Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးမွေးမြူရေးကန်များ အထူးသတိရှိရန်လိုအပ်

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင်ရှိသော ငါးမွေးမြူရေးလုပ်ငန်းများအနေဖြင့် ဖြစ်ပေါ်လာနိုင်မည့် ရေကြီးမှုအခြေအနေများမှကာကွယ်မှုများကို

ယခုအချိန်မှစတင်၍ကြိုတင်ပြင်ဆင်ထားသင့်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်ကဇူလိုင်လ၂၄ရက်တွင်ပြုလုပ်သည့် ငါးလုပ်ငန်းအစည်းအဝေးတွင်တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

 

ဒီနှစ်မိုးရာသီကအားလုံးသိတဲ့အတိုင်းပဲ စတင်တဲ့အချိန်ကထဲကမုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေက မြန်မာပြည်အထက်ပိုင်းနဲ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်၊အဲဒါတွေကအခုအချိန်မှာ မြန်မာပြည်အောက်ပိုင်းဒေသတွေကို ရောက်ရှိလာနိုင်တဲ့အတွက် အခုထဲကစပြီးပြင်ဆင်ထားသင့်နေပြီဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

 

ယခုနှစ်မိုးရာသီအစတွင်စစ်တောင်းမြစ်၊ ချင်းတွင်းမြစ်၊သံလွင်မြစ်နှင့် ဧရာဝတီမြစ်တ၀ှမ်းတို့တွင် ရေကြီးရေလျှံမူများ ဖြစ်ပေါ်ခဲ့ပြီဖြစ်ပါတယ်။

 

 

လက်ရှိအချိန်တွင်မိုးကာလမှာသြဂုတ်လနှင့် စက်တင်ဘာလ နှစ်လကျန်ရှိနေသေးပြီးမိုးလေ၀သသတင်းများတွင်လည်း ရေကြီးမှုဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်သတိပေးထားပါတယ်။

 

 

ဧရာဝတီတိုင်းရန်ကုန်တိုင်း နှင့်ပဲခူးတိုင်းအနောက်ပိုင်းတို့ရှိ ငါးမွေးမြူရေးကန်များအနေဖြင့်အထူးသတိရှိရန်လိုအပ်ကြောင်းနှင့်၂၀၁၅ နှင့်၂၀၁၆ခုနှစ်တွင်လည်း အဆိုပါဒေသများတွင် ရေကြီးရေလျှံမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့သည့်အတွက်ငါးမွေးမြူရေးကန်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

 

၂၀၁၇ခုနှစ်တွင်တော့အနည်းငယ်သက်သာမှုရှိခဲ့ပြီး လာမည့်သြဂုတ်လနှင့်စက်တင်ဘာလတို့တွင်သတိထားရမည့်ကာလဖြစ်နေကြောင်းဦးဝင်းကြိုင်က ပြောကြားခဲ့ပါတယ်။

 

 

အဆိုပါကာလအတွင်းငါးမွေးမြူရေးကန်များအနေဖြင့် ဆုံးရှုံးမှုများမဖြစ်ပွားစေရန် ငါးကန်များကိုကာရံခြင်းများနှင့် ငါးများကို ဖော်ယူသင့်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်ကသတိပေးထားပါတယ်။

 

 

၂၀၁၅နှင့်၂၀၁၆ခုနှစ်များတွင် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိငါးပုစွန်မွေးမြူရေးကန်ဧက လေးသိန်းခွဲခန့်ရှိသည့်အနက်ငါးမွေးမြူရေးကန်ဧကသုံးသောင်းခွဲနီးပါးနှင့် ပုစွန်မွေးမြူရေးကန်ဧကငါးသောင်းရှစ်ထောင်ကျော်တန်ဖိုးအားဖြင့် ကျပ်၅၀ဘီလီယံခန့်ဆုံးရှုံးမှုရှိခဲ့ကြောင်းအဆိုပါအဖွဲ့ချုပ် စာရင်းများအရသိရပါတယ်။

 

Source: Myanmar Business Today

Read times Last modified on Tuesday, 18 September 2018 11:38
Rate this item
(2 votes)