Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီ မှီခိုအားထားမှု ကင်းဝေးဖို့ တဆေးဖြင့် အစားထိုးဆီ ထုတ်လုပ်

ဆီအုန်းများ စိုက်ရန်မလိုသည့် စားအုန်းဆီအစားထိုး ဆီတစ်မျိုးကို တဆေးမှ ထုတ်လုပ်နိုင်ခဲ့ကြောင်း Shara Ticku နှင့် အဖွဲ့မှ

သိရသည်။

 

လွန်ခဲ့သည့် ဆယ်စုနှစ်များက စင်ကာပူနိုင်ငံတကာလေဆိပ်သို့ ဆင်းသက်ခဲ့ရာ စိုက်ပျိုးထုတ်လုပ်ထားသော စားအုန်းဆီ အစားထိုး ဆီတစ်မျိုးကို ဓာတ်ခွဲခန်းမှာ ဖန်တီးရန် Shara Ticku စိတ်ကူး‌ပေါက်ခဲ့သည်။

 

"၂၀၁၃ မှာ ကျွန်မ စင်ကာပူကို လေယာဉ်နဲ့ ဆိုက်ရောက်တော့ မတ်စ်တပ်ခဲ့ရတယ်"ဟု C16 Biosciences လုပ်ငန်း အကြီးအကဲ Shara Ticku က ပြောသည်။ “အင်ဒိုနီးရှားက မုတ်သုန်သစ်တောကို မီးရှို့တဲ့ မီးခိုး တွေကြောင့် လေထုကအဆိပ်သင့်နေပါတယ်”ဟု သူမက ပြောသည်။

 

စားအုန်းဆီနှင့် အခြားသီးနှံများအတွက် လယ်ယာမြေများ ဖော်ထုတ်ရန် အင်ဒိုနီးရှား လယ်သမားများက မီးရှို့ပြီး ရှင်းလင်းသောကြောင့် ထွက်လာသော မီးခိုးများသည် အင်ဒိုနီးရှားမှ ပင်လယ်ကိုဖြတ်ပြီး စင်ကာပူသို့ ရောက်ရှိ‌နေသဖြင့် သူမ မတ်စ်တပ်ထားရသည်။

Tun Myint Genera 

Click Here >>> Tun Myint General Trading

 

ယခုအခါ သူမ၏ လုပ်ငန်းသည် စားအုန်းဆီ အစားထိုးဆီကို တဆေးဆဲလ်များမှ စီးပွားဖြစ် ဖန်တီးထုတ်လုပ် နေပြီ ဖြစ်သည်။ စားအုန်းဆီသည် ကမ္ဘာပေါ်တွင် အထွက်နှုန်းအများဆုံး ဟင်းသီးဟင်းရွက်ဆီ ဖြစ်နေဆဲ ဖြစ်သည်။ World Wide Fund for Nature (WWF) အဆိုအရ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှု၏ ၄၀% သည် စားအုန်းဆီ ဖြစ်သည်။

 

စားအုန်းဆီကို ဟင်းချက်ဆီအဖြစ် သုံးကြသည်။ စားသောက်ကုန်များ ထုတ်လုပ်ရာတွင်လည်း ထည့်သွင်းသုံး စွဲသည်။ အခြားထုတ်ကုန်များတွင်လည်း သုံးစွဲသည်။ အလွန်အသုံးတည့်သောကြောင့် အစားအသောက်နှင့် အလှကုန်ကုမ္ပဏီများကြားတွင် အလွန်ရေပန်းစားသည်။

 

အနံ့မရှိ၊ အရသာမရှိ၊ အရောင်မဲ့ဖြစ်သဖြင့် ထုတ်ကုန်များ၏ အနံ့၊ အရသာ၊ အ‌ရောင်အဆင်းတို့ကို မပြောင်းလဲ ချေ။ ချောမွေ့သော အသွင်အပြင်ကို ပေါင်းထည့်ကာ သဘာဝ တာရှည်ခံပစ္စည်းအဖြစ်သို့ ရောက်‌ရှိစေသည်။ မြင့်မားသော အပူချိန်တွင် ၎င်း၏ဂုဏ်သတ္တိများကို ဆက်လက်ထိန်းသိမ်းထားသည်။ ချက်ပြုတ်ရန် အထူးသင့်လျော်သည်။

 

