Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဟာရချို့ တဲ့မှုလျှော့ချရေးဆိုင်ရာ SUN Business Network ဖွဲ့စည်းနိုင်ရေးဆွေးနွေး

မြန်မာနိုင်ငံအတွင်းမှာ အာဟာရချို့တဲ့မှုကို လျှော့ချနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။

 

စီးပွားရေးလုပ်ငန်းများဟာ အားဖြည့်ဆန်၊ အားဖြည့်အစားအစာများ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ခြင်းအားဖြင့် စားသုံးသူတွေရဲ့ အာဟာရကို မြှင့်တင်ပေးနိုင်သလို၊ လုပ်ငန်းခွင်အတွင်းမှာ စက်ရုံအလုပ်ရုံများအတွင်းမှာ အာဟာရအကြောင်း အသိပညာဖြန့်ဝေခြင်း၊ လုပ်ဖော်ကိုင်ဖက် လုပ်သားများအတွက် အာဟာရပြည့်မှီရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခြင်း စတဲ့ ဆောင်ရွက်မှုများမှတစ်ဆင့်လည်း လုပ်သားများနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အာဟာရပြည့်မှီလာပြီး ကုန်ထုတ်စွမ်းရည်တွေတိုးမြင့်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

 

ဒီလိုလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ တာဝန်ရှိသူများက အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ သြဂုတ်လ ၁၄ရက်နေ့ညနေပိုင်းမှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

 

Alcohol  အရက်ချက်လုပ်ငန်းပေါင်း ၁၇၇ ခုကိုရှာရန်နှိပ်ပါ။

 

ဆွေးနွေးရာမှာ အာဟာရချို့တဲ့မှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးအသင်းအဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်စေဖို့ SUN Business Network တစ်ရပ်ဖွဲ့စည်းထူထောင်နိုင်ရေး ဆွေးနွေးကြပါတယ်။

 

Read More >>>>>  ရေထွက်ကုန်များကို စွန့်ပစ်ရသည်အထိတွေ့ကြုံခဲ့ရတဲ့အတွက် မူဆယ်၌ ကုန်တင်ရန် မန္တလေးမှ ကုန်မပါသည့် ယာဉ်များ သွားရောက်မှုရှိ

 

Scaling Up Nutrition (SUN) ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော် ပါဝင်ထားတဲ့ အာဟာရချို့တဲ့မှုကို လျှော့ချရေးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပါတယ်။

 

Coffee Manufacturers & Dealers ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်ပေါင်း ၁၀၀ ကိုရှာရန်နှိပ်ပါ။

 

SUN Business Network များကို ဒေသတွင်းနိုင်ငံများတွင် ဖွဲ့စည်းဆောင်ရွက်ထားပြီး မြန်မာနိုင်ငံတွင်လည်း မကြာမီ ဖွဲ့စည်းကာ အဟာရချို့တဲ့မှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 

 

#Myanmar Food Industry Directory

Read times Last modified on Tuesday, 27 August 2019 13:36
Rate this item
(1 Vote)