Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးများကို တစ်ဆင့်ရောင်းချသူ မရှိသဖြင့် ငါးဖမ်းခြင်း လုပ်ငန်းရပ်နား

Unicode >>>>>

ငါးများကို တစ်ဆင့်ရောင်းချသူ မရှိသဖြင့် ငါးဖမ်းခြင်း လုပ်ငန်းရပ်နား


စစ်ကိုင်းတိုင်းဒေသကြီး   ချောင်းဦးမြို့နယ် ပေါက်အင်းမှ ထွက်ရှိသော ငါးများကို တစ်ဆင့်ခံပြန်လည် ရောင်းချသူများ မရှိတော့ သဖြင့် ယနေ့မှစတင်ပြီး ငါးဖမ်းခြင်းလုပ်ငန်းများရပ်နားထားရကြောင်း သိရပါတယ်။

 

Food Flavours အစားအစာသုံး အနံ့အရသာလုပ်ငန်းများ (၈၈) ခုကိုရှာရန်နှိပ်ပါ။


လက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် ပေါက်အင်းမှ ထွက်ရှိသောငါးများကို ငါးဈေးထိုး (ငါးဒိုင်)များ၊  တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်သူများက လှည့်လည် ရောင်းချမှုများရပ်နားထားကြ သဖြင့် ငါးဖမ်းခြင်း လုပ်ငန်းများကို ရပ်နားထားရ ခြင်းဖြစ်ကြောင်း သိရပါတယ်။


ပေါက်အင်းတွင် ရေလုပ်သား ၂၀ ဦးဖြင့် ငါးဖမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ တီလားဗီးယားငါး ၇၅  ပိဿာ၊  ငါးစင်ရိုင်း ၁၅ ပိဿာခန့်ကို  နေ့စဉ်ဖမ်းဆီး ရရှိပြီး ငါးဒိုင်များနှင့် တစ်ဆင့်ခံပြန်လည် ရောင်းချသူများမှာ   လုပ်ငန်း များရပ်နား ထားကြသဖြင့်    ငါးဖမ်းခြင်းလုပ်ငန်းကို  ယနေ့မှစတင်ရပ်နားထားရကြောင်း သိရပါတယ်။


Read More >>>>>  ထမင်းစားမြိန်​​စေတဲ့ ပဲပင်​​ပေါက်​နှင့် အာလူး ချဉ်​ငံစပ်​သုပ်


ယခင်က ပေါက်အင်းမှ ထွက်ရှိသော ငါးများကို မန္တလေး၊ မုံရွာ၊ ချောင်းဦး၊ မြင်းမူစသည့် မြို့နယ်တို့သို့  တင်ပို့ ရောင်း ချ မှုများ ရှိသော်လည်း  ယခုနှစ်တွင် အင်းအတွင်း ရေဝင်ရောက်မှု နည်းခဲ့ကာ ငါးအထွက်နှုန်း ကျဆင်းခဲ့သဖြင့်  ချောင်းဦးမြို့ နယ်အတွင်းသို့သာ ရောင်းချခဲ့ပြီး အခြားမြို့များသို့ တင်ပို့ ရောင်းချခြင်းများကို ရပ်နားထားကြောင်း  သိရပါတယ်။


#MFID

 

Home Page Food

 

Screenshot from 2020 03 26 08 49 32

 

Zawgyi >>>>>


 


 

Food Flavours အစားအစာသုံး အနံ့အရသာလုပ်ငန်းများ (၈၈) ခုကိုရှာရန်နှိပ်ပါ။

 


 


 

Read More >>>>>  ထမင်းစားမြိန်​​စေတဲ့ ပဲပင်​​ပေါက်​နှင့် အာလူး ချဉ်​ငံစပ်​သုပ်

 


 

#MFID

Read times Last modified on Tuesday, 31 March 2020 11:14
Rate this item
(0 votes)