Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားပြီးတဲ့အခါ လူအများလုပ်မိတတ်တဲ့ အမှား(၈)ချက်

Unicode


ထမင်းစားပြီးတဲ့အခါ လူအများလုပ်မိတတ်တဲ့ အမှား(၈)ချက်


ထမင်းစားပြီးတဲ့အခါ အသက်အန္တရာယ်ရှိပြီး လူအများလုပ်မိတတ်တဲ့ အမှား(၈)ချက် ဆိုတာ ဘာတွေလဲ


အသက်သေစေနိုင်သည်အထိဖြစ်စေလို့ သတိထားပြီး ဆင်ခြင်သင့်ပါတယ်။

 

(၁) ဆေးလိပ် မသောက်ပါနှင့်

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်းသည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထားသည်။

 

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်

ထမင်းစားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။
(ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့် ကြာမှသာ သစ်သီး စားသင့်သည်။)

(ကျန်းမာရေး အမြင်ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

 

(၃) လ္ဘက်ရည် မသောက်ပါနှင့်

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

 

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

 

Read More >>>>>   မူဆယ္လမ္းေၾကာင္း ပိတ္ထားတဲ့အတြက္ ျမဝတီသို႔ ကုန္စည္စီးဆင္းမႈ အနည္းငယ္ က်ဆင္း

 

(၅) ရေမချိုးပါနှင့်

ထမင်းစားပြီးနောက် ရေချိုးခြင်းသည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးလည်ပတ်စီးဆင်းမှု တိုးပွားလာပြီး၊ အစာအိမ်တစ်ဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

 

(၆)သွက်သွက် လမ်း မလျှောက်ပါနှင့်

ရှေးလူကြီးများက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

(အကြောင်းရင်း မှာ …. ထမင်းစားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါဝင်သော အာဟာရ စုပ်ယူရန်အတွက် အစာချေ စနစ်ကို အနှောင့်အယှက်ဖြစ် စေ တတ်သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီးပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ်ရပ်နေပါ (သို့) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။)

 

(၇) မအိပ်ပါနှင့်

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ဝင်စေသည်။

 

(၈)အားကစား မလုပ်ပါနှင့်

အားကစား မလုပ်ခင် အနည်းဆုံး နာရီဝက် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ်ပါက၊ အကြော ဆွဲခြင်း (သို့) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့) အသက်သေစေနိုင်သည်။

 

Credit: Pauk Pauk

 

 

ထမင္းစားၿပီးတဲ့အခါ လူအမ်ားလုပ္မိတတ္တဲ့ အမွား(၈)ခ်က္

 

ထမင္းစားၿပီးတဲ့အခါ အသက္အႏၲရာယ္ရွိၿပီး လူအမ်ားလုပ္မိတတ္တဲ့ အမွား(၈)ခ်က္ ဆိုတာ ဘာေတြလဲ

 

အသက္ေသေစနိုင္သည္အထိျဖစ္ေစလို႕ သတိထားၿပီး ဆင္ျခင္သင့္ပါတယ္။

 

(၁) ေဆးလိပ္ မေသာက္ပါႏွင့္

ထမင္းစားၿပီးေနာက္ စီးကရက္ ၁-လိပ္ေသာက္ျခင္းသည္ သာမန္ အခ်ိန္ စီးကရက္၁၀-လိပ္ေသာက္ျခင္းႏွင့္ ညီမွ်ၿပီး၊ ကင္ဆာ ေရာဂါျဖစ္နိုင္ေခ် အလားအလာပိုမ်ားေၾကာင္း ေဆးသိပၸံပညာရွင္ မ်ားက သတိေပးထားသည္။

 

(၂) သစ္သီးမ်ား အလ်င္စလို မစားပါႏွင့္

ထမင္းစားၿပီးေနာက္ အခ်ိဳပြဲ သစ္သီး စားျခင္းသည္ မွားယြင္းေသာ အစဥ္အလာ တစ္ခုျဖစ္ေနၾကပါသည္။ အမွန္ အားျဖင့္ ထမင္းစား ၿပီးၿပီးခ်င္း သစ္သီးစားျခင္းက ေလပြေစၿပီး၊ အစာအိမ္ ကို ေဘးဥပါသ္ျဖစ္ေစ၏။
(ထို့ေၾကာင့္ ထမင္းစားၿပီး အနည္းဆုံး နာရီ၀က္ခန္႔ ၾကာမွသာ သစ္သီး စားသင့္သည္။)

(က်န္းမာေရး အျမင္ရွိေသာ ဟိုတယ္ႀကီးမ်ားႏွင့္ စားေသာက္ဆိုင္ အခ်ိဳ့့တြင္ သစ္သီးအစား၊ ဥပမာ … ဌက္ေပ်ာသီးေပါင္း (သို့မဟုတ္) ေရႊဖ႐ုံသီးေပါင္း စသည့္ တို့ကို အခ်ိဳပြဲ အျဖစ္တည္ခင္း ဧည့္ခံလာၾကသည္)

