Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ တရားမ၀င် စပါးတင်ပို့သည့် ခြောက်ဘီးယာဉ် ၁၇ စီး ဖမ်းမိ

တရုတ်နိုင်ငံသို့ တရား  မ၀င်စပါးတင်ပို့သည့် ခြောက်ဘီး ယာဉ် ၁၇ စီးကိုရှမ်းပြည်နယ် နမ့် ခမ်းမြို့တွင် ဌာနပေါင်းစုံပူးပေါင်း 

အဖွဲ့က အောက်တိုဘာ ၁၈ ရက် ၌ ဖမ်းဆီးရမိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ၀န်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးရန်နိုင်ထွန်းကပြောသည်။

 

 

ဝန်ကြီးဌာနအနေဖြင့် စပါး   တင်ပို့ခြင်းကို တရားဝင်ခွင့်ပြု ထားခြင်းမရှိဘဲ တရားမ၀င်လမ်း ကြောင်းဖြင့် တင်ပို့နေခြင်းကို တားဆီးရန်ရှမ်းပြည်နယ်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟု၎င်း  ကပြောသည်။

 

 

‘‘ကျွန်တော်တို့ သိသ လောက်တော့ တရားမ၀င်စပါး ထွက်နေတယ်၊ တားပေးပါဆိုလို့  ကျွန်တော်တို့ ၀န်ကြီးဌာနအပါအ ၀င် သက်ဆိုင်တဲ့ပြည်နယ်၊ တိုင်း အစိုးရတွေ၊သက်ဆိုင်တဲ့ ၀န်ကြီး ဌာနတွေပူးပေါင်းပြီး တားဆီးရေး ဆောင်ရွက်နေပါတယ်’’ ဟု ဦး  ရန်နိုင်ထွန်းကပြောသည်။

 

 

လက်ရှိဖမ်းဆီးရမိသည့် စ ပါးတင်ယာဉ် ၁၇ စီးနှင့် ပတ်သက် ပြီး အသေးစိတ် မထုတ်ပြန်နိုင်  သေးကြောင်းနှင့် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ဌာ နဆိုင်ရာပူးပေါင်းအဖွဲ့က ဖမ်း ဆီးရမိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

 

လက်ရှိတွင် တရုတ်ကုန် သည်များသည် ပွဲစားများမှ တစ် ဆင့် ပြည်တွင်းရှိ လယ်သမားများ၏ စပါးများကို ဈေးကောင်းပေး၍ တရားမ၀င် ၀ယ်ယူပြီးတရုတ်နိုင်ငံသို့ တင်ပို့နေသည်။ တရုတ်ကုန်သည်များက ထိုသို့စပါးဝယ်ယူနေသည်မှာ သုံး၊လေးနှစ်ရှိပြီဖြစ်ပြီး ယခင်ကစပါးတင်ကားများဖမ်းမိလျှင် လှည့်ပြန်စေကာ ယခုတစ်ကြိမ်မှ ပထမဆုံးဖမ်းဆီးခြင်းဖြစ်သည်။

 

 

လယ်ယာထွက်ကုန်များကို  ပြည်တွင်း၌ လွတ်လပ်စွာရောင်း ၀ယ်ခွင့်ရှိသော်လည်း နိုင်ငံခြား သားများကို ရောင်းဝယ်ခွင့်ပေး မထားကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် အထွေထွေအ တွင်းရေးမှူး ဦးရဲမင်းအောင်က အောက်တိုဘာ ၁၇ ရက်တွင်ပြော ကြားထားသည်။

‘‘နိုင်ငံခြားသားတွေကို ကူး သန်းရောင်းဝယ်ခွင့် မပေးထား ဘူး။ ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုဖို့ စဉ်းစားနေတာရှိတယ်။ အထူး သဖြင့် စပါးက တရားဝင်ခွင့်ပြု တားတာမဟုတ်ဘူး’’ ဟု ၎င်းက ဆိုသည်။

 

 

လက်ရှိတွင် တရုတ်လူမျိုး  များက ဈေးပိုပေးခြင်း၊ လယ် ကွင်းအထိ လာရောက်ဝယ်ယူ ခြင်းကြောင့် ဒေသခံ ဆန်စက် လုပ်ငန်းရှင်များ စပါးဝယ်ယူရန်အခက်အခဲရှိ၍ အစိုးရထံ တိုင်ကြားမှုများရှိနေသည်။

 

 

ထိုသို့ တရားမ၀င် ၀ယ်ယူ ခြင်းကြောင့် လယ်သမားများဈေး  ပိုရသော်လည်း နိုင်ငံတော်အ တွက်အခွန်ဆုံးရှုံးခြင်း၊ တရားမ ၀င် မည်မျှရောင်းသည်မသိ၍ဆန်စပါးဈေးကွက်တည်ငြိမ်မှု ပျက်ယွင်းစေနိုင်ခြင်း၊ ဆန်စပါးကြိတ်စက်များ အလုပ်နည်းသွားခြင်း၊  ဖွဲနှင့်တိရစ္ဆာန်အစာများ နည်းပါးခြင်းစသည့် ပြဿနာများနှင့်ကြုံတွေ့နိုင်ကြောင်း ပြည်တွင်း ဆန်စပါးကုန်သည်များက ပြောကြား သည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)