Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၁ ဒသမ ၁၂၃ သန်း ရရှိထား

ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၁ ဒသမ ၁၂၃ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းကာလအတွင်း  နိုင်ငံပေါင်း  ၄၂ နိုင်ငံသို့ ဆန်တန်ချိန် ၈၅၃၄ဝ၃ ဒသမ ၂၃ဝ နှင့်  ဆန်ကွဲကို  နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ မက်ထရစ်တန်  ၂၁၇၅၈၂  ဒသမ  ၉၆ဝ  တင်ပို့ ရောင်းချခဲ့သည်။

 

 

တင်ပို့ရာတွင် ဆန်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ဝ၅ ဒသမ ၇၂၈ သန်း ရရှိ ပြီး ဆန်ကွဲပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၃၉၅ သန်း ရရှိပြီးဖြစ်သည်။

 

 

''ဆန်နှင့်ဆန်ကွဲတင်ပို့မှု  စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကျော်ကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တင်ပို့ခဲ့ပြီး  ပင်လယ်ရေကြောင်းက တစ်ဆင့် ၄၄ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

 

ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင်  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ  မက်ထရစ် တန်ပေါင်း ၅၉၈၃ဝ၄ ဒသမ ၂၅ဝ တင်ပို့ နိုင်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ  ၇၇၆  သန်းခန့် ရရှိခဲ့သည်။

 

 

ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် မက်ထရစ် တန်ပေါင်း ၄၇၂၆၈၁ ဒသမ ၉၄ဝ ခန့်တင်ပို့ ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ  ၄ဝ၅ သန်းခန့်  တင်ပို့ရောင်းချခဲ့သည်။

 

 

ဆန်ကို  တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်နှင့် အင်ဒို နီးရှားနိုင်ငံတို့သို့  အများဆုံး တင်ပို့ရောင်းချ နိုင်ခဲ့သည်။

 

 

ထို့ပြင် တရုတ်နိုင်ငံသို့ မြန်မာ့ဆန် တရားဝင် တင်ပို့ခွင့် စာချုပ်သက်တမ်းသည် စက်တင်ဘာ ၂၄ ရက်က ကုန်ဆုံးပြီဖြစ်၍  ၂ဝ၂ဝ  ပြည့်နှစ် စက်တင်ဘာလအထိ သက်တမ်း ထပ်မံ တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ သိရသည်။


Source: Myawady

Read times Last modified on Thursday, 04 October 2018 10:17
Rate this item
(0 votes)