စားအုန်းဆီကို တွင်တွင်ကျယ်ကျယ် သုံးကြသည်။ WWF ၏ အဆိုအရ စားအုန်းဆီ သို့မဟုတ် ၎င်းမှ ဆင်းသက်လာသော ထုတ်ကုန်သည် စူပါမားကက် စင်များပေါ်ရှိ ထုတ်ကုန်အားလုံး၏ ထက်ဝက်နီးပါးတို့တွင် ပါဝင်နေကြောင်း တွေ့ရှိရသည်။ ချောကလက်မှအစ ခေါင်းလျှော်ရည်၊ ပီဇာ၊ သွားတိုက်ဆေးနှင့် အနံ့ဆိုး ပျောက်ဆေးအထိ စားအုန်းဆီ ပါဝင်နေသည်။

 

"ဘယ်လိုပဲ ကြိုးစားပြီး ရှောင်ပေမဲ့လည်း လူတစ်ဦးအဖို့ နေ့စဉ် စားအုန်းဆီကို ထိတွေ့နေပါတယ်။ အရာရာမှာ စားအုန်းဆီ ပါနေတယ်" ဟု Ms Ticku က ပြောကြားသည်။ စားအုန်းဆီ အသုံးများသဖြင့် ဆီအုန်းများ စိုက်ပျိုးရန် လယ်‌ယာမြေများ ဖော်ထုတ်သဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံရှိ မုတ်သုန်သစ်တောများကို ဆီအုန်းစိုက်ခင်းများအတွက် မြေယာရှင်းလင်းရန် မကြာခဏ မီးရှို့လေ့ရှိသည်။

 

304757904 408058374797024 3685756114865235975 n

 

အင်ဒိုနီးရှားနှင့် မလေးရှားတွင် မြေယာအသုံးပြုမှု၏ ၈၅ ရာခိုင်နှုန်းကို ဆီအုန်းစိုက်ပျိုးရန် သုံးစွဲသည်။ ဆီအုန်းစိုက်ခင်းဧရိယာ ၁၉၇၀ တွင် ဟက်တာ ၃.၃ သန်း (ဧက ၈ သန်း) ရှိခဲ့ပြီး ၂၀၂၀ တွင် ဟက်တာ ၂၈.၇ သန်း ရှိသဖြင့် ၉ ဆ တိုးခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စားအုန်းဆီလုပ်ငန်းကဏ္ဍသည် တန်ဖိုး ကန်ဒေါ်လာ ၆၂ ဒသမ ၃ ဘီလီယံရှိသည်။ ဝယ်လိုအား ဆက်တိုက် တိုးလာသဖြင့် ၂၀၂၈ ခုနှစ်တွင် ကန်ဒေါ်လာ ၇၅ ဒသမ ၇ ဘီလီယံအထိ တိုးလာမည်ဟု မျှော်လင့်ရသည်။

 

 128278047 gettyimages 1136223972

 

ဆီအုန်းများသည် တစ်နှစ်လျှင် တစ်ဟက်တာလျှင် ဆီ ၅,၀၀၀ ကီလိုဂရမ်ခန့် ထွက်ရှိကာ ကမ္ဘာ့စားအုန်းဆီအပေါ် မှီခိုအားထားမှု လျှော့ချရန် ကြိုးစားသည့်အနေဖြင့် ယခင်က ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းရှင်ဖြစ်ခဲ့ဖူးသော Ms Ticku နှင့် ပူးတွဲထူထောင်သူများက ၂၀၁၈ တွင် နယူးယောက်မြို့တော်မှာ C16 Biosciences ကို ထူထောင်ခဲ့ကြသည်။

 

Microsoft တည်ထောင်သူ Bill Gates ထံမှ ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ငွေဖြင့် ပံ့ပိုးထားပြီးကုမ္ပဏီသည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း Palmless ဟု ခေါ်သော ၎င်းတို့၏ ထုတ်ကုန်ကို တီထွင်ဖန်တီးနိုင်ခဲ့သည်။

 

 128278040 e08c5d59 b310 449b 8f0e 328e4e775134

 

စားအုန်းဆီနှင့် အလွန်ဆင်တူသော ဆီတစ်မျိုးကို တဆေးတစ်မျိုးဖြင့် သဘာဝအတိုင်း ထုတ်လုပ်ပေးသည်။ ရှိပြီးသား စိုက်ပျိုးမြေတွင် စိုက်ပျိုးထားသော ကြံပင်များမှ ထုတ်လုပ်သည့် သကြားများဖြင့် တဆေးကို ကျွေးပါသည်။ "ကျွန်မတို့ရဲ့ လုပ်ငန်းစဉ်ဟာ အစမှအဆုံး ခုနစ်ရက်အောက်မှာသာ ကြာမြင့်ပါတယ်" ဟု C16 Biosciences မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။

