Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတုပူပြင်းသောကြောင့် ငွေနှင်းမှို အထွက်နှုန်း နည်းပါး

ယခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းသောကြောင့် ငွေနှင်းမှို အထွက်နှုန်းနည်းပါးကာ ရန်ကုန်ဈေးကွက်သို့ အဝင်နည်းနေကြောင်း မြန်မာနိုင်ငံ မှိုစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်၏ ပြောဆိုချက်အရ သိရသည်။


ထိုသို့ ဝင်ရောက်မှု နည်းပါးသော်လည်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၆ဝဝဝ ဝန်းကျင်သာ ရရှိကြောင်း  သိရသည်။


''သင်္ကြန်ကာလပြီးနောက်ပိုင်း ရန်ကုန် ဈေးကွက်ထဲမှာ ငွေနှင်းမှို အဝင်နည်းတယ်။ ဈေးကလည်း အတက်အကျ သိပ်မရှိဘူး။ ဈေးကွက် အခြေအနေကတော့   နောက် တစ်ပတ်လောက်မှ လှုပ်နိုင်မယ်။  လက်ရှိ မှာ   ရာသီဥတုပူလို့  အထွက်နည်းတာပဲ ရှိတယ်'' ဟု ဦးတင်အောင် ကပြောသည်။


ရန်ကုန်ဈေးကွက်အတွင်း ငွေနှင်းမှိုအပြင် ကောက်ရိုးမှို၊  ကြွက်နားရွက်မှိုများ  ပုံမှန် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။


လက်ရှိတွင် ကောက်ရိုးမှို လက်လီ တစ် ပိဿာလျှင်  ငွေကျပ် ၇ဝဝဝ မှ ၈ဝဝဝ     ဝန်းကျင်ရှိကာ လက်ကား တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ မှ ၆ဝဝဝ အထိ  ဈေးနှုန်း ရှိကြောင်း သိရသည်။

 

Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်


လတ်တလောတွင် ရန်ကုန်ဈေးကွက်သို့ တွံတေး၊ ဒေးဒရဲ၊ ဘိုကလေး၊ ထန်းတပင်၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်းနှင့် သုံးခွမြို့နယ်တို့ မှ မှိုများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။           

 

Source: Myawaddy               

Read times Last modified on Monday, 29 April 2019 09:37
Rate this item
(1 Vote)