Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့သရက်သီးများ တရုတ်သို့တင်ပို့နိုင်ရေး လက်မှတ်ရေးထိုး

Unicode

 

မြန်မာ့သရက်သီးများ တရုတ်သို့တင်ပို့နိုင်ရေး လက်မှတ်ရေးထိုး


Myanmar Golden Produce Pte Ltd နှင့် တရုတ်ကုမ္ပဏီ Gangxi Bao Sauce Garden Food Co.,Ltd. တို့ကြား တစ်ဝက်တစ်ပျက် ပြုပြင်ထုပ်ပိုးထားသော သရက်သီးများ တင်ပို့နိုင်ရေး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံ နန်နင်းမြို့ရှိ မြန်မာစီးပွားရေး သံမှူးရုံး၌ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း  စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ    တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။


၎င်းနားလည်မှုစာချွန်လွှာအရ  ၂၀၂၀ ပြည့်နှစ်၊ မေလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအကြား မြန်မာနိုင်ငံမှ တစ်ဝက် တစ်ပျက် ပြုပြင်ထုတ်လုပ်ထားသော သရက်သီးကုန်ကြမ်း မက်ထရစ် တန်ချိန် ၈၀ဝ၀ မှ ၁၀ဝဝဝ ကြားကို မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ချင်းကျိုးဆိပ်ကမ်းသို့ အအေးခန်းကုန်သေတ္တာ များဖြင့် တင်ပို့ရောင်းချသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။


ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စာချုပ်တွင် လက်မှတ်ရေးထိုးကြသော ကုမ္ပဏီနှစ်ခုအကြား ထုတ်လုပ်မှုနည်းပညာ၊ ဈေးနှုန်းနှင့် အရည်အသွေး စံချိန်စံနှုန်းများကို ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်ကြောင်း သိရပါတယ်။


အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်တဲ့ သစ်သီးဝလံများကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရဌာနဘက်မှ ဆောင်ရွက်ပေးရမည့် အချက်များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီတင်ပြပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>    လိေမၼာ္ဒိန္ခ်ဥ္ေဖ်ာ္ရည္


မြန်မာနိုင်ငံတွင်  သရက်မျိုးကွဲ ပေါင်း ၁၅၀ ခန့်စိုက်ပျိုးကြရာ စိန်တစ်လုံး သရက်သီးကို  တရုတ်နိုင်ငံက  အများဆုံး ဝယ်ယူကြောင်းလည်း သိရပါတယ်။


လက်ရှိတွင် တရုတ်နိုင်ငံမှ တရားဝင်ခွင့်ပြုထားတဲ့ သရက်သီးကို ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင်  လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရန်  မြန်မာနိုင်ငံမှ  ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်း ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း သိရပါတယ်။

 

 

 


ျမန္မာ့သရက္သီးမ်ား တ႐ုတ္သို႔တင္ပို႔ႏိုင္ေရး လက္မွတ္ေရးထိုး

 

Myanmar Golden Produce Pte Ltd ႏွင့္ တ႐ုတ္ကုမၸဏီ Gangxi Bao Sauce Garden Food Co.,Ltd. တို႔ၾကား တစ္ဝက္တစ္ပ်က္ ျပဳျပင္ထုပ္ပိုးထားေသာ သရက္သီးမ်ား တင္ပို႔ႏိုင္ေရး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္က တ႐ုတ္ႏိုင္ငံ နန္နင္းၿမိဳ႕ရွိ ျမန္မာစီးပြားေရး သံမႉး႐ုံး၌ နားလည္ မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးခဲ့ေၾကာင္း  စီးပြားေရးႏွင့္   ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ    တာဝန္ရွိသူ တစ္ဦး၏ ေျပာျပခ်က္အရ သိရပါတယ္။

 

၎နားလည္မႈစာခြၽန္လႊာအရ  ၂၀၂၀ ျပည့္ႏွစ္၊ ေမလမွ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လအၾကား ျမန္မာႏိုင္ငံမွ တစ္ဝက္ တစ္ပ်က္ ျပဳျပင္ထုတ္လုပ္ထားေသာ သရက္သီးကုန္ၾကမ္း မက္ထရစ္ တန္ခ်ိန္ ၈၀ဝ၀ မွ ၁၀ဝဝဝ ၾကားကို ျမန္မာႏိုင္ငံ၊ ရန္ကုန္ဆိပ္ကမ္းမွ တ႐ုတ္ႏိုင္ငံ၊ ခ်င္းက်ိဳးဆိပ္ကမ္းသို႔ အေအးခန္းကုန္ေသတၱာ မ်ားျဖင့္ တင္ပို႔ေရာင္းခ်သြားရန္ ရည္႐ြယ္ထားေၾကာင္းလည္း သိရပါတယ္။

 

ထိုကဲ့သို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးၾကေသာ ကုမၸဏီႏွစ္ခုအၾကား ထုတ္လုပ္မႈနည္းပညာ၊ ေဈးႏႈန္းႏွင့္ အရည္အေသြး စံခ်ိန္စံႏႈန္းမ်ားကို ဆက္လက္ေဆြးေႏြးသြားၾကမွာျဖစ္ေၾကာင္း သိရပါတယ္။

 

အေကာက္ခြန္စာရင္းတြင္ ပါဝင္ၿပီးျဖစ္တဲ့ သစ္သီးဝလံမ်ားကို ပင္လယ္ေရေၾကာင္းမွ တင္ပို႔ႏိုင္ေရးအတြက္ ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံအစိုးရဌာနဘက္မွ ေဆာင္႐ြက္ေပးရမည့္ အခ်က္မ်ားရွိပါကလည္း အခ်ိန္ႏွင့္တစ္ေျပးညီတင္ျပေပးသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>    လိေမၼာ္ဒိန္ခ်ဥ္ေဖ်ာ္ရည္

 

ျမန္မာႏိုင္ငံတြင္  သရက္မ်ိဳးကြဲ ေပါင္း ၁၅၀ ခန႔္စိုက္ပ်ိဳးၾကရာ စိန္တစ္လုံး သရက္သီးကို  တ႐ုတ္ႏိုင္ငံက  အမ်ားဆုံး ဝယ္ယူေၾကာင္းလည္း သိရပါတယ္။

 

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံမွ တရားဝင္ခြင့္ျပဳထားတဲ့ သရက္သီးကို ပင္လယ္ေရေၾကာင္းမွ တင္ပို႔ရာတြင္  လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ကိုက္ညီရန္  ျမန္မာႏိုင္ငံမွ  ေဆာင္႐ြက္ေပးရမည့္ လိုအပ္ခ်က္မ်ားကိုလည္း ပံ့ပိုး ကူညီမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

 

 

 

 

 

Read times Last modified on Thursday, 30 January 2020 14:57
Rate this item
(0 votes)