 

(၃) လၻက္ရည္ မေသာက္ပါႏွင့္

လၻက္ရည္ အခ်ိဳေျခာက္ ထဲတြင္ အက္ဆစ္ဓာတ္ အေျမာက္အမ်ား ပါရွိၾကေပရာ၊ ၄င္းတို့က ထမင္း ဟင္းထဲ တြင္ ပါရွိသည့္ ပရိုတင္း မ်ားကို အေႏွာင့္္ အယွက္ျပဳကာ အစာေခ်ဖ်က္မွု ကိုလည္း ဟန္႔တားေစပါသည္။

 

(၄) ခါးပတ္ႀကိဳး မေလ်ာ့ပါႏွင့္

ထမင္း စားၿပီးၿပီးခ်င္း ခါးပတ္ႀကိဳး (သို့မဟုတ္) ပုဆိုး၊ လုံခ်ည္ေလ်ာ့၀တ္ျခင္း က အူသိမ္ အူမ တို႕ကို လိမ္ေခါက္ ၍ အူလမ္းေၾကာင္း ပိတ္ဆို႕ေစပါသည္။

 

Read More >>>>>   မူဆယ္လမ္းေၾကာင္း ပိတ္ထားတဲ့အတြက္ ျမဝတီသို႔ ကုန္စည္စီးဆင္းမႈ အနည္းငယ္ က်ဆင္း

 

(၅) ေရမခ်ိဳးပါႏွင့္

ထမင္းစားၿပီးေနာက္ ေရခ်ိဳးျခင္းသည္ လက္/ေျခေထာက္ႏွင့္ ခႏၶာကိုယ္ တစ္ခုလုံးရွိ ေသြးလည္ပတ္စီးဆင္းမႈ တိုးပြားလာၿပီး၊ အစာအိမ္တစ္ဝုိက္ ေသြးလည္ပတ္ စီးဆင္းမွု ေလ်ာ့က် လာေသာေၾကာင့္ အစာ အိမ္ေကာင္း စြာ အလုပ္ မလုပ္နိုင္ေတာ့ေပ။

 

(၆)သြက္သြက္ လမ္း မေလွ်ာက္ပါႏွင့္

ေရွးလူႀကီးမ်ားက “ထမင္းစားၿပီး အခ်ိဳစား၊ ေျခလွမ္း ၂၀၀ သြား” ဟု အဆို ရွိခဲ့ၾကေလ၏။ ထို အဆိုမွာ တက္ တက္ စင္ မွားယြင္းေန ေၾကာင္း ယေန႔ေဆးသိပၸံပညာရွင္ မ်ားက အတည္ျပဳထားၾကသည္။

(အေၾကာင္းရင္း မွာ …. ထမင္းစားၿပီးခ်င္း ခပ္ သြက္သြက္ လမ္းေလွ်ာက္ျခင္း က ဗိုက္ေအာင့္ေစတတ္ၿပီး၊ ထမင္း ဟင္း ထဲမွပါ၀င္ေသာ အာဟာရ စုပ္ယူရန္အတြက္ အစာေခ် စနစ္ကို အေႏွာင့္အယွက္ျဖစ္ ေစ တတ္သည္။ (ထမင္းစားၿပီး ၿငိမ္ၿငိမ္ ထိုင္ေနရမည္ဟု မဆိုလိုပါ) က်န္းမာေရး နဲ႔ ညီညြတ္ေစဖို႕အတြက္ ထမင္းစားၿပီးပါက အနည္းဆုံး ၁၅-မိနစ္ခန္႔ မတ္တပ္ရပ္ေနပါ (သို႕) ျဖည္းျဖည္း မွန္မွန္လမ္းေလွ်ာက္ပါ။)

 

(၇) မအိပ္ပါႏွင့္

ထမင္းစားၿပီး ခ်က္ခ်င္း လွဲအိပ္ျခင္းသည္ အစာေကာင္းစြာ မေက်ညက္ေစေတာ့ဘဲ၊ အစာအိမ္ေရာဂါျဖစ္ေစ သည့္ျပင္၊ အူ မ်ားကို ကူးစက္ေရာဂါပိုး ၀င္ေစသည္။

 

(၈)အားကစား မလုပ္ပါႏွင့္

အားကစား မလုပ္ခင္ အနည္းဆုံး နာရီ၀က္ မွ အမ်ားဆုံး ၂-နာရီ ခန္႔ႀကိဳတင္၍ ထမင္းစားထား ပါ။ သို႕မဟုတ္ပါက၊ အေၾကာ ဆြဲျခင္း (သို႕) ႐ုတ္တရက္ႏွလုံးခုန္ ရပ္တန္႔ျခင္း (သို႕) အသက္ေသေစနိုင္သည္။

 

Credit: Pauk Pauk

Read times Last modified on Thursday, 06 February 2020 16:42
Rate this item
(0 votes)

Media