Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ဂဲနစ်ဈေး ဖွင့်လှစ်မည်

အော်ဂဲနစ်သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အော်ဂဲနစ် သွင်းအားစုများကို တစ်နေရာတည်းတွင် စုစည်း ဝယ်ယူနိုင်ရန်အတွက်

အော်ဂဲနစ်ဈေးကို ရန်ကုန်နည်းပညာတက္ကသိုလ်(ကြို့ကုန်း)ရှေ့ စိုက်ပျိုးရေးဦးစီး ဌာနရုံးဝင်းတွင် အောက်တိုဘာလ ၃၁ ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရန်ကုန်တို င်း)ထံမှ သိရသည်။

 

အဆိုပါ အော်ဂဲနစ်ဈေးတန်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှစကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၈ နာရီမှ မွ န်းတည့် ၁၂ နာရီအထိ စိုက်ပျိုးရေး ဦးစီးဌာန (ရန်ကုန်တိုင်း)နှင့် မြန်မာ အော်ဂဲနစ်စိုက်ပျိုးရေးထုတ်လုပ်သူများအသ င်းတို့ ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ “ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်သီးနှံကို များများစားစေချင်တဲ့အတွက် ဒီဈေးတန်းကို လုပ်တာပါ။

 

မြန်မာနိုင်ငံ မှာက အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ပေးတာ မရှိသေးတဲ့အတွက် လာရောင်းမယ်ဆိုရင် FDA က ဓာတုပစ္စည်း ကင်းကြောင်း ထောက်ခံချက်နဲ့ ကိုယ်တိုင် အာမခံပြီး လာရောင်းလို့ ရပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန (ရန်ကုန်တိုင်း) ရေအသုံးချရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမိုးက ပြောကြားသည်။ အော်ဂဲနစ်ဈေးတန်းတွင် လာရောက် ရောင်းချမည်ဆိုပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံတွင် ဓာတ်ခွဲစစ်ဆေးထားသည့် ဓာတုကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ်နှင့် ထုတ်ကုန်များကို မိမိကိုယ် တိုင် အာမခံသည့်စနစ်နှင့် ရောင်းချနိုင်မည်ဖြစ်ပြီး ဆိုင်ခန်းခပေးစရာမလိုဘဲ နောက်ပိုင်းတွင် ဆိုင်ခန်းများ ဖြုတ်တပ် ထားရသည့် အလုပ်သမားစရိတ် အနည်းငယ် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

 

အော်ဂဲနစ်ဈေးတန်းတွင် မုန်ညင်း၊ ကန်စွန်း၊ ချဉ်ပေါင်၊ ဟင်းနုနယ်၊ ကော်ဖီဆိုင်ခန်းများအပြင် အော်ဂဲနစ်သွင်းအား စုများ၊ ညောင်နှစ်ပင် အော်ဂဲနစ်ဇုန်တွင် စိုက်ပျိုးထားသည့် အသီးအနှံများ၊ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသ ည့် အော်ဂဲနစ်အသီးအနှံများကို ဆိုင်ခန်း ၁၀ ခန်းကျော်ဖြင့် ပါဝင်ပြသကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် စစ်ကိုင်းတိုင်းနှ င့် ရှမ်းပြည်နယ်ဘက်မှ နဂါးမောက်သီးများကိုလည်း မှာယူရောင်းချမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရန်ကုန် တိုင်း)ထံမှ သိရသည်။

 

လက်ရှိတွင် အော်ဂဲနစ် ထုတ်ကုန်များကို အပတ်စဉ်တိုင်း ဈေးတန်းများဖြင့် မြေပဒေသာကျွန်းနှင့် ကန်တော်ကြီး ကရဝိတ်ဥယျာဉ်တွင် ရောင်းချလျက်ရှိသည်။

Source: Voice

Read times
Rate this item
(1 Vote)