Food & Health



ဘင်္ဂလားဒေ့ရှ် ပြုပြင်ထားသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍ ဘီစကွတ် အများဆုံးတင်ပို့

 ဘင်္ဂလားဒေ့ရှ် ပြုပြင်ထားသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍ ဘီစကွတ် အများဆုံးတင်ပို့


https://t.me/Guid4U
JOIN THE CHANNEL 

 

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တင်ပို့သူများ၏ အာရုံစိုက်မှုကို မရရှိခဲ့သော သကြားလုံးသည် ဘင်္ဂလားဒေ့ရှ်၏ ပြုပြင်ထားသည့် စားသောက်ကုန် တင်ပို့မှုတွင် ထိပ်တန်းပစ္စည်းငါးခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။

 

လူကြိုက်များသည့် စားသောက်ကုန် ဖြစ်သည့် ခေါက်ဆွဲသည်လည်း ဘင်္ဂလားဒေ့ရှ်၏ ပြုပြင်ထားသည့် စားသောက်ကုန် တင်ပို့မှုတွင် အဓိက ပို့ကုန် အမျိူအမည်တခု ဖြစ်လာသည်။

 

Bangladesh Agro-Processors Association (BAPA) မှ ပြုစုထားသော အချက်အလက်များအရ ၂၀၀၉-၁၀ ခုနှစ်အတွင်း ထိပ်တန်းပို့ကုန် ၁၀ ခုစာရင်းတွင် ၇ အဆင့်ရှိ ဘီစကွတ်နှင့် မုန့်ဖုတ်ပစ္စည်းများသည် ပြုပြင်ထားသော  စားသောက်ကုန် ပို့ကုန်တွင် နံပါတ် (၁) ဖြစ်လာသည်။

 

 “ဘင်္ဂလားဒေ့ရှ်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သကြားလုံးထုတ်တဲ့ စက်ရုံတွေ ရှိပေမယ့် ပြည်ပဈေးကွက်မှာ မုန့်ဖုတ်လုပ်ငန်း စားသောက်ကုန်တွေအတွက် အလားအလာကို ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာ ကျွန်တော်တို့ ရှာဖွေဖို့ မလုပ်ခဲ့ကြဘူး" ဟု ဘင်္ဂလားဒေ့ရှ်မှ အကြီးမားဆုံး စားသောက်ကုန် ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသည့် Pran Group မှ မန်နေးဂျင်းဒါရိုက်တာ Eleash Mridha က ပြောကြားသည်။

"နိုင်ငံတကာဈေးကွက်ကို လွန်ခဲ့တဲ့ငါးနှစ်လောက်ကမှ ကျွန်တော်တို့ စူးစမ်းလေ့လာခဲ့တာပါ"ဟု ၎င်းက ပြောကြားသည်။

 

BAPA ကိန်းဂဏန်းများအရ ပို့ကုန်လုပ်ငန်းရှင်များသည် ၂၀၂၁-၂၂ ခုနှစ်တွင် သကြားလုံးတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့ကြသည်။

သကြားလုံးသည် ယခုနှစ်တွင် ပြုပြင်ထားသော စားသောက်ကုန် ပို့ကုန်အမျိုးအစားတွင် စတုတ္ထ အများဆုံး ဖြစ်ပါသည်။

ဘီစကွတ်နှင့် မုန့်ဖုတ်လုပ်ငန်း ထုတ်ကုန်ပစ္စည်းများသည် စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ပါသည်။။

ဟင်းခတ်ပစ္စည်းသည် ဒုတိယနှင့် အချိုရည်သည်  တတိယ နေရာ ရရှိသည်။ 

 

Square Food & Beverage Ltd ၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် Md Parvez Saiful Islam က  ဟင်းခတ်အမွှေးအကြိုင်များ ပြည်ပတွင် ဝယ်လိုအား ကြီးထွားလာနေသည်ဟု ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂ဝ၁၂ ဘဏ္ဍာနှစ်တွင် စားသောက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၄၅၈ သန်းရရှိခဲ့ပြီး ထိပ်တန်း ၁၀ မျိုးက ၉၁ ရာခိုင်နှုန်း ပါဝင်ပါသည်။

