Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေထွက်ကုန် ၂၁ မျိုး တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရဖို့ တင်ပြထား

ရေထွက်ကုန် ၂၁ မျိုးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရဖို့ တင်ပြထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

လက်ရှိမှာ ရေထွက်ကုန်အချို့ ကို တရုတ်နိုင်ငံသို့ တင်ပို့နေပေမယ့်လည်း သူတို့နိုင်ငံရဲ့  ကုန်ပစ္စည်းအရည်အသွေးစိစစ်ရေးဌာန (AQSIQ) မှာ မှတ်ပုံမတင် နိုင်သေးတဲ့အတွက် ရေထွက်ကုန်အမယ်တွေကျန်ရှိနေသေးတဲ့အတွက် တင်ပို့ရာမှာ အခက်အခဲဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင် များရဲ့  လစဉ်ပုံမှန်အစည်းအဝေးမှာလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတငက တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းတွေဖြစ်တဲ့ မွေးမြူရေးငါး၊ ပုစွန်တွေတင်ပို့ရာမှာ အခက်အခဲတွေ တွေ့ ကြုံ နေရတာကြောင့် ဖြေရှင်းပေးဖို့ တင်ပြခဲ့ပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက အဓိက တင်ပို့တဲ့အခါ အခက်အခဲဖြစ်တာက ငါးတန်နဲ့ ပုစွန်ဖြူပေါ့၊ ဒါကလဲ တင်ပို့ တာ မကြာသေးတော့ ချက်ချင်းမဖြစ်သေးတာပါ။ အခု ၂၁ မျိုးထဲမှာ အဲဒါတွေလည်း ပါတယ်။ နိုင်ငံခြားရေးဌာနကနေ ပို့လိုက်ပြီလို့ ပြောပါတယ်။

 

ဒါ့အပြင် ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ တင်ပြထားတဲ့ ကြက်နှင့် ငါးနှစ်မျိုးတွဲကာ မွေးမြူနေခြင်းကို ဖြေရှင်းပေးနိုင်ဖို့ကတော့ အချိန်ယူရဦးမှာဖြစ်ပြီး အလောတကြီးလုပ်ဆောင်လိုက်ရင်လည်း လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

 

Read More >>>>>  ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

 

ဒေါ်တိုးနန္ဒာတင်က ကြက်နဲ့ငါးနှစ်မျိုးတွဲကာ မွေးမြူတဲ့ လုပ်ငန်းတွေက ထွက်တဲ့ငါးတွေကို အစားအသောက်ဘေးကင်းလုံခြုံမှုမရှိဘဲ ပြည်ပသို့ တင်ပို့ဖို့အခက်အခဲတွေရှိနေတာကြောင့် အခုလို နှစ်မျိုးပေါင်းကာ မွေးမြူခြင်းကို ဥပဒေတစ်ရပ်ထုတ်ကာ တားမြစ်ပေးဖို့ အစိုးရထံ တင်ပြခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းတစ်ခုကို တိုင်းနဲ့ပြည်နယ်တွေမှာ ပရောဂျက်ကြီး အသစ်တစ်ခုဖြင့်စကာ လုပ်ကိုင်နိုင်ဖို့အတွက် ဘဏ်ချေးငွေတွေရရှိအောင် Project Bank နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ လည်း ဒေါ်တိုးနန္ဒာတင်က အစိုးရနဲ့တွေ့ဆုံပွဲမှာ တင်ပြခဲ့ပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ရေထွက်ကုန်တင်ပို့မှုကနေပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်လျာထားပမာဏကတော့ ဒေါ်လာသန်း ၆၆၀ ကျော်ဖြစ်ပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 02 July 2019 13:41
Rate this item
(1 Vote)