Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းကျန်ကို ဘယ်လိုပုံစံနဲ့ စားမလဲ

ညကကျန်တဲ့ ထမင်းကျန်ကို မနက်မှာ ပြန်နွှေးစားရတာက


ထမင်းအသစ်ချက်ရတာထက်စာရင် ကရိကထ ပိုနည်းပါတယ်။ အလုပ်များသူအဖို့ ပိုအဆင်ပြေပါတယ်။

 

ခုနောက်ပိုင်းကာလမှာ ထမင်းကျန် ပြန်နွှေးစားရင် အစာအဆိပ်သင့်တတ်တယ်လို့
လူပြောများလာပါတယ်။

 

အစာအဆိပ်သင့်ရခြင်းရဲ့ တကယ့်အခြေခံအကြောင်းရင်းက ထမင်းကျန်ကို ပြန်နွှေးခြင်းကြောင့် မဟုတ်ဘဲ ညကထမင်းချက်ပြီးတော့ ထမင်းကို ဘယ်ပုံဘယ်နည်း ထားသလဲဆိုတာက
အစာအဆိပ်သင့်ခြင်းရဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။

 

ထမင်းဟာ ချက်ရတာလွယ်သလို၊ စားသုံးရတဲ့အခါမှာ အခြားအစားအစာတွေထက်ပိုပြီး ဆာဆောင်မှုကို ပြေပျောက်စေပါတယ်။ တင်းတိမ်စေပါတယ်။ ဓါတ်မတည့်စေတဲ့ပစ္စည်း ( food allergens ) ကင်းတဲ့ စားစရာအမျိုးအစားမှာ ထမင်းပါဝင်ပါတယ်။


ထမင်းမှာ ဂလူတင် ( Gluten ) မပါပါဘူး၊ ဂလူတင်နဲ့ ဓါတ်မတည့်သူတွေ ထမင်းစားသုံးနိုင်ပါတယ်။

 

ထမင်းမှာ ဘက်တီးရီးယားမျိုးမှုန်တွေ ( spores of a bacterium (Bacillus cereus)
ကပ်တွယ်နေတတ်ပါတယ်။

 

Bacillus cereus ဆိုတာ လေမရှိတဲ့နေရာမှာ ရှင်သန်နိုင်တဲ့ ဘက်တီးရီးယားမျိုး
ဖြစ်ပါတယ်။ ၎င်းတို့ဟာ မြေကြီးပေါ်မှာ၊ အပင် သီးနှံပေါ်မှာ ပြန့်နှံ့နေထိုင်ပါတယ်။


၎င်းဘက်တီးရီးယားက အပူအအေး ရာသီဥတုဒဏ်ခံနိုင်တဲ့ Endospores ခေါ်
မျိုးမှုန်တွေ ထုတ်လုပ်ပါတယ်။ ၎င်း မျိုးမှုန်တွေက ထမင်းထဲထိ ကပ်ငြိနေနိုင်ပါတယ်။

 

၎င်းဘက်တီးရီးယားက ထမင်းကြော်ရောဂါစု "fried rice syndrome" ဖြစ်စေပါတယ်။


အခန်းမပူချိန်မှာ အချိန်အကြာကြီး ထားတဲ့ ထမင်းကြော်ကို စားမိတဲ့အခါ
ပျို့အန် ဝမ်းကိုက် ဖြစ်စေတာ ဒီဘက်တီးရီးယားက ထုတ်လွှတ်တဲ့ အဆိပ်တွေကြောင့်
ဖြစ်ပါတယ်။

 

ထမင်းကို မဖုံးမအုပ်ဘဲ အခန်းအပူချိန်မှာ အချိန်ကြာကြာထားရင်
မျိုးမှုန်များမှ ဘက်တီးရီးယားများ ပေါက်ပွားလာပြီး အဆိပ်များ ထုတ်လွှတ်တဲ့အတွက်
အဆိပ်သင့်စေပြီး အော့အန်ခြင်း၊ ဝမ်းကိုက်ခြင်းများ ဖြစ်စေပါတယ်။

 

ထမင်းကျန်ရင် ရေခဲသေတ္တာထဲမှာ အအေးခံထားသင့်ပါတယ်၊
ထမင်းကျက်ပြီး တစ်နာရီလောက်မှာ ရေခဲသေတ္တာထဲ ထည့်တာ ပိုကောင်းပါတယ်။


တစ်ရက်ထက်ပိုပြီးလည်း မထားသင့်ပါဘူး၊ ပြန်နွှေးတဲ့အခါ ရေအနည်းငယ်ဖြန်းပြီး အငွေ့ခြောင်းခြောင်းထွက်တဲ့ထိ ပူအောင် နွှေးသင့်ပါတယ်။ အကြိမ်ကြိမ်တော့ ပြန်မနွှေးသင့်ပါဘူး။

 

တကယ်တမ်းကတော့ ပြန်နွှေးတဲ့ထမင်းမှာ အဟာရဓါတ်တွေ ဆုံးရှုံးသွားပါပြီ၊ ကျန်းမာရေးအတွက် သိပ်မကောင်းတော့ပါဘူး။


ထမင်းကျန် စားတတ်တဲ့အကျင့်က ကျန်းမာရေးနဲ့ မညီညွတ်တာမို့ မစားခင် ပြန်စဉ်းစားစေချင်ပါတယ်။

 

Credit: ဒေါက်တာမြင့်သိန်း

Read times Last modified on Tuesday, 18 September 2018 13:12
Rate this item
(7 votes)