Food & Health



၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပျားရည်တန်ချိန် ၁၉၀၀ ကျော် တင်ပို့နိုင်ခဲ့

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပျားရည်တန်ချိန် ၁၉၀၀ ကျော် တင်ပို့နိုင်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ ဧပြီလ ၁ ရက်တွင် အစပြုပြီး ၂၀၂၃ မတ်လ ၃၁ ရက်တွင် အဆုံးသတ်သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ  ပျားရည်တန်ချိန် ၁၉၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ဝင်ငွေရရှိခဲ့ပါသည်။

.

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းမှ ပျားရည်တန်ချိန် ၁၈၅၃ ဒသမ ၇၄ တန် တင်ပို့ခဲ့ပြီး ကုန်းလမ်းနယ်စပ်မှတစ်ဆင့် ပျားရည် ၆၃ ဒသမ ၄၄ တန် တင်ပို့ခဲ့ပါသည်။

 

 

photo_2023-04-13_10-50-58.jpg

.

 

မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးခြံအများစုမှာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တည်ရှိပါသည်။  ယခုနှစ်တွင် ပျားရည်ထုတ်လုပ်မှု လျော့ကျနေသဖြင့် ပြည်ပတင်ပို့မှု လျော့ကျပါသည်။

.

ပုံမှန်အားဖြင့် နှစ်စဉ် ပျားရည်တန်ချိန် ၄,၀၀၀~၅,၀၀၀ ထုတ်လုပ်ပြီး ပြည်ပသို့ တန်ချိန် ၃,၀၀၀ ဝန်းကျင် တင်ပို့ပါသည်။

 

 

photo_2023-04-13_10-53-18.jpg

.

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်နှင့် စင်ကာပူ နိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့ပါသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပျားရည် အမျိုးအစားများမှာ နှမ်းပျားရည်၊ ဂျူဂျူဘီပျားရည်၊ နေကြာပန်းပျားရည်၊ ရာဘာပျားရည်၊ လိုင်ချီးပျားရည်နှင့် ပန်းမျိုးစုံပျားရည်တို့ ဖြစ်ပါသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 13 April 2023 10:56
Rate this item
(0 votes)