Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအစာဘေးကင်းရေးနှင့်အခြေခံအရည်အသွေးမြှင့်တင် ဒေါ်လာ (၆) သိန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်

အစားအစာဘေးကင်းရေးနှင့်အခြေခံအရည်အသွေးမြှင့်တင်မှုအတွက် အမေရိကန်ဒေါ်လာ (၆) သိန်းခန့်ကို အတူတကွရင်းနှီးမြှုပ်နှံသွားမည်။

“Feed the Future Burma စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့် Myanmar Innovative Life Sciences (MILS) တို့၏ မိတ်ဖက်သဘောတူညီအကျိုးတူပူးပေါင်းဆောင်ရွက်မှု” အမည်ဖြင့် စီမံကိန်းကိုစတင်နိုင်ရန် နားလည်မှုစာချွန်လွှာတရပ် (Memorandum of Understanding) အား အွန်လိုင်းမှတဆင့် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ယခုကဲ့သို့အတူတကွပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စားသောက်ကုန် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတကာဈေးကွက်နှင့်ချိတ်ဆက်နိုင်မှုအခွင့်အလမ်းများ ပိုမိုရရှိလာစေရန်အတွက် အစားအစာဘေးကင်းရေးနှင့်အရည်အသွေးမြှင့်တင်နိုင်ရေးဆိုင်ရာ နည်းပညာအကူအညီပေးရေးဝန်ဆောင်မှုများပေးအပ်သွားရန် ရည်ရွယ်ထား ခြင်းဖြစ်ပါတယ်။
ယခုစီမံကိန်းကို အကျိုးတူပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် မိတ်ဖက်အဖွဲ့အစည်းနှစ်ခုအနေဖြင့် စီမံကိန်း၏မျှော်မှန်းချက်ရလာဒ်များပြည့်မီစေရေးအတွက် နောင်လာမည့် (၃) နှစ်အတွင်း အမေရိကန်ဒေါ်လာ (၆၀၀,၀၀၀) နီးပါးကို-
• ပင်မအစားအသောက်အရည်အသွေးထိန်းချုပ်ရေးဓာတ်ခွဲခန်းကို နိုင်ငံတကာစံချိန်စံညွှန်း ISO/IEC 17025 အသိအမှတ်အပြုလက်မှတ်ရရှိရေးလုပ်ငန်းစဉ်များဆောင်ရွက်သွားရန်၊
• ဓာတ်ခွဲစစ်ဆေးပေးနိုင်မှုအတွက် ထပ်တိုးဝန်ဆောင်မှု(၅)မျိုး တိုးချဲမြှင့်တင်မှုများဆောင် ရွက်သွားရန်နှင့်
• မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် များတွင် စားသောက်ကုန် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်လျက်ရှိသည့်လုပ်ငန်းများနှင့် တောင်သူလယ်သမားများအား အဆိုပါဓာတ်ခွဲစမ်းသပ်စစ်ဆေးရေးဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်နိုင်ရေးဆောင်ရွက်သွားရန်အတွက် အတူတကွရင်းနှီးမြှုပ်နှံသွားကြမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထို့အပြင် Feed the Future Burma စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း အနေဖြင့် Myanmar Innovative Life Sciences ၏ ပင်မအစားအသောက်အရည်အသွေးထိန်းချုပ်ရေးဓာတ်ခွဲခန်းကို နိုင်ငံတကာစံချိန်စံညွှန်း ISO/IEC 17025 အသိအမှတ်အပြု လက်မှတ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နည်းပညာအကူအညီများပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စီမံကိန်းစတင်ဆောင်ရွက်ခြင်းအပေါ် MILS ၏ အမှုဆောင်အရာရှိချုပ်(CEO) ဦးကျော်သူထက်၏ မှတ်ချက်ပြုစကားမှာ “MILS အနေနဲ့ စားသောက်ကုန် စိုက်ပျိုးမွေးမြူ၊ ထုတ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေနဲ့ တောင်သူလယ်သမားတွေအတွက် လိုအပ်သည့် စားသောက်ကုန်အရည်အသွေးထိန်းချုပ်ရေးဝန်ဆောင်မှုတွေကိုပေးအပ်ခြင်းအားဖြင့် ဒီလုပ်ငန်းတွေအနေနဲ့ပိုမိုဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်တွေကို စနစ်တကျ ထုတ်လုပ်နိုင်လာကြမှာဖြစ်ပြီး ဈေးကွက်ချိတ်ဆောင်ရွက်နိုင်မှုမှာလည်း ဒီထက်မက ပိုမိုအားကောင်းလာမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စားသောက်ကုန် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်သည့် မည်သည့်လုပ်ငန်းရှင်၊ တောင်သူလယ်သမားကိုမဆို တိုင်းရင်းသားရေး၊ လူမျိုးရေးခွဲခြားခြင်းမရှိဘဲ ဒီဝန်ဆောင်မှုတွေကိုပေးအပ်ကူညီသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့အမေရိကန်နိုင်ငံသားတွေဆီကနေ ယခုလိုပံ့ပိုးကူညီမှုကို လက်ခံပြီး Feed the Future Burma စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်ရေးကနေတဆင့် ငြိမ်းချမ်းရေးနဲ့ နိုင်ငံသာယာဝပြောရေးကိုပါ အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုတာကိုယုံကြည်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ယခုစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ာ MILS အဖွဲ့သားများ ၊ အမေရိကန်နိုင်ငံတကာဖွံ့ ဖြိုးရေးအေဂျင်စီ (USAID) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ACDI/VOCA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အဖွဲ့သားများအားလုံးက အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။

သတင်းထုတ်ပြန်ကြေငြာချက်အသေးစိတ် (Press Release) ကို လေ့လာဖတ်ရှုနိုင်ပါတယ်။



Read times
Rate this item
(0 votes)