 

ပို့ကုန်လုပ်ငန်းရှင်များသည် အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများတွင် အဓိကလုပ်ကိုင်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အပေါ်တွင် စစချင်းမှာအာရုံစိုက်ခဲ့ကြောင်း Mridha က ပြောကြားသည်။

 

“ဘင်္ဂလားဒေ့ရှ်မဟုတ်တဲ့ စားသုံးသူတွေကို ပစ်မှတ်ထား တင်ပို့တဲ့ ပို့ကုန်တွေမှာ တန်းဖိုးဖြည့်ထည့် ပစ္စည်းတွေ ထပ်ထည့်ထားတာကြောင့် နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လက်လှမ်းမီမှုကို ချဲ့ထွင်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အာရပ်များသည် ဘင်္ဂလားဒေ့ရှ်မှ တင်ပို့သည့် မုန့်များနှင့် ဘီစကွတ်များကိုလည်း ဝယ်ယူကြသည်ဟု ၎င်းက ပြောကြားသည်။

 

 အရှေ့အလယ်ပိုင်းဒေသကို လေ့လာစူးစမ်းခဲ့ပြီး တူရကီမှ လာသည့် သကြားလုံးများသည် ဈေးကြီးကြောင်း သိရှိခဲ့သည်။

 

“ဒီတော့ ကျွန်တော်တို့က စျေးကွက်ကို အမိအရ ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်" ဟု Pran Group မှ Mridha က ပြောကြားသည်။

 

Pran Group သည် မုန့်ဖုတ်စက်ရုံအတွက် ကုန်ကြမ်းအချိုဓာတ်ရဖို့ ပီလောပီနံဥကို တောင်သူများနှင့် ကန်ထရိုက်ချုပ်ဆိုကာ စိုက်ပျိုး ထုတ်လုပ်သည်။ မုန့်အတွက် လိုအပ်သော အချိုဓာတ်အတွက် ပီလောပီနံဥမှ ထုတ်လုပ်သည့် ဂလူးကို့စ်အရည်ကို သုံးစွဲသည်။

"ကျွန်တော်တို့  အရှေ့အလယ်ပိုင်းနှင့် အာဆီယံဒေသတွေမှာ မုန့်များ ရောင်းချနေပါတယ်။ သကြားလုံး အမျိုးမျိုးကို ဩစတြေးလျနိုင်ငံသို့လည်း အများအပြား တင်ပို့နေပါတယ်" ဟု Mridha မှ ပြောကြားပါသည်။

 

"အရင်တုန်းကတော့ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စားသုံးသူတွေအပေါ်  အာရုံစိုက်ခဲ့တယ်။ အခု ကျွန်တော်တို့ဟာ ကမ္ဘာ့ဈေးကွက်ထဲကို တကယ့်သဘောနဲ့ ဝင်ရောက်ခဲ့ပါပြီ"ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ခေါက်ဆွဲများကို ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့သည်။ 

Olympic Industries Ltd ၏ အကြီးအကဲ Nazim Uddin က ကုမ္ပဏီသည် ကနဦးတွင် အရှေ့အလယ်ပိုင်းတးမှ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမား အများအပြားကို ဘီစကွတ်နှင့် မုန့်ပစ္စည်းများ ရောင်းချရန် ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားသည်။

အခြားနိုင်ငံသားများကပါ ဝယ်ယူစားသုံးကြသည့် အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သို့ဖြစ်ရာ ပိုမိုတင်ပိူ့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ တိုးသည်။

 

"ကျွန်တော်တို့ရဲ့ ဘီစကွတ်နဲ့ ကိတ်မုန့်ခြောက်တွေက ဘင်္ဂလားဒေ့ရှ် မဟုတ်တဲ့ စားသုံးသူတွေကြားမှာ အာရပ်တွေအပါအဝင် ရေပန်းစားပါတယ်" ဟု ၎င်းက ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်မှ ပြုပြင်ထားသော စားသောက်ကုန်များမှ ပို့ကုန်ဝင်ငွေသည် ၂၀၀၉-၁၀ ခုနှစ်နောက်ပိုင်း ခုနစ်ဆကျော် တိုးလာသည်။

