Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယား Lotte က ပြည်တွင်းမုန့်ထုတ်လုပ်ငန်း ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၆၉ သန်းဖြင့် ၀ယ်ယူ

ကိုရီးယား Lotte ကုမ္ပ ဏီက မြန်မာနိုင်ငံရှိ L & M Mayson ကုမ္ပဏီကို ဒေါ်လာ ၆၉ သန်းဖြင့် ၀ယ်ယူပြီးအရှေ့တောင်

အာရှအစားအသောက် မုန့်လုပ် ငန်း ကဏ္ဍသို့ ထိုးဖောက်ဝင် ရောက်မည်ဖြစ်ကြောင်း အောက် တိုဘာ ၂၄ ရက်က ထုတ်ပြန်ကြေ ညာသည်။

 

ကိုရီးယားကုမ္ပဏီက L & M Mayson ကုမ္ပဏီ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး အာဆီယံဒေသအတွင်း တတိယ အကြီးဆုံးဈေးကွက် ဖြစ်လာရန် ရည်ရွယ်သည်ဟု ကုမ္ပဏီက ဆို သည်။

 

Lotte ကိတ်မုန့်၊ ပေါင်မုန့် နှင့် မုန့်မျိုးစုံကို L & M Mayson ကုမ္ပဏီမှတစ်ဆင့် အရှေ့တောင် အာရှအတွင်း ဈေးကွက်မြှင့်တင် ရန်နှင့် နာမည်ရအမှတ်တံဆိပ် ဖြစ်လာရန် ရည်ရွယ်ထားသည် ဟု ကိုရီးယားကုမ္ပဏီက ထုတ်ပြန်သည်။

 

အာဆီယံဒေသတွင်း လူဦးရေ ၇၀ ရာခိုင်နှုန်းသည် အသက်(၄၀)အောက်ဖြစ်ပြီး အများစုမှာ လူငယ်များဖြစ်၍ ဈေးကွက်ကို သဘောကျခြင်းဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

 

L & M Mayson ကုမ္ပဏီ ကို ၁၉၉၆ တွင် တည်ထောင်ခဲ့ပြီး ပြည်တွင်း၌ အကြီးဆုံး မုန့်ဖုတ် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပ ဏီဖြစ်ကာ နှစ်စဉ်အမြတ်များစွာ ရရှိထားသည်ဟု ထုတ်ပြန်ချက် ၌ဖော်ပြထားသည်။ ထိုကုမ္ပဏီ တွင် မုန့်ထုတ်လုပ်သည့် စက်ရုံ သုံးရုံ၊ အရောင်းစင်တာ ၁၂ ခုရှိ သည်ဟု ဆိုသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး လှိုင်သာယာရှိ L & M Mayson ကုမ္ပဏီထံ ယမန်နေ့က မှတ်ချက်တောင်းရာ ကုမ္ပဏီက နောက်ရက်တွင် ပြန်လည်ဆက်သွယ်ရန် ဖြေကြားသည်။ L & M Mayson သည် ဂျုံကို အခြေခံ၍ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

 

Lotte  ကိတ်မုန့်၊ ပေါင်မုန့် နှင့် မုန့်မျိုးစုံလုပ်ငန်းသည် ဗီယက် နမ်နိုင်ငံသို့ ၂၀၀၇ နှင့် စင်ကာပူ နိုင်ငံသို့ ၂၀၁၁ တွင် ၀င်ရောက် ပြီး မြန်မာသည် ထိုကုမ္ပဏီအ တွက် အာဆီယံတွင် တတိယ မြောက်နိုင်ငံ ဖြစ်သည်။

 

ကိုရီးယား Lotte ကော်ပို ရေးရှင်းကို ၁၉၄၈ တွင် တည် ထောင်ခဲ့ပြီး Lotte  ကိတ်မုန့်၊ ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းကို ၁၉၆၇ ၌ ဆိုးလ်မြို့တွင် စတင် တည်ထောင်ခဲ့သည်။ Lotte ဟို တယ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။

 

Source: 7 days new

Read times Last modified on Saturday, 27 October 2018 10:50
Rate this item
(2 votes)