Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်ကင်းများ အရောင်းသွက်

Unicode<<<<<


သရက်ကင်းများ အရောင်းသွက်


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ  ကျေးရွာများမှ ထွက်ရှိသော သရက်ကင်းများ  ယခုအခါ အရောင်းသွက်နေပြီး ယခင်ကထက် ဈေးနှုန်းပိုမို ရရှိကြကြောင်း သိရပါတယ်။


ယခင်က သရက်ကင်း တစ်လုံးလျှင် အလုံးအရွယ်အစား အကြီးအသေးအလိုက် ငွေကျပ် ၂ဝ မှ ၃ဝ အထိသာ ရရှိရာမှ လက်ရှိတွင် သရက်ကင်း တစ်လုံးလျှင် အလုံးအရွယ်အစား အကြီးအသေးအလိုက် ငွေကျပ် ၃ဝ မှ ၅ဝ ရရှိကြောင်း သိရပါတယ်။


Baking Supply & Equipment မုန့်ဖုတ်ခြင်းအတွက် အထောက်အကူပြုပစ္စည်းများ (၃၀) ခုကိုရှာရန်နှိပ်ပါ။


ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် သရက်သီးများ ပေါ်ချိန်တွင် အသီးသီးနှုန်း လျော့ကျ၍ အထွက်နှုန်းလည်း နည်းကြောင်း သရက်ပင် ပိုင်ရှင်များက ပြောကြားခဲ့ပါတယ်။


သရက်ကင်းတွေက ယခုလက်ရှိတွင် ဈေးကောင်းရပါတယ်။ လူကြိုက်များကြတဲ့အတွက် ရောင်းရပြီး ကုန်တာလည်းမြန်တယ်။


ကလေးများအကြိုက်တွေ့စေမယ့် ပေါင်မုန့်နဲ့ ခရမ်းသီးကပ်ကြော်


သရက်ကင်းတွေကို ရွာအနီးအနား တစ်ဝိုက်ကပဲ ဖောက်သည်တစ်ဆင့် ပြန်ဝယ်ယူရောင်းချပြီး သရက်ကင်းကတော့ မနှစ်ကလောက် သိပ်မပေါတော့ကြောင်း ဝယ်ယူရောင်းချနေသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


#MFID

 

 

Zawgyi<<<<<

 




 


 


 


 


 


 


 

#MFID



Read times Last modified on Tuesday, 10 March 2020 09:24
Rate this item
(0 votes)