Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောအထွက်နှုန်းနည်းပါး၍ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်မှု ယခင်ကထက် ထက်ဝက်ခန့်လျော့ကျ

ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ၌  ငှက်ပျောခြံပျက်စီးမှု များပြားသဖြင့် အထွက်နှုန်းလျော့ ကျလျက် ရှိရာ ရန်ကုန်ဈေးကွက်သို့  ယခင်ကထက် ငှက်ပျောအဝင်

ထက်ဝက်ကျော်လျော့ကျနေကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမန်းသန်းဌေး၏  ပြောကြားချက် အရ သိရသည်။

 

ရန်ကုန်ဗားကရာငှက်ပျောတန်းသို့ ယခင် က နေ့စဉ်ကားအစီးရေ ၁ဝ စီးမှ ၁၅ စီးအထိ ဝင်ရောက်လေ့ရှိရာမှ ယခုအခါ ကား အစီးရေ  ငါးစီးဝန်းကျင်သာ  ဝင်ရောက်လျက်ရှိသည်။

 

''ငှက်ပျောအဝင်က  ထက်ဝက်ကျော် ကျသွားတယ်။ ကျုံပျော်ဘက်မှာ  ပြီးခဲ့တဲ့ငှက်ပျောစိုက်ရာသီက ငှက်ပျောခြံ တော်တော် အပျက်အစီးများတယ်'' ဟု ဦးမန်းသန်းဌေးကပြောသည်။

 

ယခင်က ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင်  အများဆုံးငွေကျပ် ၁၂ဝဝ ဝန်းကျင်သာရှိရာမှ ယခုအခါ ငွေကျပ် ၁၅ဝဝ ဝန်းကျင်နှင့် သီးမွှေးငှက်ပျောတစ်ဖီးလျှင်   အများဆုံး ငွေကျပ် ၁၄ဝဝ ဝန်းကျင်သာရှိရာမှ ယခုအခါ ငွေကျပ် ၁၈ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိပြီး  လတ်တလောတွင် ငှက်ပျောအရည်အသွေး အလိုက် ဈေးနှုန်းကွာဟကြောင်း သိရသည်။

 

''ငှက်ပျောအဝင်နည်းတော့   ဈေးက နည်းနည်းမြင့်လာတယ်။    ငှက်ပျောအရည် အသွေးကြောင့်လည်းပါပါတယ်။   အရည် အသွေးမကောင်းရင် ဈေးကောင်းမရဘူး'' ဟု ဦးမန်းသန်းဌေးကပြောသည်။

 

လတ်တလောတွင် ရန်ကုန်ဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့ နယ်တို့မှ ဖီးကြမ်းငှက်ပျောများ ဝင်ရောက် လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် နှင့်မအူပင်မြို့နယ်တို့မှ သီးမွှေးငှက်ပျောများ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌   ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီး နှင့်  မကွေးတိုင်းဒေသကြီးတို့တွင် ငှက်ပျော အဓိက စိုက်ပျိုးကြောင်း သိရသည်။  

 

Source: Myawaddy

Read times
Rate this item
(1 Vote)