Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လိုင်ချီးသီး၏ အကျိုးကျေးဇူးများ

လိုင်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်အမြောက်အများပါရှိ ပါသည်။

 

ခွန်အားများ တိုးပွားစေနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါသည်။

 

ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါသည်။

 

လိုင်ချီးထဲတွင် citrus ဆက်ဆစ်ကဲ့သို့ သော ဗီတာမင်စီ ၄၀% ပါရှိရာ၊ လိမ္မော်သီးထဲတွင် ပါဝင်မှုပမာဏထက် ပိုများ၏။ ထို့ ကြောင့်ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကိုတိုက်ထုတ်ပေးကြောင်း ၊ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့် တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Natural Cancer Treatment မှ ဆေးသုတေသီများက ဆိုပါသည်။

 

လိုင်ချီးထဲတွင်ပါသော beta carotene ပမာဏသည် မုန်လာဥနီထက် ပိုများပြားသည်။ အစာကြေပြီး၊ ဆီးလဲရွှင်စေပါသည်။

 

လိုင်ချီးသီးတစ်ခွက်စာပမာဏ ထဲတွင် ပါရှိသောပိုတက်စီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပို၏။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနှင့်နှလုံးခုန်နှု န်း တို့ ကို ဟန်ချက် ညီညီထိန်းချုပ်ပေးကာ။ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှလည်း  ကြိုတင်ကာကွယ်ပေးနိုင်ပါသည် ။ ထို့ ပြင် နှလုံးကိုပုံမှန်ခုန်စေပြီး ၊ နှလုံးကြွက်သားများ ကျုံ့ ခြင်း/ ချဲ့ ခြင်းနှင့် နှလုံးသွေးကြောစီးဆင်းလည် ပတ်မှုတို့ ကို ကောင်းစွာ အထောက်အပံ့ပေးပါသည်။ နှလုံးရောဂါဝေဒနာအမျိုးမျိုး တို့ ကို သက်သာစေရုံသာမက၊ နှလုံးရောဂါနှင့် ဆက်စပ်သော လေဖြတ်ခြင်း မှ ၅၀% သက်သာလျော့နည်းစေနိုင်ပါသည်။

 

လိုင်ချီးသီးမှာ ကြေးနီ(Copper)များ အလုံအလောက်ပါရှိခြင်းကြောင့်  သွေးနီဥများကိုထုတ်လုပ်ပေးနိုင်သဖြင့် သွေးအား ကောင်းစေပြီး၊ ခွန်အားလဲတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့်သက်ြ ကီးရွယ်အိုများစားသုံးသင့်ပါသည်။

 

ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ ကြွယ်ဝစွာပါရှိပါသည်။

 

လိုင်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂနီစီယမ်စသည့်သတ္တုဓာတ်များ  ပါရှိသောကြောင့်အရိုးနှင့်သွားများ ကြီးထွားမှုအတွက်အလွန်အရေးပါ သဖြင့်ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်းလိုင်ချီးသီးကျွေးမွေးသင့်ပါသည်။

 

ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပရိက ရောဂါများအတွက် လိုင်ချီးသီးက အစွမ်းထက်မြက်လှပါသည်။ ဖျားနာနေသောသူများလည်း လိုင်ချီးသီး စားပေးခြင်းဖြင့် သက်သာ စေနိုင်ပါသည်။

 

လိုင်ချီးသီး စားသုံးခြင်ဖြင့် နာကျင်မှုကိုလျော့ကျစေပြီး အကျိတ်ဂလင်းများရောင်ရမ်းမှုကို သက်သာစေနိုင်ပါသည်။

 

လိုင်ချီးသည်အရသာအလွန်ချိုသော်လည်း ၄င်းထဲတွင်ပါရှိသောသကြားဓာတ်သည် သဘာဝသစ်သီးသကြားဓာတ်ဖြစ်ပါသည်။ ကယ်လိုရီပါဝင်မှုနဲပြီး၊ မပြည့်ဝဆီနှင့်ကိုလက်စထရောလုံးဝမပါရှိသည့်အပြင်၊ ကျေညက်လွယ်သော အမျှင်ဓာတ် ကြွယ်ဝစွာပါရှိသဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သော အသီးဖြစ်ပါသည်။ ကိုယ်အလေးချိန်ကိုပါ လျော့ကျစေပါသည်။

 

လိုင်ချီးစားသုံးခြင်းကြောင့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး၊ မျက်နှာပေါ်ရှိအစက်အပြောက်များကို သက်သာလာစေနိုင်ပါသည်။

 

ဖက်ခွက်နာ၊ ပြည်တည်နာစသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်ပါသည်။ ကာမအားကို တိုးပွားစေပါသည်။

 

အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုင်ချီးက အလွန်ကောင်းကျိုးပြုပါသည်။

 

လိုင်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့့်ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့်အတွက် တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်ပါသည်။

 

အရေပြားပေါ်ရှိ ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုင်ချီးသီးက ကာကွယ်ပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ Kyorin University မှ အတည်ပြုထောက်ခံထားပါသည်။

 

လိုင်ချီးသီးသည် thiamin, niacin နှင့် folates စသည့် B-complex ဗီတာမင်တို့ စုဝေးရာ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေပါသည်။

 

Read More >>>>>  စပျစ်သီး၏ အကျိုးကျေးဇူးများ

 

အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုင်ချီးသီးကို တရုပ်ရိုးရာ တိုင်းရင်းဆေးဝါးကုထုံးများ တွင် အသုံးပြုလေ့ ရှိပါသည်။

 

လိုင်ချီးသီးမှာ လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့ သော် အမှည့်လွန်သော အသီးများထုံးစံအတိုင်း အချဉ်ဓါတ်ပေါက်စေတတ်၍ လတ်လတ်ဆတ်ဆတ် ရွေးချယ်စားသုံးသင့်ပါသည်။


Ref: Health Benefits of Lychee (Pauk Pauk)

Read times Last modified on Friday, 09 August 2019 11:17
Rate this item
(1 Vote)