Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အ၀ယ်လျော့၍ မိုးစပါးပေါ်ချိန် ပြည်တွင်းဆန်ကြမ်းဈေးကျ

တရုတ်နိုင်ငံမှ ၀ယ်လို အားလျော့နည်းခြင်းကြောင့် မိုး စပါးအသစ်ပေါ်ချိန်တွင် ပြည် တွင်းဆန်ကြမ်းဈေးကျဆင်းလာ သည်။

 

ဘုရင့်နောင် ကုန်စည်ဒိုင် တွင် ဆန်သစ်တစ်အိတ်လျှင် ကျပ် ၂၂,၅၀၀ မှ ၂၁,၀၀၀ အ ကြားဈေးရှိသည်။ အောက်တိုဘာ အတွင်း ဆန်သစ်တစ်အိတ်ဈေး သည် ကျပ် ၂,၀၀၀ ခန့် ကျဆင်း လာသည်ဟု ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်အတွင်းရေးမှူး ဦး သန်းဦးက ပြောသည်။

 

‘‘ဒီမှာ မူဆယ်သမားက မ၀ယ်တော့ ဈေးပြိုင်ပေးတာမျိုး မရှိဘူး။ ဈေးအေးလာတယ်’’ ဟု  ဦးသန်းဦးက ဘုရင့်နောင်ဈေး ကွက်တွင် ကြုံတွေ့နေသည့် အခြေအနေကို ပြောပြသည်။

 

အောက်တိုဘာ လဆန်းက စတင်၍ တရုတ်အစိုးရက လုံခြုံ ရေးတင်းကျပ်ထားခြင်းကြောင့် မူဆယ်ကုန်စည်ဒိုင်တွင် ဆန်၊ သကြား၊ ပြောင်းဖူးစေ့အပါအ၀င် မြန်မာနိုင်ငံမှ ပို့ကုန်များရောင်းချမှု ရပ်တန့်လုနီးပါး ဖြစ်နေသည်။

 

‘‘တရုတ်နယ်စပ်က ပိတ်နေ တဲ့အနေအထားဖြစ်နေတယ်။ ဆန်ကလောလောဆယ် ဈေး ကွက်တစ်ခုကိုပဲ ၀ယ်လိုအားရှိ တယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြော ကြားသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် အာဖရိကအပါ အ၀င် အခြားနိုင်ငံများကပင်လယ် ရေကြောင်းမှ တင်ပို့မှုများရှိသကဲ့ သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချမှုများ ရှိနေသည်။

 

ပေါ်ဆန်းကဲ့သို့ ဆန်ချော များကို ပြည်တွင်းတွင်အဓိကစား သုံးပြီး ဧည့်မထကဲ့သို့ဆန်ကြမ်း များကို အဆင့်ခွဲခြားကာပြည်ပသို့ တင်ပို့ရောင်းချသည်။

 

၂၀၁၇-၁၈ တွင် ဆန်ကြမ်းနှင့် ဆန်ကွဲအရည်အသွေးမျိုးစုံ ပြည်ပတင်ပို့မှု တန်ချိန် ၃ ဒသမ ၆ သန်းကျော်ရှိပြီး သမိုင်းတစ်လျှောက် ပြည်ပသို့ စံချိန်တင်ရောင်းချနိုင်ခဲ့သည်။

 

ယခုနှစ်တွင် ပြည်ပသို့ဆန် နှင့်ဆန်ကွဲ တင်ပို့ရောင်းချမှုက တန်ချိန်နှစ်သိန်းခွဲခန့်သာရှိသည် ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

 

လက်ရှိတွင် ထိုင်း၊ ဗီယက် နမ်၊ ပါကစ္စတန်နိုင်ငံတို့မှလည်း ဆန်အသစ်များ ပေါ်နေခြင်း ကြောင့် နိုင်ငံတကာ ဈေးကွက်၌ ဆန်ဈေးနှုန်းများ ကျဆင်းနေ ကြောင်း ကုန်သည်များက ပြောသည်။

 

ရန်ကုန်တွင် ဆန်သစ်ဈေး နှုန်းကျဆင်းလာခြင်းကြောင့်စပါး  ဈေးနှုန်းလည်း ပျမ်းမျှတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းခွဲမှ ခြောက်သိန်းခွဲအကြား ဈေးရှိကြောင်း ၎င်းတို့ကပြောသည်။

 

Source: 7 days new

 

Read More >>>>> တစ်သိန်းတန် ဈေးဝယ်ခွင့်ကူပွန် ရရှိမယ့် အားဖြည့်ဆန်

Read times Last modified on Thursday, 18 October 2018 11:01
Rate this item
(2 votes)