Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးသူတွေ မဖြစ်မနေသိထားသင့်တဲ့ ဆူရှီ ငါးအသားလိပ်

Unicode ျဖင့္ဖတ္ရန္

စားသုံးသူတွေ မဖြစ်မနေသိထားသင့်တဲ့ ဆူရှီ ငါးအသားလိပ်

ဆူရှီကို ငါးအသားလိပ်နဲ့စားသုံးသူတွေ မဖြစ်မနေသိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်


ဆူရှီလို့ကြားလိုက်တာနဲ့ သွားရည်ကျတတ်တဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။


ငါးအသား နုနုလေးတွေကို လိပ်ပြီးစားရတဲ့အရသာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် မကောင်းတဲ့အချက်လေးတွေလည်း ရှိနေတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။


Drinking Water သောက်ရေသန့်လုပ်ငန်းပေါင်း ၉၆၉ ခုကိုရှာရန်နှိပ်ပါ။


Daily Mail ရဲ့အဆိုအရ သုတေသနပညာရှင်တွေဟာ လင်းပိုင်တွေကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် ပင်လယ်စာချစ်သူ တော်တော်များများဟာ antibiotic-resistance လို့ခေါ်တဲ့ ဆေးဝါးတွေမတိုးနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့တာပါ။


ဒါဟာ ဘာကြောင့်လဲဆိုတော့ ပင်လယ်ထဲက ပိုးမွှားအင်းဆက်တွေကြောင့် ဖြစ်ပြီးတော့ ဒီအကောင်တွေက (၅) နှစ်တာကာလအတွင်းမှာ (၂)ဆလောက် ပိုမိုများပြား လာခဲ့တာပါ။


သုတေသနပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု အသစ်တွေအရ မကျက်တကျက် ငါးတွေမှာ ဆေးဝါးတွေတောင် ပျောက်အောင်မစွမ်းနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ပါဝင်နေတယ်လို့ သိရပါတယ်။


ဒါကို antimicrobial resistance (AMR) လို့ခေါ်ပြီး ဘက်တီးရီးယား တွေ၊ ဗိုင်းရပ်စ်တွေကဆေးကို ယဉ်ပါးသွားတဲ့ အခြေအနေပါလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ပြောထားပါတယ်။


Read More >>>>>  အစပ်ကြိုက်သူများအတွက် ရှူးရှဲ ငါးကြင်း ငပိချက်


ဒီလိုဖြစ်ရပ်တွေဖြစ်လာရတဲ့ နောက်ထပ်အကြောင်းအရင်း တစ်ခုကတော့ ဆေးကိုမလိုအပ်ပဲ သုံးစွဲတာတွေနဲ့ ဆေးပတ်လည်အောင် မသောက်တဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေက ဆေးကိုယဉ်ပါးသွားပြီး ပျောက်ကင်းနိုင်ဖို့ မလွယ်ကူတော့ပါဘူး။


ကမ္ဘာပေါ်မှာ လူပေါင်း ၇၀၀,၀၀၀ ကျော်လောက်က ဆေးယဉ်ပါးမှု ရောဂါ ပြဿနာကြောင့် သေဆုံးနေရပါတယ်။


ဆေးဝါးတွေကို ခုခံနိုင်တဲ့ ဘက်တီးရီးယား အများစုက ပင်လယ်သတ္တဝါတွေဆီက လာပါတယ်။ အထူးသဖြင့်တော့ငါးတွေမှာရှိတတ်ပါတယ်။

ဆူရှီစားသုံးသူတွေအနေနဲ့ ငါးကို အစိမ်းစားတဲ့သူရှိသလို မကျက်တကျက်လည်း စားကြပါတယ် ဒီလိုမျိုးစားသုံးတာက antibiotic – resistance ရောဂါဖြစ်နိုင်ခြေအများဆုံးပါ။

ဒီရောဂါနဲ့ ဝေးဝေးနေချင်ရင်တော့ အသား၊ ငါးတွေကို မီးပူပူနဲ့ ကျက်အောင် လုပ်ပြီးမှ စားမယ်ဆိုရင် ရောဂါဖြစ်ဖို့အခွင့်အလမ်းနည်းပါးသွားမှာပါ။ မရပါဘူး အစိမ်းမှ အစိမ်းပဲ ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံသာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။


#MFID

 

 

စားသံုးသူေတြ မျဖစ္မေနသိထားသင့္တဲ့ ဆူရွီ ငါးအသားလိပ္

 

ဆူ႐ွီလို႔ၾကားလိုက္တာနဲ႔ သြားရည္က်တတ္တဲ့သူေတြ ႐ွိၾကမယ္ထင္ပါတယ္။


ငါးအသား ႏုႏုေလးေတြကို လိပ္ၿပီးစားရတဲ့အရသာက တကယ္ေကာင္းပါတယ္။ ဒါေပမယ့္ မေကာင္းတဲ့အခ်က္ေလးေတြလည္း ႐ွိေနတယ္ဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။

