Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စိတ်ကြိုက်မစားဘဲ ရှောင်သင့်တဲ့ အစားအစာများ

သင့်ရဲ့ သွေးလွတ်ကြောတွေကို ကျန်းမာစေခြင်းတယ်ဆိုရင် ဒီလိုအစားအစာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။  သွေးလွတ်ကြောများ ကျန်းမာဖို့အတွက် အစားအသောက်ဟာ အရေးကြီးတဲ့ အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

 

သင့်တင့်တဲ့ အစားအသောက်တွေကို စားသုံးခြင်း မရှိဘူးဆိုရင် သွေးလွတ်ကြောတွေမှာ အနည်ထိုင်ခြင်း၊ သွေးလွတ်ကြောနံရံတွေမှာ အဆီများခြင်း၊ သွေးလွတ်ကြောကျဉ်းခြင်းနဲ့ နှလုံးသွေးမလျောက်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

 

Tea Leaves Warehouses လက်ဖက်ရွက်ကုန်လှောင်ရုံပေါင်း ၄၃ ခုကိုရှာရန်နှိပ်ပါ။


ဒီလိုတွေ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် သင့်ရဲ့ နှလုံးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို အစားသောက်တွေကို အတိုင်းအတာတစ်ခုအထိ စားသုံးသင့်ပြီး ယင်း အစားအသောက်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် သတိပြု စားသုံးသင့်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

Read More >>>>>  ကြာစေ့စားရင်ရရှိမယ့် အကျိုးကျေးဇူးများ

 

အနီရောင် အသားများ

အနီရောင်အသားများ စားသုံးမှုများခြင်း၊ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ လူတိုင်းသိရှိပြီးသား ဖြစ်ပါတယ်။ အနီရောင်အသားတွေကို ချက်ပြုတ်စားသုံးခြင်းပြုလုပ်တဲ့အခါ မနူးခြင်း၊ အသားမကျက်ခြင်း၊ မကျက်တကျက် စားသုံးခြင်းတွေက နှလုံးကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

 

Beans & Pulse Warehouses ပဲနှင့်ပဲဆံအမျိုးမျိုး သိုလှောင်ရုံပေါင်း ၄၇၂ ခုကိုရှာရန်နှိပ်ပါ။


လေ့လာတွေ့ရှိချက်အရ အနီရောင်အသားတွေကို အလွန်အကျွံစားသုံးမယ်ဆိုရင် Trimethylamine N-oxide ကို မြင့်မားစေပါတယ်။ ၎င်းအပြင် Trimethylamine N-oxide မြင့်မားခြင်းက နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ အခြားလေ့လာတွေ့ရှိချက်အရ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ဟာဆိုရင် အနီရောင်အသား စားသုံးခြင်းနဲ့ စပ်ဆက်နေလို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

အေးခဲနေသော အစားအစာ

TV လေးကြည့်ရင်း အလွယ်စားသုံးလေ့ရှိတဲ့ အစားအသောက်တွေဟာဆိုရင် သင့်အတွက် အဆင်ပြေလွယ်ကူတယ်ဆိုမယ့် များသောအားဖြင့် အေးခဲနေတဲ့ အစားသောက်တွေမှာ ကယ်လိုရီတွေကို လျော့ကျစေပြီး ဆိုဒီယမ် (Sodium - အငံဓာတ်)ပါဝင်မှုနှုန်းမြင့်မာစေပါတယ်။ ဒါ့အပြင် လူတစ်ယောက်အနေဖြင့် တစ်နေ့ကို ဆိုဒီယမ် ၂,၀၀၀၀ mg လောက်သာ စားသုံးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့ ဟင်းတစ်မယ်တွင် ဆိုဒီယမ် ပါဝင်မှုနှုန်း တစ်ဝက်နီးပါးကို ရရှိပြီးသား ဖြစ်တဲ့အတွက် အေးခဲတဲ့အစား အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ဖို့ လိုပါတယ်။

 

ကော်ဖီ ခရမ်မာ

ဟိုတယ် နဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေမှာ အသုံးများတဲ့ ကော်ဖီ ခရမ်မာမှာဆိုရင် ဟိုက်ဒရိုဂျင်ကို ထုတ်ပေးတဲ့အဆီဓာတ် အနည်းငယ်ပါဝင်လို့ ကိုလက်စထရောကိုမြင့်မားစေနိုင်ပါတယ်။ သင့်အနေနဲ့ black coffe ကို မကြိုက်ဘူးဆိုရင် ခရမ်မာကို သုံးမယ့်အစား သဘာဝ နို့ကိုသာ သုံးသင့်ပါတယ်။

 

ဖုတ်ထားတဲ့ မုန့်ပဲသရေစာ

အစားအသောက်များ စားသုံးပြီးနောက် အချိုတည်းတဲ့အခါ အချိုပွဲကအကောင်းဆုံးပါ။ ဒါပေမယ့် ဖုတ်ထားတဲ့မုန့်ပဲသရေစာတွေကို ကြိုက်ကြတဲ့သူတွေလည်းရှိပါတယ်။ အဆိုပါမုန့်တွေမှာတော့ အဆီဓာတ်ပါလေ့ရှိပါတယ်။ ဖော်ပြချက်တစ်ခုမှာတော့ အဆိုပါမုန့်တွေအနေနဲ့ နှလုံးရောဂါဖြစ်ပွားမှုအတွက် အားပေးသလို fatty acid တွေလည်းပါဝင်တယ်လို့သိရှိရပါတယ်။

 

၎င်းအပြင် ဖုတ်ထားတဲ့မုန့်တော်တော်များများက သကြားအသုံးပြုလုပ်ထားတာဖြစ်ပါတယ်။ သကြားကို လိုတာထက်ပိုစားမယ်ဆိုရင်တော့ နှလုံးရဲ့လုပ်ဆောင်မှုကို ၀န်ပိကျဆင်းစေနိုင်ပါတယ်။ သကြားပါတဲ့မုန့်တော်တော်များများက glucose 6-phosphate ပါဝင်လေ့ရှိပြီး ယင်းဓာတ်ကနှလုံးရဲ့လုပ်ဆောင်မှုတွေကို ကျဆင်းစေနိုင်ပါတယ်။

 

ရေခဲမုန့်

ကိုလက်စထရောအများဆုံးပါဝင်တဲ့ သရေစာတစ်ခုပါ။ ဗနီလာရေခဲမုန့်တစ်ခွက်မှာဆိုရင် saturated fats ၄ ဂရမ်ထက်ပိုပြီးပါဝင်ပါတယ်။ ဒါကအရွယ်ရောက်ပြီးသူတစ်ယောက်စားသင့်တဲ့ တစ်နေ့တာပမာဏရဲ့လေးပုံတစ်ပုံလောက်ရှိပါတယ်။ တကယ်လို့များအပေါ်က အရသာမှုန့်တွေဖြူးထားမယ်ဆိုရင်တော့ ဒီထက်ပမာဏပိုများမှာဖြစ်ပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Wednesday, 28 August 2019 12:35
Rate this item
(0 votes)