကို ထိန်းညှိပေးနိုင်ပြီး တစ်နေ့တာအတွက် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကိုဖယ်ရှား လျော့နည်းစေသည်။

 

ပန်းဂေါ်ဖီစိမ်း၊ ရွှေဖရုံသီး၊ သစ်တော်သီး၊ သခွားသီး၊ blueberries၊ ပန်းသီး၊ လိမ္မော်သီးစသည့် ဖိုင်ဘာကြွယ်ဝသော အစားအစာများသည် ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်ဆစ်များ စုပ်ယူမှု့နှင့်အတူလျှော့နည်းစေပါသည်။

 

နီမြန်းသောအသားများနှင့် ကိုယ်တွင်းကလီစာအသားများ စားသောက်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါသည်။

 

Source: Mg Mandalay facebook

Read times Last modified on Friday, 19 April 2019 11:15
Rate this item
(1 Vote)