Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ဖလှယ်စနစ်ဖြင့် တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း ပထမဆုံးအကြိမ် တင်ပို့မည်

အပြန်အလှန် ကုန်ဖလှယ်စနစ်ဖြင့် တရုတ်သို့ ဆန်တန်ချိန် တစ်သိန်း ပထမဆုံးအကြိမ်တင်ပို့ရန် နားလည်မှုစာချွန်လွှာ ရေးထိုးလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

 

၎င်းစနစ်ဖြင့် မြန်မာနိုင်ငံဘက်က မြန်မာ့လယ်ယာထွက်ကုန်များဖြစ်တဲ့ ဆန်၊ သကြား၊ ပဲအမျိုးမျိုး၊ နှမ်းတို့ကို တင်ပို့မှာဖြစ်သလို တရုတ်ဘက်က ဓာတ်မြေသြဇာ၊ သံမဏိပစ္စည်းများ၊ စိုက်ပျိုးရေး ယန္တရားများ၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများနဲ့ မော်တော်ယာဉ်တပ်ဆင်ပစ္စည်းများကို ပြန်လည်ဝယ်ယူရမှာ ဖြစ်ပါတယ်။ တရုတ်ကနေ ပစ္စည်းတင်သွင်းလိုတဲ့ ကုန်သည်တွေအနေနဲ့ မန္တလေးဆန်ဖွံ့ဖြိုးရေးကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်သလို နယ်စပ်ကနေ ဆန်တင်ပို့ရောင်းချကြရင်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ဦးစိုင်းကျော်က ပြောပါတယ်။

 

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများ ပြန်လည်တွေ့ဆုံပြီး အရေအတွက်နဲ့ ဈေးနှုန်းစတဲ့ အရောင်းအဝယ်ကိစ္စများကို ဆက်လက်ဆွေးနွေးကာ ဆန်စပါးကို ဦးစားပေးတင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။ တရုတ်သို့ ဆန်တင်ပို့သူများအနေနဲ့ နှစ်နိုင်ငံကြား သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များနဲ့အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံကို ဆန်တင်ပို့မယ့်ကုန်သည်တွေဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အသင်းဝင်ဖြစ်ဖို့ လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပ ဆန်စပါးဈေးကွက်မှာ အရောင်းအဝယ်အတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။ ဒါ့ပြင် ကုမ္ပဏီပိုင်ဆန်စက် ဒါမှမဟုတ် သိုလှောင်ရုံရှိဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်ဆန်စက်၊ သိုလှောင်ရုံမရှိရင်လည်း တခြားဆန်စက်၊ သိုလှောင်ရုံပိုင်ရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

ဆန်တင်ပို့ဖို့ အဆိုပြုထားတဲ့ ဆန်စက်သိုလှောင်ရုံဟာ လက်ရှိပုံမှန် လည်ပတ်နေပြီးတော့ လိုအပ်လာရင် စစ်ဆေးမှုကိုလည်း ခံယူနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံတို့အကြား ချုပ်ဆိုထားတဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီဖြစ်ဖို့ လိုအပ်ပါတယ်။

 

ဆန်များ ပြုပြင်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်းဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့အစည်းများသည် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီးသားဖြစ်ရပါမယ်။ သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိပါက နောက်ကြောင်း ပြန်စစ်ဆေးနိုင်ရန် တင်ပို့မည့် ကုန်ပစ္စည်းအမည်၊ လိပ်စာနဲ့ မှတ်ပုံတင်နံပါတ်တို့ တိတိကျကျလိုအပ်ပါတယ်။

 


Read More >>>  နဂါးမောက်သီး အထွက်နှုန်းလျော့ကျပြီး ဒေသစုံမှ ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်း

 


မြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာအတွင်း တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ ပိုးမွှားများပေါက်ပွားမှု လျော့နည်းစေရန် ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းကို မဖြစ်မနေ အသုံးပြုရခြင်းတို့ သတ်မှတ်ထားပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံကို တင်ပို့မယ့်ဆန်များ ထုပ်ပိုးတဲ့နေရာတွေဟာ သန့်ရှင်းပြီး ဘေးဖြစ်စေတဲ့ သက်ရှိဇီဝပိုးများ ကင်းစင်အောင် စီမံဆောင်ရွက်ထားရကြောင်း၊ တင်ပို့မယ့်ဆန်များကို သီးသန့်သိုလှောင်ထားရကြောင်း၊ အသုံးပြုမယ့် ထုပ်ပိုးပစ္စည်းများမှာ အသစ်ဖြစ်ရပြီး ဘေးဖြစ်စေတဲ့ သက်ရှိဇီဝပိုးမွှားများနဲ့ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းများမပါဝင်စေရန် အထူးဂရုပြု စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံကို တင်ပို့မယ့် ဆန်အိတ်များမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့“ ဟူသော အမှတ်အသားနဲ့ ဆန်အုပ်စု၊ ကြိတ်ခွဲသည့်စက်ရုံ၊ တင်ပို့သူအမည်၊ လုပ်ငန်းမှတ်ပုံတင်အမှတ်နဲ့ ကုမ္ပဏီလိပ်စာတို့ကို တရုတ် - မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြရမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: The Farmer Myanmar


Myanmar Food Industrial Directory

Read times Last modified on Monday, 29 July 2019 17:01
Rate this item
(0 votes)