 

"မိရိုးဖလာ ဆီအုန်းပင်အတွက် အစေ့စိုက်ပြီး နှစ်အတန်ကြာတဲ့အထိ ဆီအုန်းကို ရိတ်သိမ်းရန် အဆင်သင့်မ ဖြစ်သေးပါဘူး။ ခုနစ်နှစ်ကျော် ကြာပြီးမှသာ အများဆုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်ပါတယ်" ဟု ၎င်းက ဆိုသည်။

 

ကုမ္ပဏီသည် ယခုအခါ "အစိုဓာတ်ထိန်းဆေးများ၊ အာဟာရဖြည့်ဆီများ၊ ဆပ်ပြာများနှင့် ဖျက်ဆေးများစတဲ့ အလှအပနှင့် အိမ်သုံးအမျိုးအစားများအတွက် အခြားလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။ စားသောက်ကုန်ကဏ္ဍကို ၂၀၂၄ မှာ ဝင်ဖို့အစီအစဉ် ရှိပါတယ်" ဟု ၎င်းက ပြောသည်။

 

စားအုန်းဆီ ဆက်တိုက်ရေပန်းစားလာရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အလွန်အကျိုးဖြစ် ထွန်းသောကြောင့်ဖြစ်သည်။ " တခြားဆီထွက်သီးနှံတွေထက် တစ်ဟက်တာအတွက် ဆီ‌တွေအများကြီး ပိုရတယ်" ဟု University of Bath မှ ပါမောက္ခ Chris Chuck က ပြောကြားသည်။

 

“ဆီအုန်းက တစ်နှစ်ကို တစ်ဟက်တာဆီ ကီလို ၅၀,၀၀ လောက် ထွက်တယ်။ မုန်ညင်းစေ့က တစ်နှစ်လျှင် တစ်ဟက်တာ ကီလိုဂရမ် ၁,၀၀၀ ခန့်ထွက်တယ်။ ပဲပုပ် တစ်ဟက်တာ တစ်နှစ်လျှင် ၄၀၀ ကီလိုဂရမ် ထွက်တယ်” ပါမောက္ခ Chuck နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဇီဝဗေဒပညာရှင်၊ ဓာတုဗေဒပညာရှင်၊ စက်မှုအင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာများနှင့် အစားအသောက် သိပ္ပံပညာရှင်များသည် ဆီအထွက်နှုန်းမြင့်မားသော တဆေးကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။

 

တဆေးကို မျိုးဆက်ပေါင်း ရာနှင့်ချီပြီး နှစ်ပေါင်းများစွာ စမ်းသပ်ကြည့်မိပြီးနောက် ၎င်းတို့သည် အတိုကောက်အားဖြင့် MP ဟုခေါ်သော Metschnikowia pulcherrima ဟူသည့် ထူးခြားသော မျိုးစိတ်တစ်ခုသို့ ရောက်ရှိခဲ့သည်။

 

MP သည် ဒူပေနာပေခံသည်။ မြက်၊ စားကြွင်းစားကျန်တို့ကို ကျွေး၍ ရသည်။ ရိတ်သိမ်းချိန်တွင် ဆဲလ်များသည် ဆီပြည့်ဝနေကြသည်။ ကြွင်းကျန်ရစ်သည့် တဆေးဆဲလ် ဘိုင်အိုမတ်စ်ကို ပဲပိစပ်ပရိုတိန်း အစားထိုးအဖြစ် အသုံးပြုနိုင်ပြီး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ပြီးသောအခါ စီးပွားဖြစ် ထုတ်လုပ်မည်။ Clean Food Group အမည်ဖြင့် လုပ်ငန်းထူထောင်သည်။

 

၅ နှစ်အတွင်း လီတာ ၅ သိန်း ဘိုင်အိုရီအက်တာများ ရှိလာမည်။ တဆေးများ ထုတ်လုပ်ပြီး စားအုန်းဆီ အစားထိုးဆီကို ထုတ်လုပ်မည်။ စားအုန်းဆီ အစားထိုးဆီကို ထုတ်လုပ်ခြင်းသည် ဆီအုန်းများ စိုက်ရန်မလိုသဖြင့် တောပြုန်းခြင်း ကင်းဝေးစေမည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: BBC

Myanmr Food Industry Guide

Read times Last modified on Tuesday, 24 January 2023 15:29
Rate this item
(0 votes)