 

Drinking Water ေသာက္ေရသန္႔လုပ္ငန္းေပါင္း ၉၆၉ ခုကိုရွာရန္ႏွိပ္ပါ။

 
Daily Mail ရဲ႕အဆိုအရ သုေတသနပညာ႐ွင္ေတြဟာ လင္းပိုင္ေတြကို စမ္းသပ္စစ္ေဆးၿပီးတဲ့ေနာက္ ပင္လယ္စာခ်စ္သူ ေတာ္ေတာ္မ်ားမ်ားဟာ antibiotic-resistance လို႔ေခၚတဲ့ ေဆးဝါးေတြမတိုးႏိုင္တဲ့ အေျခအေန ျဖစ္သြားႏိုင္ေၾကာင္း ႐ွာေဖြေတြ႔႐ွိခဲ့တာပါ။

 
ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ပင္လယ္ထဲက ပိုးမႊားအင္းဆက္ေတြေၾကာင့္ ျဖစ္ၿပီးေတာ့ ဒီအေကာင္ေတြက (၅) ႏွစ္တာကာလအတြင္းမွာ (၂)ဆေလာက္ ပိုမိုမ်ားျပား လာခဲ့တာပါ။

 
သုေတသနပညာ႐ွင္ေတြရဲ႕ ႐ွာေဖြေတြ႔႐ွိမႈ အသစ္ေတြအရ မက်က္တက်က္ ငါးေတြမွာ ေဆးဝါးေတြေတာင္ ေပ်ာက္ေအာင္မစြမ္းႏိုင္တဲ့ အင္းဆက္ပိုးမႊားေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။


ဒါကို antimicrobial resistance (AMR) လို႔ေခၚၿပီး ဘက္တီးရီးယား ေတြ၊ ဗိုင္းရပ္စ္ေတြကေဆးကို ယဥ္ပါးသြားတဲ့ အေျခအေနပါလို႔ ကမာၻ႔က်န္းမာေရး အဖြဲ႔အစည္း WHO က ေျပာထားပါတယ္။


Read More >>>>>  အစပ္ႀကိဳက္သူမ်ားအတြက္ ရွဴးရွဲ ငါးၾကင္း ငပိခ်က္


ဒီလိုျဖစ္ရပ္ေတြျဖစ္လာရတဲ့ ေနာက္ထပ္အေၾကာင္းအရင္း တစ္ခုကေတာ့ ေဆးကိုမလိုအပ္ပဲ သံုးစြဲတာေတြနဲ႔ ေဆးပတ္လည္ေအာင္ မေသာက္တဲ့အခါမ်ိဳးေတြမွာ ခႏၶာကိုယ္ထဲက ဘက္တီးရီးယားေတြက ေဆးကိုယဥ္ပါးသြားၿပီး ေပ်ာက္ကင္းႏိုင္ဖို႔ မလြယ္ကူေတာ့ပါဘူး။


ကမာၻေပၚမွာ လူေပါင္း ၇၀၀,၀၀၀ ေက်ာ္ေလာက္က ေဆးယဥ္ပါးမႈ ေရာဂါ ျပႆနာေၾကာင့္ ေသဆံုးေနရပါတယ္။


ေဆးဝါးေတြကို ခုခံႏိုင္တဲ့ ဘက္တီးရီးယား အမ်ားစုက ပင္လယ္သတၱဝါေတြဆီက လာပါတယ္။ အထူးသျဖင့္ေတာ့ငါးေတြမွာ႐ွိတတ္ပါတယ္။

 

ဆူ႐ွီစားသံုးသူေတြအေနနဲ႔ ငါးကို အစိမ္းစားတဲ့သူ႐ွိသလို မက်က္တက်က္လည္း စားၾကပါတယ္ ဒီလိုမ်ိဳးစားသံုးတာက antibiotic – resistance ေရာဂါျဖစ္ႏိုင္ေျခအမ်ားဆံုးပါ။

 

ဒီေရာဂါနဲ႔ ေဝးေဝးေနခ်င္ရင္ေတာ့ အသား၊ ငါးေတြကို မီးပူပူနဲ႔ က်က္ေအာင္ လုပ္ၿပီးမွ စားမယ္ဆိုရင္ ေရာဂါျဖစ္ဖို႔အခြင့္အလမ္းနည္းပါးသြားမွာပါ။ မရပါဘူး အစိမ္းမွ အစိမ္းပဲ ဆိုရင္ေတာ့ ကိုယ့္ထိုက္နဲ႔ကိုယ့္ကံသာ ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

 

#MFID

 

 

 

Read times Last modified on Tuesday, 18 February 2020 10:03
Rate this item
(0 votes)