Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် သီးစုံပဲကုလားဟင်း

သီးစုံပဲကုလားဟင်းကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြပါတယ်။ ငါးပိကြော်လေးနဲ့ တွဲဖက်စားလိုက်ရင်ဖြင့် အလွန်ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်ဖြစ်ပါတယ်။  ထို့ကြောင့် အောက်တွင် စာဖတ်ပရိသတ်များအတွက် ရည်ရွယ်ပြီး သီးစုံပဲကုလားဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်တဲ့ပစ္စည်းများကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ချင်း၊ ပျဉ်းတော်သိမ်ရွက်၊ မဆလာ၊ ဇီယာ၊ အာလူး၊ ဘူးသီး၊ ပဲသီး၊ ဒန့်ဒလွန်သီး၊ ရွှေဖရုံသီး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ မန်ကျည်းသီး၊ ကုလားပဲ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကုလားပဲကို ရေဆေးပြီး နူးသည်အထိ ပြုတ်ပါ။

 

ပြီးလျှင် ပဲများ ကြေသွားသည် အထိ ပြုတ်ပါ။ ပဲများ မကြေပါက ပဲများကို ဆယ်ထုတ်၍ ကြေအောင် ထောင်းလိုက်ပါ။

 

Read More >>>>>  အိန္ဒိယကို ပဲစတင်တင်ပို့နေပြီး ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ကောင်း

 

ပြီးနောက် ညက်နေသော ပဲအနှစ်များကို ခွက်တစ်ခုထဲကို သပ်သပ် ခပ်ထည့်ထားပါ။

 

ပြီးလျှင်  ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို အခွံနွှာ လှီးဖြတ်၍ ဆီသတ်ပြီး ကျက်လာလျှင် ငရုတ်သီး အစိမ်းမှုန့် ထည့်ပါ။

 

ပြီးနောက် ထောင်းထားတဲ့ချင်း၊ ပျဉ်းတော်သိမ်း၊ မဆလာ၊ ဇီယာထည့်၍ အနံ့မွှေးပြီး ရွလာသည်အထိ ဆီသတ်ပါ။

 

ပြီးလျှင် အခွံနွှာ ရေဆေး လှီးဖြတ်ထားတဲ့ အာလူး၊ ဘူးသီး၊ ပဲသီး၊ ဒန့်ဒလွန်သီး နှင့် ရွှေဖရုံသီး တို့ကို ရေစင်အောင် ဆေးပြီး ဆီသတ်ထားတဲ့ အိုးထဲသို့ ထည့်ပါ။ ပြီးတော့မှ ခရမ်းသီး၊ ပန်းဂေါ်ဖီ ထည့်ပါ။

 

ပြီးနောက် ပဲအနှစ်များ ထည့်ပါ။ ပြီးလျှင် ရေနွေး ထည့်ပေးပြီး မွှေပါ။

 

ပြီးရင်တော့ ဟင်းခတ်မှုန့်၊ ဆား အစရှိသဖြင့် အရသာ အပေါ့အငန်ကြည့်ပြီးထည့်ပါ။


ပြီးလျှင် ဆယ်မိနစ်ခန့်ထားပြီး အိုး ပွက်ပွက်ဆူလာလျှင် ရုံးပတီသီး၊ ငရုတ်သီးစိမ်းကိုတစ်ခြမ်းခွဲ ထည့်ပြီး အရသာမြည်းကြည့်ပါ။

 

ပြီးနောက် မန်ကျည်းရည် အနည်းငယ်ထည့်ပြီး မိမိကြိုက်နှစ်သက်သလို အရသာရအောင်ပြင်ဆင်ပါ။

 

ငါးမိနစ်ခန့်ကြာရင်တော့ မီးဖိုခလုတ်ပိတ်လို့ ရပါပြီ။


ကျက်ပြီဆိုရင်တော့ အနံ့အရသာနှင့် ပြည့်စုံလှတဲ့ သီးစုံပဲကုလားဟင်းကို ငါးပိကြော်လေး၊ ထမင်းပူပူလေးနဲ့  မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

 

 

Read times Last modified on Tuesday, 18 June 2019 14:41
Rate this item
(3 votes)