Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဘူးစိမ်းသုံးစွဲမှု Sprite ရပ်ဆိုင်း

ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဘူးစိမ်းသုံးစွဲမှု Sprite ရပ်ဆိုင်း

 

Sprite သည် နှစ်ပေါင်း ၆၀ ကျော်ကြာ သုံးစွဲခဲ့တဲ့  ၎င်း၏ အစိမ်းရောင် ပလပ်စတစ်ဘူးများ သုံးစွဲမှု ရပ်ဆိုင်းလိုက်ပါတယ်။ 

 

Sprite ရဲ့ မိခင်လုပ်ငန်း Coca-Cola က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၈) မှာ ဘူးစိမ်းများအစား အကြည်သားဘူးများဖြင့် Sprite ကို ထုတ်လုပ်တော့မှာ ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာ စတင်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 Sprite လက်ရှိသုံးနေတဲ့ ပလတ်စတစ် ဘူးစိမ်းမှာ အစိမ်းရောင် ဆိုးဆေး ထည့်သွင်း သုံးစွဲထားတဲ့အတွက် စွန့်ပစ်ဘူးဟောင်းကို ဘူးသစ်ထုတ်ဖို့ ကုန်ကြမ်းအဖြစ် သုံးစွဲဖို့ အခက်အခဲ ရှိနေတဲ့အတွက် စွန့်ပစ်ဘူးဟောင်းများ တစ်ဖန်ပြန်သုံးစွဲဖို့ လွယ်ကူစေရန် ဆိုးဆေးမပါတဲ့ အကြည်သားကို ပြောင်းလဲသုံးစွဲလိုက်တာ ဖြစ်ပါတယ်။ ယခင်ဘူးစိမ်းက ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်သုံးစွဲလို့ မရနိုင်တာကြောင့် ပလတ်စတစ်စွန့်ပစ်အမှိုက်အဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေပါတယ်။ ယခု အကြည်သားဘူးကို  ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်သုံးစွဲလို့ ရနိုင်ပါတယ်။ 

 

unnamed_1.jpg

 

သုံးနေကျ အစိမ်းရောင်ကို ဘူးပတ်နှင့် ဘူးဖုံးတို့မှာတော့ ဆက်လက်သုံးစွဲပါတယ်။

Coca-Cola က ထုတ်လုပ်တဲ့ Fresca, Seagram's , Mello Yello, will တို့ကိုလည်း လာမယ့်လများမှာ ဘူးအကြည်သားဖြင့် ထည့်သွင်း ထုတ်လုပ်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ပလတ်စတစ်အသားကိုလည်း ရာနှုန်းပြည့် တစ်ဖန်ပြန်သုံးနိုင်သော ပလတ်စတစ်  100% recycled plastic ကို သုံးစွဲပါတယ်။

#MyanmarFoodIndustryGuide 

 Telegram Channel  https://t.me/Guid4U

 

Read times
Rate this item
(0 votes)