Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ဆန်ဝယ်လိုအား မြင့်တက်နေခြင်းက ဆန်စပါးကဏ္ဍ ပြောင်းလဲရေး တွန်းအားဖြစ်လာ

 နိုင်ငံတကာဝယ်လိုအား နှစ်စဉ်မြင့်တက်နေခြင်းက တစ် ဧကအထွက်နှုန်း နည်းပါးသည့်

မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရေး ကဏ္ဍကို ပြုပြင် ပြောင်းလဲရန် တွန်းအားတစ်ခုဖြစ် လာကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြော ကြားသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန် တန်ချိန် ၁၀ သန်းနှင့် ၁၁ သန်းအ ကြား စားသုံးနေပြီး ပိုလျှံသည့် ဆန်တန်ချိန် နှစ်သန်းကျော်၊ သုံး သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူအချို့က ပြောသည်။

 

ပြည်ပသို့ တင်ပို့နေသည့် ပိုလျှံဆန်ပမာဏသည် ယခုဘဏ္ဍာနှစ်ကဲ့သို့ နိုင်ငံတကာမှ ဝယ်လိုအား မြင့်တက်လာချိန်တွင် ပြည်တွင်းစားသုံးရန် ဆန်ဈေးနှုန်းက မြင့်တက်လာသည်။

 

‘‘အလယ်အလတ်နဲ့ အထက်တန်းလွှာတွေစားတဲ့ ရွှေဘိုပေါ် ဆန်းဆိုရင် ဒီနှစ်က စံချိန်တင်ပဲ။ ဒါပေမဲ့ အခြေခံလူတန်းစားအများ စု စားတဲ့ဆန်တွေက အရမ်းတော့ မတက်သေးဘူး’’ ဟု ဦးရဲမင်း အောင်က ပြောသည်။

 

ပြည်တွင်း စားသုံးသူကြိုက် ရွှေဘိုပေါ်ဆန်းသည် လက်ကား ဈေးကွက်တွင် တစ်အိတ်လျှင် ကျပ် ၅၈,၀၀၀ ဈေးဖြင့် ရောင်းချ နေပြီး ပြည်ပတင်ပို့သည့် ဆန် ကြမ်း (ရှယ်) အမျိုးအစားသည် တစ် အိတ်လျှင် ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၃,၀၀၀ ဖြင့် ဆန်ကုန်သည် များက ဈေးဖွင့်ရောင်းချသည်။

 

ယခုနှစ် မြန်မာဆန်ပြည်ပ တင်ပို့မှုသည် တစ်လလျှင်တန် ချိန်နှစ်သိန်းခန့်အထိ မြင့်တက်နေ ရာ  ဘဏ္ဍာနှစ်ကုန်ချိန်တွင် ပြည်ပသို့ တင်ပို့သည့်ဆန်တန်ချိန်နှစ်သန်းခွဲရှိမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ဝန်ကြီးဌာန ခန့်မှန်းချက်ကို ဒီဇင်ဘာ ၉ ရက်က မီဒီယာများအား ထုတ်ဖော်ပြောကြားသည်။

 

အမေရိကန်စိုက်ပျိုးရေး ဌာနက မြန်မာဆန် ပြည်ပတင်ပို့မှု တန်ချိန် ၂ ဒသမ ၈ သန်းအထိရှိ မည်ဟု ခန့်မှန်းထားသည်။

 

ပြည်ပသို့ ဆန်တင်ပို့မှုမြင့် တက်လာချိန်တွင် လယ်တစ်ဧက ၏ ပျမ်းမျှအထွက်နှုန်းသည် စပါး တင်း ၇၀ ခန့် ထုတ်လုပ်နိုင်သည်။ ဆန်တင်ပို့မှု ထပ်မံမြင့်တက်လျှင် ပြည်တွင်းစားသုံးမှုအတွက် ဈေး တက်နိုင်သဖြင့် တစ်ဧကအထွက် နှုန်း တိုးမြှင့်ခြင်းဖြင့် ကာကွယ်ရန် အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့ များ ပူးပေါင်းဆောင်ရွက်ရမည် ဟု ဦးရဲမင်းအောင်က ပြောသည်။

 

‘‘တစ်ဧကအထွက်နှုန်းတိုးဖို့ အဓိကလိုအပ်ချက်က ငွေကြေး အရင်းအနှီးပဲ၊ လယ်သမားတွေ မှာက ငွေမရှိကြဘူး’’ ဟု ဓနုဖြူ မြို့နယ်မှ လယ်သမား ဦးသိန်း အောင်က ပြောသည်။

 

လယ်တစ်ဧကအတွက်စိုက် ပျိုးထုတ်လုပ်မှု ကုန်စရိတ်သည် ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအကြားရှိနေ သဖြင့် လက်ရှိစပါးဈေးနှုန်း က လယ်သမားများ တစ်ဧက အထွက်နှုန်းတိုးမြှင့်ရေးကို ပြောင်း လဲလုပ်ကိုင်ရန် အခက်အခဲရှိ ကြောင်း ၎င်းကဆိုသည်။

 

တစ်ဧကအထွက်နှုန်း တိုး မြှင့်ရန် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲပြီး အရည်အသွေးမြင့် လယ်ယာကဏ္ဍသုံးစက်ကိရိယာ များ၊ မျိုးစေ့များ ဝယ်ယူအသုံးပြု ရန် လိုအပ်ကြောင်း ကျောင်းကုန်း မြို့နယ်နေ လယ်သမားဦးပြူးက ပြောသည်။

မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍဝန်ဆောင်မှု လုပ်ငန်းများ တွင် ပုဂ္ဂလိကလုပ်ငန်းများ ရင်းနှီး မြှုပ်နှံနိုင်ရန် အစိုးရကချေးငွေများ ထုတ်ပေးရန် စီစဉ်နေသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:24
Rate this item
(1 Vote)