Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသစ်တော်၏ အကျိုးကျေးဇူးများ

Unicode

ပန်းသစ်တော်၏ အကျိုးကျေးဇူးများ

အမျှင်ဓာတ်ပါဝင်မှုများပြီး ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝတဲ့ သစ်တော်သီးတွေက အရသာလည်း အရမ်းရှိ ပါတယ်။ သစ်တော်သီးက အသီးမျိုးတွေ အများကြီးရှိသလို အခုလက်ရှိပန်းသစ် တော်လို့ခေါ်ကြတဲ့ အသီးလည်း ပါဝင်ပါ တယ်။ ချိုချိုအေးအေး လေးစားရတာ အရမ်းနှစ်သက်ကြပေမဲ့ သစ်တော်သီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရော သိကြရဲ့လား။

 

အစာခြေစနစ်အတွက် ကောင်း

အလယ်အလတ်ဆိုက်ရှိတဲ့ သစ်တော်သီးတစ်လုံးမှာ နေ့စဉ်စားသင့်တဲ့ အမျှင် ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ အစာခြေစနစ်ကိုကောင်းစေပြီး အူမကြီးရဲ့လုပ်ဆောင်ချက်ပိုကောင်းစေပါတယ်။
ကိုယ်ခံအားကို မြှင့်တင်ပေးဗီတာမင် C အပြင် ဗီတာမင်ခ၊သံ ဓာတ်၊ကော့ပါး၊ပိုတက်စီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တို့ပါဝင်မှုကြောင့် ကိုယ်ခံအားလည်း ကောင်းစေပါတယ်။

 

Read More >>>>>   ဘူးသီးစားခြင်း၏ အကျိုးကျေးဇူးများ

 

ကင်ဆာကာကွယ်

အမျှင်ဓာတ်အပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ ဗီတာမင် C  နဲ့  A, phytonutrients တွေပါဝင်လို့ ကင်ဆာကာကွယ်နိုင်တဲ့အစွမ်းသတ္တိလည်း ရှိပါတယ်။

 

ကိုယ်ဝန်ဆောင်အားဖြည့်

အလယ်အလတ်အရွယ်အစားရှိတဲ့ သစ်တော်သီးတစ်လုံးမှာ နေ့စဉ်စားသင့် တဲ့ folic acid ပမာဏရဲ့ ငါး ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ folic acid က ကိုယ်ဝန် ဆောင်ကာလအတွင်း သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရာမှာ အရေးပါပါတယ်။

 

သွေးတွင်း ကိုလက်စထရောကျစေ

သစ်တော်သီးမှာ ကိုလက်စထရောကျစေတဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါ ဝင်မှုများပါတယ်။pectin ကအစာအိမ်ထဲ မှာ အစာခြေရည်နဲ့ပေါင်းပြီး အစာခြေ စနစ်အတွင်းက ကိုလက်စထရောအဆီတွေကို ဖယ်ရှားဖို့ အထောက်အကူဖြစ်စေပါတယ်။

 

ဆီးချိုကာကွယ်

ဆီးချိုရောဂါမရှိသူတွေ သစ်တော်သီး စားရင်းနဲ့ ဆီးချိုကာကွယ်နိုင်ပါတယ်။ ဆီးချိုရှိရင်တော့ အချိုများလို့များများ မစားသင့်ပါဘူး။ Flavonoids ဓာတ်ပါ ဝင်လို့ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး ဆီးချိုကို ကာကွယ်နိုင်ပါတယ်။

 

အရိုးပွ ခြင်းကို ကာကွယ်ပေး

သစ်တော်သီးမှာပါဝင်တဲ့ boron ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းညှိပေးပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။

 

ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်များ (၁၀၀) ကိုရှာရန်နှိပ်ပါ။

 

ချွဲသလိပ်တွေ ရှင်းစေ

ဒါတွေတင်မကပါဘူး။ သစ်တော်သီးက ချွဲသလိပ်ကိုလည်း ကြေစေပါတယ်တဲ့။ အထူးသဖြင့် ကလေးတွေမှာ ရာသီဥတုအေးတဲ့အချိန် ချွဲထနေရင် သစ်တော်သီးဖျော်ရည်တစ်ခွက်တိုက်ပေးရင် ချွဲကျပ်သက်သာပြီး ရင်ချောင်စေပါတယ်။

 

Source: Kumudra

 

 

ပန္းသစ္ေတာ္၏ အက်ဳိးေက်းဇူးမ်ား

 

အမွ်င္ဓာတ္ပါဝင္မႈမ်ားၿပီး ဗီတာမင္နဲ႔သတၱဳဓာတ္ႂကြယ္ဝတဲ့ သစ္ေတာ္သီးေတြက အရသာလည္း အရမ္းရွိ ပါတယ္။ သစ္ေတာ္သီးက အသီးမ်ိဳးေတြ အမ်ားႀကီးရွိသလို အခုလက္ရွိပန္းသစ္ ေတာ္လို႔ေခၚၾကတဲ့ အသီးလည္း ပါဝင္ပါ တယ္။

 