 

ဆော်ဒီအာရေဗျနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ သန်းခွဲနီးပါး နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိသည့်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်ရာ ဆော်ဒီအာရေဗျသို့ ဘင်္ဂလားဒေ့ရှ်မှ ပြုပြင်ထားသော စားသောက်ကုန်များ အများဆုံးတင်ပို့နေသည်။ အကြီးမားဆုံး ပြည်ပဈေးကွက် ဖြစ်သည်။ ထိုအတိုင်း လာမည့်နှစ်များတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။

 

"ပြည်တွင်းကုမ္ပဏီတွေက အရည်အသွေးကောင်းတဲ့ ဘီစကွတ်တွေကို ထုတ်လုပ်ကြပါတယ်" ဟု Bombay Sweets & Company Ltd မှ ပို့ကုန်ဆိုင်ရာ အထွေထွေမန်နေဂျာ Khurshid Ahmad Farhad က ပြောသည်။

 

မလေးရှားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အများအပြားတို့ သွားရောက်ပြီး ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်နေကြသည်။ သို့ဖြစ်ရာ မလေးရှားသည်လည်း ဘင်္ဂလားဒေ့ရှ်မှ ပြုပြင်ထားသော စားသောက်ကုန်များအတွက် ဈေးကွက်တခု ဖြစ်လာမည်ဟု ၎င်းက ပြောကြားသည်။

 

Partex Star Group မှ ပိုင်ဆိုင်သော Danish Foods Ltd မှ လုပ်ငန်းအကြီးအကဲ Debasish Singha က ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ထားသော စားသောက်ကုန်များ စျေးကွက်သည် ကြီးမားပြီး အခွင့်အလမ်းများစွာကို ပေးဆောင်သည်ဟု ပြောကြားခဲ့သည်။

 

“ပြည်တွင်း စွန့်ဦးတီထွင်သူတွေက ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လိုအပ်ပြီး စျေးကွက်ဝေစု ပိုမိုရရှိဖို့ အာရုံစိုက်ဖို့လိုတယ်" ဟု ၎င်းက ပြောကြားသည်။

 

ပို့ကုန်မြှင့်တင်ရေးဗျူရိုမှ အချက်အလက်များအရ မုန့်အချိုများ တင်ပို့မှုသည် ယခင်နှစ်ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ သန်း ရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၄ သန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ စားသောက်ကုန်များတွင် စားသုံးသူတို့က အချိုရှောင်သည့် စားသုံးမှုဓလေ့ ထွန်းကားလာသောကြောင့်ဟု ယူဆရသည်။ 

 

ခေါက်ဆွဲနှင့် အီတလီခေါက်ဆွဲတို့ တင်ပို့မှု ၄၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ကန်ဒေါ်လာ ၃၅ သန်းဖိုး တင်ပို့ခဲ့သည်။

 

အာဆီယံဒေသနှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မှတ်ရေးထိုးပါက ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်များ တိုးလာမည်ဟု Pran Group မှ Mridha က ပြောသည်။

 

 ဟင်းခတ်အမွှေုးအကြိုင် တမျိုးချင်း တင်ပို့မှု လျော့ကျနေပြီး အသင့်ရောပြီးသား ဟင်းခတ်မှုန့်များ ဝယ်လိုအား တိုးလာသည်ဟု ၎င်းက ပြောကြားသည်။

 

နိုင်ငံတကာဈေးကွက်သို့ ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်ထုတ်လုပ်ရာတွင် ထည့်သုံးရသည့်  သစ်ကြံပိုးခေါက်နှင့် ဇီယာစေ့တို့ကို ပြည်ပမှ တင်သွင်းရသည်။ ထို့အတွက် အစိုးရမှ သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးသင့်သည်ဟု Mridha က ပြောကြားသည်။

 

photo_2023-10-26_09-36-25.jpg

Source thedailystar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 26 October 2023 09:37
Rate this item
(0 votes)