Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


 မြန်မာ့နာနတ်သီးများ တရုတ်သို့ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး ညှိနှိုင်းနေ

၂၀၁၉ ခုနှစ်၊ ဇွန် (၁၅) ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့တဲ့ မြန်မာ့နာနတ်သီးများ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

 

သရက်သီးရာသီကုန်ဆုံးချိန်မှာ ရာသီပေါ်သီးနှံတစ်ခုဖြစ်လာတဲ့ နာနတ်သီးများ ပြည်တွင်းမှ တရားဝင်တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်က ပြောပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းသို့ တင်သွင်းလာမယ့် လယ်ယာထွက်ကုန်နဲ့ သီးနှံအမျိုးမျိုးတို့ကို ဓာတုဒြပ်ကြွင်းမပါစေရန် AQSIQ စစ်ဆေးမှုများ ပြုလုပ်နေပြီး သတ်မှတ်ချက်များနဲ့ ပြည့်မီပါက တရားဝင်တင်သွင်းခွင့် ပေးနေခြင်းဖြစ်ကာ လက်ရှိမှာ တစ်သျှူးငှက်ပျောကို တရားဝင်တင်သွင်းခွင့်ပေးရန် စစ်ဆေးလျက်ရှိပြီး တင်ပို့ခွင့်ရရှိပါက နာနတ်သီးကိုပါ တစ်ပါတည်း တင်ပို့နိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

AQSIQ စစ်ဆေးမှုများ ပြုလုပ်ရန် လက်ရှိ တစ်သျှူးငှက်ပျော၊ သံပရာသီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီးများနဲ့ပတ်သက်တဲ့ အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စာရင်းပြုစုကာ တရုတ်နိုင်ငံ အစိုးရဘက်သို့ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မူဆယ်နယ်စပ်မှ တင်ပို့နေတဲ့ စိုက်ပျိုးရေးထွက်ကုန်များဟာ လက်ရှိ တရုတ်အစိုးရရဲ့ အဂတိတိုက်ဖျက်ရေး အပါအဝင် ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများကြောင့် ဖမ်းဆီးအရေးယူမှုများရှိနေတဲ့အပြင် အခြားအရေးပါတဲ့ ကုန်စည်များကိုလည်း တရုတ်က ကန့်သတ်မှုများရှိနေကြောင်း သိရပါတယ်။

 

လက်ရှိမှာ နှစ်နိုင်ငံအစိုးရချင်းနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ခွဲတမ်းဖြင့် တင်ပို့ခြင်းမဟုတ်တဲ့ ကုန်စည်မှန်သမျှကို တရုတ်အစိုးရက အခွန် (၅၀) ရာခိုင်နှုန်း ကောက်ယူလျက်ရှိရာ ၎င်းအခွန်ဟာ တရုတ်၊ မြန်မာကုန်သည်များအားလုံး ပေးဆောင်ဖို့ မတတ်နိုင်တဲ့ အခွန်နှုန်းထားဖြစ်ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ သစ်သီးဈေးကွက်မှ အများဆုံးဝယ်ယူပေးနေတဲ့ ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး တရားမဝင်လမ်းကြောင်းများအစား ၂၀၁၇ ခုနှစ်မှ စတင်ကာ တရားဝင် ကုန်သွယ်နိုင်စေရန် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 

Source: Ministry of commerce
Myanmar Food Industrial Directory

Read times Last modified on Saturday, 27 July 2019 20:19
Rate this item
(1 Vote)