ခ်ိဳခ်ိဳေအးေအး ေလးစားရတာ အရမ္းႏွစ္သက္ၾကေပမဲ့ သစ္ေတာ္သီးစားျခင္းရဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြကိုေရာ သိၾကရဲ့လား။

 

အစာေျခစနစ္အတြက္ေကာင္း

အလယ္အလတ္ဆိုက္ရွိတဲ့ သစ္ေတာ္သီးတစ္လုံးမွာ ေန႔စဥ္စားသင့္တဲ့ အမၽွင္ ဓာတ္ပမာဏ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ပါဝင္ပါတယ္။ အစာေျခစနစ္ကိုေကာင္းေစၿပီး အူမႀကီးရဲ့လုပ္ေဆာင္ခ်က္ပိုေကာင္းေစပါတယ္။


ကိုယ္ခံအားကို ျမႇင့္တင္ေပးဗီတာမင္ C အျပင္ ဗီတာမင္ခ၊သံ ဓာတ္၊ေကာ့ပါး၊ပိုတက္စီယမ္နဲ႔ မဂၢနိစ္ ဓာတ္တို႔ပါဝင္မႈေၾကာင့္ ကိုယ္ခံအားလည္း ေကာင္းေစပါတယ္။

 

Read More >>>>>   ဘူးသီးစားျခင္း၏ အက်ဳိးေက်းဇူးမ်ား

 

ကင္ဆာကာကြယ္

 

အမၽွင္ဓာတ္အျပင္ ဓာတ္တိုးဆန႔္က်င္ ပစၥည္းေတြ၊ ဗီတာမင္ C  နဲ႔  A, phytonutrients ေတြပါဝင္လို႔ ကင္ဆာကာကြယ္နိုင္တဲ့အစြမ္းသတၱိလည္း ရွိပါတယ္။

 

ကိုယ္ဝန္ေဆာင္အားျဖည့္

 

အလယ္အလတ္အရြယ္အစားရွိတဲ့ သစ္ေတာ္သီးတစ္လုံးမွာ ေန႔စဥ္စားသင့္ တဲ့ folic acid ပမာဏရဲ့ ငါး ရာခိုင္ႏႈန္းခန႔္ ပါဝင္ပါတယ္။ folic acid က ကိုယ္ဝန္ ေဆာင္ကာလအတြင္း သေႏၶသားရဲ့ ဖြံ့ၿဖိဳးမႈကို အားေပးျမႇင့္တင္ရာမွာ အေရးပါပါတယ္။

 

ေသြးတြင္း ကိုလက္စထေရာက်ေစ

 

သစ္ေတာ္သီးမွာ ကိုလက္စထေရာက်ေစတဲ့ ေပ်ာ္ဝင္အမၽွင္ဓာတ္ pectin ပါ ဝင္မႈမ်ားပါတယ္။pectin ကအစာအိမ္ထဲ မွာ အစာေျခရည္နဲ႔ေပါင္းၿပီး အစာေၿခ စနစ္အတြင္းက ကိုလက္စထေရာအဆီေတြကို ဖယ္ရွားဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

 

ဆီးခ်ိဳကာကြယ္

ဆီးခ်ိဳေရာဂါမရွိသူေတြ သစ္ေတာ္သီး စားရင္းနဲ႔ ဆီးခ်ိဳကာကြယ္နိုင္ပါတယ္။ ဆီးခ်ိဳရွိရင္ေတာ့ အခ်ိဳမ်ားလို႔မ်ားမ်ား မစားသင့္ပါဘူး။ Flavonoids ဓာတ္ပါ ဝင္လို႔ အင္ဆူလင္တုံ႔ျပန္နိုင္စြမ္းကိုျမႇင့္တင္ေပးၿပီး ဆီးခ်ိဳကို ကာကြယ္နိုင္ပါတယ္။

 

အရိုးပြ ျခင္းကို ကာကြယ္ေပး

 

သစ္ေတာ္သီးမွာပါဝင္တဲ့ boron ဓာတ္က ခႏၶာကိုယ္ထဲမွာ ကယ္လ္ဆီယမ္ဓာတ္ကို ထိန္းညႇိေပးၿပီး အရိုးေတြကို သန္မာေစနိုင္ပါတယ္။

 

ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္မ်ား (၁၀၀) ကိုရွာရန္ႏွိပ္ပါ။

 

ခၽြဲသလိပ္ေတြ ရွင္းေစ

ဒါေတြတင္မကပါဘူး။ သစ္ေတာ္သီးက ခၽြဲသလိပ္ကိုလည္း ေၾကေစပါတယ္တဲ့။ အထူးသျဖင့္ ကေလးေတြမွာ ရာသီဥတုေအးတဲ့အခ်ိန္ ခၽြဲထေနရင္ သစ္ေတာ္သီးေဖ်ာ္ရည္တစ္ခြက္တိုက္ေပးရင္ ခၽြဲက်ပ္သက္သာၿပီး ရင္ေခ်ာင္ေစပါတယ္။

 

Source: Kumudra

 

 

Read times Last modified on Monday, 10 February 2020 15:23
Rate this item
(0 votes)