Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ (ဇူလိုင် ၃၀ - ဩဂုတ် ၅ )

အာရှဆန် တစ်ပတ်တာ  (ဇူလိုင် ၃၀ - ဩဂုတ် ၅ )

asia_rice_weekly.jpg

 

အိန္ဒိယနိုင်ငံမှာ စပါးအဓိက စိုက်ပျိုးသော ဒေသများ မိုးရွာသွန်းမှု မလုံလောက်သဖြင့် ဆန်ရရှိနိုင်မယ့် ပမာဏအပေါ် စိုးရိမ်မှုများ မြင့်တက်လာတာကြောင့် ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယမှ ဆန်တင်ပို့မှု စျေးနှုန်းမျာ: ယခုသီတင်းပတ်တွင် မြင့်တက်လာခဲ့ပါတယ်။

အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန် အမျိုးကးအစား <RI-INBKN5-P1> ခေါ်ဈေး တစ်တန် 364 ~ $370 ရှိပါတယ်။ ယခင်သီတင်းပတ်မှာ  $362-$368 ဖြစ်ခဲ့ပါတယ်။ ရူပီရဲ့ ဒေါ်လာငွေလဲနှုန်း မြင့်တက်တာကလည်း ဈေးတက်ဖို့ အကြောင်းတစ်ခု ဖြစ်ပါတယ်။

 

အစိုးရ ထုတ်ပြန်တဲ့ အချက်အလက်များအရ ယခုရာသီမှာ ဟက်တာ ၂၃.၁၆ သန်း စိုက်ပျိုးထားပါတယ်။ ယခင်နှစ်ထက် ၁၃.၂% နည်းပါတယ်။ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့်ဖြစ်ပါတယ်။

"စျေးကွက်က ဆန်ထုတ်လုပ်မှုမှာ အထွက်လျော့မှာကို ထိန်းညှိဖို့ ကြိုးစားနေပါတယ်။ အထွက်လျော့တာ ဘယ်လောက်ကြီးမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး" လို့ ကာကီနာဒါမှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

 

ထိုင်း‌ဆန် ၅% ဆန်ကွဲပါ အမျိုးအစား <RI-THBKN5-P1> ဈေးနှုန်းများ ယခင်သီတင်းပတ်မှာ တစ်တန် $400 ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ   $412-$425 ဖြစ်လာပါတယ်။ 

လာမယ့်သီတင်းပတ်မှာ ဆန်သစ်ပေါ်ပါမယ်။

 

ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ အမျိုးအစား <RI-VNBKN5-P1> ယခင်သီတင်းပတ်မှာ တစ်တန် 395-$413 ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ $395-$400 ရှိပါတယ်။

 

ဗီယက်နမ်ဈေးက အခြား ဆန်တင်ပို့တဲ့ နိုင်ငံများထက် ပိုမိုမြင့်မားနေသဖြင့် အရောင်း အေးနေပါတယ်။ ဖိလစ်ပိုင်နှင့် အာဖရိကသို့ အများဆုံး တင်ပို့ပါတယ်။

 

မြန်မာ ပြည်တွင်းဆန်ဈေးနှုန်းများ ဆန်အမျိုးအစားအားလုံးနီးပါး ဈေးနှုန်းမြင့်တက်လျက်ရှိပါတယ်။ ဆန်တစ်အိတ်ဈေးနှုန်း သောင်းဂဏန်းအထိ မြင့်တက်ပါတယ်။

ဆန်ချော အတက်ကြမ်းနေချိန် ဆန်ကြမ်းဈေးနှုန်းမှာ  များများစားစား တက်လာခြင်းမရှိသေးကြောင်း သိရပါတယ်။ 

 

ရန်ကုန်ဝါးတန်းဆန်ဈေးကွက်မှာ ဩဂုတ်လ ၅ ရက် ဆန်ဈေးနှုန်းများကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

ဩဂုတ်လ ၅ ရက် ၂၀၂၂ နေ့စဉ်ဆန်ဈေးနှုန်းများ

https://www.foodindustrydirectory.com.mm/food-industry/cuisine/myanmar/item/4776

 

Market Indicated Reference Rice Prices (FOB-YGN) From (3-8-2022) To (9-8-2022)
https://myanmarricefederation.org/my/node/274

 

 

5th  August  2022 Berthing List ရန်ကုန်ဆိပ်ကမ်း ဆန်တင်သင်္ဘောစာရင်း

https://www.logisticsguide.com.mm/en/industry-news/port-new/226448

 

#MyanmarFoodIndustryGuide
Telegram Channel  https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)