Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုံရွာဒေသထွက် စိန်တလုံးသရက်သီးတစ်တန်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးနှုန်းမြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ ဒေသထွက် စိန်တလုံးသရက်သီးများအား လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စတင်၍

ပြည်ပသစ်သီးအရောင်းဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ရာ ပြည်ပနိုင်ငံများမှ စားသုံးမှုများလာသဖြင့် မှာယူစားသုံးမှုအဆင့် (၃) အထိ ရောက်ရှိလာကာ ယခုနှစ် ရာသီပေါ် စိန်တလုံး သရက်သီးတစ်တန်လျှင် ငွေကျပ် ၁၃ သိန်းမှ ၁၅ သိန်းအထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါတယ်။

 

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သော စိန်တလုံး သရက်သီးများက ဓာတုပိုးသတ်ဆေးဒြပ်ကြွင်းများ ပါဝင်ခြင်းလုံးဝမရှိစေရန် သရက်ခြံလုပ်သားများက အထူးကြပ်မတ်စိုက်ပျိုးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မုံရွာမြို့နယ်မှ ထွက်ရှိသော ဒေသထွက်စိန်တလုံး သရက်သီးများက တစ်နှစ်သားမျိုးရင်းများဖြစ်ပြီး ယင်းမျိုးရင်းအား မြေချပြီးနောက် သုံးနှစ်သားအရွယ်တွင် ပန်းစပွင့်ပြီး ယင်းသရက်သီးအဖူးများ ပွင့်လာစေရန် တစ်လအလိုကာလတွင် သရက်ပင်များ ရေသွင်း လောင်းခြင်းကို ဖြတ်တောက်ခဲ့ပြီး သရက်သီးအင်းထိုးချိန်သို့ရောက်မှ ရေပြန်လည်သွင်းလောင်းခြင်းကို ပြုလုပ်ရကြောင်း သိရပါတယ်။

 

ယင်းသို့ ပြုလုပ်ရခြင်းမှာ သရက်ပွင့်များ ပွင့်အားလိုက်စေပြီး ရွက်ညွန့်များမထိုးစေရန် သီးရင်းအညှာများ ပိုမိုခိုင်ခံ့စေရန်အတွက်ဖြစ်ပါတယ်။

 

အရွယ်အစားလှပပြီး အနံ့၊ အရသာများကောင်းမွန်ကာ သီးထိုးပိုးကင်းရှင်းပြီး ဓာတုပိုးသတ်ဆေးဒြပ်ကြွင်းကင်းရှင်းသော ကျွန်းလှဒေသထွက် စိန်တလုံးသရက်သီးများကို ပြည်ပနိုင်ငံများသို့ အ၀ယ်ဒိုင်များမှတစ်ဆင့် တင်ပို့ရောင်းချရာတွင် အရွယ်အစားလှပပြီး သီးလုံးချောများကို အေသုံးလုံးဆိုဒ်နှင့် အေနှစ်လုံးဆိုဒ်ဟု ခွဲခြားသတ်မှတ်ထားကာ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပြည်ပသို့ တင်ပို့ရောင်းချသော သီးလုံးအရွယ်အစားထက် အနည်းငယ်သေးသော အသီးများကို B ဆိုဒ်နှင့် C ဆိုဒ်ဟုဆိုကာ ခွဲခြားသတ်မှတ်ထားပြီး ပြည်တွင်းစားသုံးသူဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

ထို့ကြောင့် ပြည်တွင်းစားသောက်ကုန်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီးများက စိန်တလုံးသရက်ကို အထူးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 14:30
Rate this item
(0 votes)