Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေလုပ်သား အသိအမှတ်ပြုကတ် ကိုင်ဆောင် ထားသူများကိုသာ လုပ်ကိုင်ခွင့်ပြု

Unicode

 

ရေလုပ်သား အသိအမှတ်ပြုကတ် ကိုင်ဆောင် ထားသူများကိုသာ လုပ်ကိုင်ခွင့်ပြု


ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးထားသည့်  ရေလုပ်သား အသိအမှတ်ပြု ကတ်ကိုင်ဆောင်ထားသူများကိုသာ ရေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးမြင့်ဇင်ထူး၏ ပြောကြားချက်အရ   သိရပါတယ်။


Cold Storage (61)အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းများ (၆၁) ခုကိုရှာရန်နှိပ်ပါ။


မြန်မာ့ပင်လယ်ပြင် အတွင်းရှိ ကျားဖောင် လုပ်ငန်းများတွင် တရားမဝင် လူကုန်ကူးခံရပြီး    အဓမ္မခိုင်းစေမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ယခုနောက်ပိုင်းတွင် ငါးလုပ်ငန်းရှင်များ အနေဖြင့်   ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးသည့်  ရေလုပ်သား အသိအမှတ်ပြုကတ်မရှိသူများကို  ငါးလုပ်ငန်းများတွင် ခိုင်းစေခြင်းမပြုဘဲ အသိအမှတ်ပြု ကတ်ကိုင်ဆောင်ထားသူများကိုသာ  တရားဝင်ခိုင်းစေခွင့်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။


ရေလုပ်သား အသိအမှတ်ပြုကတ် မရှိပါက  သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန၌ လာရောက်ပြုလုပ်နိုင်ပြီး ရေလုပ်သား အသိအမှတ်ပြုကတ် မပါရှိပါက   ငါးဖမ်းလိုင်စင် မထုတ်ပေးကြောင်း၊ ငါးဖမ်းလုပ်ငန်းများအား သတ်မှတ် ထားသည့်  စည်းကမ်းချိုးဖောက်နေမှုများကို   စစ်ဆေးအရေးယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။


စည်းကမ်းချိုးဖောက်ပါက ပထမအကြိမ် ဒဏ်ကြေးငွေကျပ် သိန်း ၃၀ နှင့် ငါးဖမ်းဆီးခွင့်   သုံးလ ပိတ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  စိုက်ပျိုးရေး ထွက်ကုန်များ ပြန်လည် တင်သွင်းခွင့်ရရှိ


လက်ရှိတွင် ငါးသယံဇာတ လျော့နည်းလာသဖြင့်  ငါးလုပ်ငန်းရှင်များ အတွက် ငါးမဖမ်းရကာလ သုံးလသတ်မှတ်ထားပြီး ယင်းသုံးလအတွင်း  ဖမ်းဆီးပါက  ငါးလုပ်ငန်း ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 




 

Cold Storage (61)အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းများ (၆၁) ခုကိုရှာရန်နှိပ်ပါ။



 


 


 


 


 

#MFID

Read times Last modified on Friday, 21 February 2020 17:25
Rate this item
(0 votes)