Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်တင်ပို့မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ဂျပန် အကူအညီ ရယူ

ပုစွန်တင်ပို့မှု မြှင့်တင်ရန် မြန်မာနိုင်ငံက ဂျပန် အကူအညီ ရယူ google.com

ဂျပန်နိင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ကျဆင်းနေတဲ့ ပုစွန်တင်ပို့မှုကို အရှိန်မြှင့်တင်ဖို့ ကူညီနေပြီး

အခြားသော အာရှပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်နိုင်ရေးအတွက် ထုတ်လုပ်မှုတိုးတက်စေဖို့ တိုက်တွန်းလျက်ရှိတယ်လို့ ဂျပန်သတင်းဌာန ကျိုဒိုက ရေးသားခဲ့ပါတယ်။

ပုစွန်မွေးမြူခြင်းကို မက်လုံးပေးခြင်းနဲ့ လုပ်ထုံးလုပ်နည်း ဖြေလျှော့ခြင်းတို့နဲ့ အားပေးသင့်ကြောင်း၊ ယခု သုတေသနက မြန်မာနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပဈေးကွက်တွေ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် တိုးတက်စေဖို့ အစိုးရကို အထောက် အကူပြုနေကြောင်း Myantrade က ယူဆပါတယ်။

JICA ရဲ့ အကူအညီနဲ့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ – Myantrade က ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစိုးရမူဝါဒတွေ ပြန်လည်သုံးသပ်မှု အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ ၎င်းရဲ့ ပထမဆုံး သုတေသနကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကပင် စတင်ဆောင်ရွက်နေခဲ့တယ်လို့ Myantrade ရဲ့ အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတဲ့ Myantrade က JICA ရဲ့ အကူအညီနဲ့ နှမ်းကူးသန်းရောင်းဝယ်မှု သုတေသနကိုလည်း ဆောင်ရွက်မှာဖြစ်ပါတယ်။ JICA က Myantrade ရဲ့ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်ကူညီနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ပုစွန်ဈေးကွက်ဖြစ်တဲ့ ဂျပန်နိုင်ငံကို ပုစွန်တင်ပို့မှုမှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉.၁၈ သန်းဖိုးရှိရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၉၂ သန်းဖိုးအထိ ထက်ဝက်ခန့် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဂျပန်ကို ပုစွန်တင်ပို့တဲ့ အခြားနိုင်ငံတွေထက် နောက်ကျကျန်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်မှာ ဂျပန်ပုစွန်ဈေးကွက်ရဲ့ ၄ ရာခိုင်နှုန်းခန့်ကိုသာ ရရှိထားပြီး ဗီယက်နမ်က ၂၇ ရာခိုင်နှုန်းနဲ့ အိန္ဒိယက ၂၄ ရာခိုင်နှုန်း ရရှိထားတယ်လို့ သိရပါတယ်။

Source: The Irrawaddy

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(0 votes)