Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစာအဆိပ်သင့်မှုမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ

အစာအဆိပ်သင့်မှုမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ


ပွင့်လင်းရာသီများရောက်လာသည်နှင့်တစ်ပြိုင်နက် နိုင်ငံအတွင်း အလှူပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။


ဤကာလအတွင်း အစာအဆိပ်သင့်မှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားတတ်တာကြောင့် အစာအဆိပ်သင့်မှုများ မဖြစ်ပွားရအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖော်ပြပေးထားပါတယ်။


အစာအဆိပ်သင့်မှုသည် ရောဂါပိုးများပါဝင်သော မသန့်ရှင်းသည့် အစားအသောက်များ စားသုံးမိခြင်းကြောင့် အများဆုံးဖြစ်ပွားတတ်ပါတယ်။


Read More >>>>>   ပဲ၊ ႏွမ္းေစ်းကြက္ အေရာင္းအဝယ္ ေအးေန


အစာအဆိပ်သင့်မှုမဖြစ်ပွားစေရန်အတွက် အစားအသောက်ပြင်ဆင်ချက်ပြုတ်သူများ လိုက်နာရန်


(၁) အစာမစားမီ၊ အစားအစာများကို ကိုင်တွယ်ချက်ပြုတ်ခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးချိန်များတွင် လက်များကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။


(၂) အိုးခွက်၊ ပန်းကန်များ၊ စဉ်းတီတုံးများအပါအဝင် မီးဖိုချောင်ပစ္စည်းများ၏ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။


(၃) ချက်ပြုတ်ပြီးအစားအစာနှင့် မချက်ပြုတ်ရသေးသောအစားအစာများကို သီးခြားစီထားပါ။


(၄) အစားအစာများချက်ပြုတ်ရာနှင့် ပန်းကန်များဆေးကြောရာတွင် သန့်ရှင်းသောရေကိုသာ သုံးစွဲပါ။


(၅) အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ လတ်လတ်ဆတ်ဆတ်နှင့် ပူပူနွေးနွေးစားသုံးပါ။ ချက်ချင်းမစားသုံးဖြစ်ပါက ပွက်ပွက်ဆူအောင်နွှေးပြီးမှ စားသုံးပါ။

 

အစားအသောက်ရောင်းချသူများအနေဖြင့် အထူးပြုလိုက်နာရန်

ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါဖြစ်ပွားနေသူများ၊ အရေပြားတွင် အနာရှိသူများနှင့် ဖျားနာနေသူများအနေဖြင့် အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ကိုင်တွယ်ရောင်းချခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ။


အစာအဆိပ်သင့်မှုဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ပြီး ထိရောက်စွာ ကုသမှုခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


Ref: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 

 

အစာအဆိပ္သင့္မႈမျဖစ္ေအာင္ ဘယ္လိုႀကိဳတင္ကာကြယ္မလဲ


ပြင့္လင္းရာသီမ်ားေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ နိုင္ငံအတြင္း အလွဴပြဲေတာ္မ်ား စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိပါတယ္။

 

ဤကာလအတြင္း အစာအဆိပ္သင့္မႈမ်ား ႏွစ္စဥ္ႏွစ္တိုင္း ျဖစ္ပြားတတ္တာေၾကာင့္ အစာအဆိပ္သင့္မႈမ်ား မျဖစ္ပြားရေအာင္ ဘယ္လိုႀကိဳတင္ကာကြယ္ရမလဲဆိုတာကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ေဖာ္ျပေပးထားပါတယ္။

 

အစာအဆိပ္သင့္မႈသည္ ေရာဂါပိုးမ်ားပါဝင္ေသာ မသန္႔ရွင္းသည့္ အစားအေသာက္မ်ား စားသံုးမိျခင္းေၾကာင့္ အမ်ားဆံုးျဖစ္ပြားတတ္ပါတယ္။

 

Read More >>>>>   ပဲ၊ ႏွမ္းေစ်းကြက္ အေရာင္းအဝယ္ ေအးေန

 

အစာအဆိပ္သင့္မႈမျဖစ္ပြားေစရန္အတြက္ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္သူမ်ား လိုက္နာရန္

 

(၁) အစာမစားမီ၊ အစားအစာမ်ားကို ကိုင္တြယ္ခ်က္ျပဳတ္ျခင္းမျပဳမီႏွင့္ အိမ္သာအသံုးျပဳၿပီးခ်ိန္မ်ားတြင္ လက္မ်ားကို ဆပ္ျပာျဖင့္ ေသခ်ာစြာ ေဆးေၾကာပါ။

 

(၂) အိုးခြက္၊ ပန္းကန္မ်ား၊ စဥ္းတီတံုးမ်ားအပါအဝင္ မီးဖိုေခ်ာင္ပစၥည္းမ်ား၏ သန္႔ရွင္းေရးကို ဂရုျပဳေဆာင္ရြက္ပါ။

 

(၃) ခ်က္ျပဳတ္ၿပီးအစားအစာႏွင့္ မခ်က္ျပဳတ္ရေသးေသာအစားအစာမ်ားကို သီးျခားစီထားပါ။

 

(၄) အစားအစာမ်ားခ်က္ျပဳတ္ရာႏွင့္ ပန္းကန္မ်ားေဆးေၾကာရာတြင္ သန္႔ရွင္းေသာေရကိုသာ သံုးစြဲပါ။

 

(၅) အစားအစာမ်ားကို က်က္ေအာင္ခ်က္ျပဳတ္၍ လတ္လတ္ဆတ္ဆတ္ႏွင့္ ပူပူေႏြးေႏြးစားသံုးပါ။ ခ်က္ခ်င္းမစားသံုးျဖစ္ပါက ပြက္ပြက္ဆူေအာင္ေႏႊးၿပီးမွ စားသံုးပါ။

 


အစားအေသာက္ေရာင္းခ်သူမ်ားအေနျဖင့္ အထူးျပဳလိုက္နာရန္

ဝမ္းပ်က္ဝမ္းေလွ်ာႏွင့္ ဝမ္းကိုက္ေရာဂါျဖစ္ပြားေနသူမ်ား၊ အေရျပားတြင္ အနာရွိသူမ်ားႏွင့္ ဖ်ားနာေနသူမ်ားအေနျဖင့္ အစားအစာမ်ားကို ျပင္ဆင္ခ်က္ျပဳတ္ျခင္းႏွင့္ ကိုင္တြယ္ေရာင္းခ်ျခင္းတို႔ကို လံုးဝေရွာင္ၾကဥ္ပါ။

 

အစာအဆိပ္သင့္မႈျဖစ္ပြားပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ အခ်ိန္မီသတင္းေပးပို႔ၿပီး ထိေရာက္စြာ ကုသမႈခံယူၾကပါရန္ တိုက္တြန္းႏိႈးေဆာ္အပ္ပါတယ္။


Ref: က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန

Read times Last modified on Thursday, 30 January 2020 15:19
Rate this item
(0 votes)