Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရန် အထက်ပိုင်းဒေသမှ တိုက်ရိုက်ရောင်းချမှုများရှိလာ

ပြည်ပသို့  သင်္ဘောဖြင့် ဆန်တင်ပို့နိုင်ရန် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ဆန်တိုက်ရိုက် ရောင်းချမှုများ ရှိလာသောကြောင့် ဆန်အဝင်များကာ ဈေးကွက်အေးနေကြောင်း   မြန်မာနိုင်ငံ   ဆန်စပါးကုန်သည်များအသင်း(ဘုရင့်နောင်) အတွင်းရေးမှူး  ဦးသန်းဦး၏ ပြောဆိုချက် အရ သိရသည်။

 

လတ်တလောတွင်   မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တို့မှ ဆန်တိုက်ရိုက် ရောင်းချမှုများ ရှိနေကြောင်း  သိရသည်။

 

" အခုက ကုန်စည်ဒိုင်ကို ဝင်တာ နည်းနေတယ်။ နယ်ကပို့တဲ့ ကုန်သည်တွေက ဂိုဒေါင်ကို  တိုက်ရိုက်ပို့တာ များနေတယ်။ စာရင်းအတိအကျတော့ မသိရပေမယ့် ဂိုဒေါင်တွေမှာ တန်းစီပြီးချနေတာကို တွေ့ရတယ်" ဟု ဦးသန်းဦး ကပြောသည်။

 

လက်ရှိတွင်  ပြည်ပသို့ သင်္ဘောဖြင့် တင်ပို့မှုများ ရှိနေသော်လည်း မိုးရွာသွန်းမှုများကြောင့် သင်္ဘောတင်ရာတွင်  အခက်အခဲများ ရှိကြောင်း  သိရသည်။

 

Read More >>>>>  ပြည်တွင်းစားသုံးတဲ့ ပေါ်ဆန်း ဆန်များ (၁၈) ရာခိုင်နှုန်းခန့် ဈေးမြင့်နေ

 

" သင်္ဘောနဲ့တော့  တောက်လျှောက် တင်နေတယ်။ ဒါပေမဲ့ မိုးရွာနေတော့ နည်းနည်း အခက်အခဲရှိတယ်။သင်္ဘောနဲ့တင်ဖို့  လုပ်ထားတာတွေက စက်ထဲမှာပြည့်နေတယ်။ မိုးတွေရွာတော့ ချမရဘူး။ ချမရတော့ နေရာမရှိဘဲ ထပ်ရောက် လာတဲ့ ဆန်တွေချဖို့    ကားတွေ တန်းစီနေတယ် " ဟု ဦးသန်းဦးကပြောသည်။

 

ရန်ကုန်ဈေးကွက်သို့ ဇူလိုင် ၂ ရက်တွင် ဆန်အိတ်ရေ ကိုးသောင်းဝန်းကျင်အထိ ဝင်ရောက်သော်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့   ဆန်အိတ်ရေ လေးသောင်းဝန်းကျင်သာ ဝင်ရောက်ကြောင်း၊ လတ်တလောတွင် ဈေးကွက်အတွင်း  အရောင်းအဝယ် အေးလျက်ရှိပြီး ပင်လယ်ရေကြောင်းကိုသာ  အဓိကတင်ပို့နေသည့် အတွက်  ဈေးချဝယ်ယူနေခြင်း ဖြစ်ကာ ရောင်းချခဲ့သည့် ဈေးနှုန်းနှင့်လည်း တွက်ခြေ မကိုက်ကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Friday, 05 July 2019 13:59
Rate this item
(1 Vote)