Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လေရှုံ့ထုပ်ပိုးခြင်းတွေဟာအန္တရာယ်ရှိနိုင်သလား????

လေရှုံ့ထုပ်ပိုးခြင်းတွေဟာအန္တရာယ်ရှိနိုင်သလား???? FDA

လေရှုံ့ထုပ်ပိုးခြင်းတွေဟာအန္တရာယ်ရှိနိုင်သလား။ လေရှုံ့ထုပ်ပိုးခြင်းဆိုတာဘာလဲ။

ဘာလို့ဒီနည်းပညာကိုသုံးလာကြတာလဲ။ ဘယ်လိုပလတ်စတစ်မျိုးကိုသုံးသင့်လဲ။ အန္တရာယ်ပေးနိုင်တဲ့အချက်တွေကဘာတွေလဲ။

 

၁/လေရှုံ့ထုပ်ပိုးခြင်းဆိုတာဘာလဲ?

အစားအသောက်တစ်ခုကိုထည့်သွင်းထုပ်ပိုးမည့်ပစ္စည်းအတွင်းသို့ထည့်ပြီးအတွင်းမှာရှိနေသောလေကိုဦးစွာဖယ်ရပါမယ်။ နောက်ပြီးရင်အပေါ်ကနေအပူချိန်အနိမ့်နဲ့ဖိပြီးထုပ်ပိုးပိတ်တဲ့နည်းပညာဖြစ်ပါတယ်။


၂/ဘာလို့ဒီနည်းပညာကိုသုံးလာကြတာလဲ?

အဓိကအားဖြင့်လေကိုဖယ်ထုတ်လိုက်တဲ့အတွက် လေရှိမှအသက်ရှင်နိုင်တဲ့မှိုနဲ့ဘက်တီးရီးယားအစရှိတဲ့ပိုးမွှားတွေပေါက်ဖွားမှုကိုထိန်းချုပ်နိုင်ပြီးသားဖြစ်တဲ့အတွက်အစားအသောက်တွေရဲ့သက်တမ်းကိုပိုမိုတာရှည်ခံစေပါတယ်။ အစားအသောက်ရဲ့အရည်အသွေးကိုလဲ ပိုမိုထိန်းထားပေးနိုင်သလိုဆီချေးစော်နံတာကိုလဲကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်သယ်ယူပို့ဆောင်တဲ့အခါမှာပိုမိုလွယ်ကူစေနိုင်ပါတယ်။


၃/ဘယ်လိုပလတ်စတစ်မျိုးကိုသုံးသင့်လဲ?
အစားအသောက်မှာသုံးစွဲရန်ခွင့်ပြုထားတဲ့ Food Grade Plastic (Polypropylene) လိုမျိုးပလတ်စတစ်ကိုအသုံးပြုသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Oxygen ဝင်ရောက်မှုကိုဟန့်တားနိုင်အောင်နဲ့ထုပ်ပိုးတဲ့အခါမှာပေးတဲ့အပူဒဏ်ကိုခံနိုင်အောင်ဖြစ်ပါတယ်။


၄/အန္တရာယ်ပေးနိုင်တဲ့အချက်တွေကဘာတွေလဲ?
ပထမဆုံးအနေနဲ့ဒီလိုထုပ်ပိုးထားတဲ့ပစ္စည်းတွေဟာဖောက်ရခက်ခဲတတ်ပါတယ်။ လေမရှိဘဲအသက်ရှင်နိုင်ပြီးလူ့အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ Botulism လိုမျိုးပိုးတွေဟာဆက်လက်ပွားများနိုင်သေးတဲ့အတွက်အန္တရာယ်ကင်းပြီလို့သတ်မှတ်မရနိုင်ပါဘူး။ ဒါကြောင့်ထုတ်ပိုးမှုမပြုမီသေချာစွာပိုးသတ်တာသန့်ရှင်းအောင်ပြုလုပ်တာတွေလုပ်ထားသင့်ပါတယ်။ စားသုံးသူများအနေဖြင့်လေရှုံ့ထုပ်ပိုးထားတဲ့အစားအသောက်တွေစားသုံးတဲ့အခါသုံးစွဲရန်အညွှန်းထဲကအတိုင်းသေချာဖတ်ပြီးမှပြင်ဆင်စားသုံးသင့်ပါတယ်။

 

By Wyk (Myanmar Food Guide)

FDA

Read times
Rate this item
(0 votes)