Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျာမနီနိုင်ငံ ဝက်သားတင်ပို့မှု အခက်ကြုံ

တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံမှ ၀က်သား တင်သွင်းမှုကို ရပ်တန့်လိုက်ပြီး ဝက်များကို သေစေနိုင်သည့်

ကူးစက်ရောဂါပိုး ပါလာနိုင်သဖြင့် တင်သွင်းပြီးသား ဝက်သားများကိုလည်း ဖျက်ဆီးပစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။


အီးယူပြင်ပ ဈေးကွက်များသို့ ဂျာမနီနိုင်ငံမှ ၀က်သားတင်ပို့မှု၏ သုံးပုံနှစ်ပုံနီးပါးခန့်သည် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

 

No description available.

 

သို့ဖြစ်ရာ ဂျာမနီမှ ၀က်သား တင်သွင်းမှုကို တရုတ်နိုင်ငံက ရပ်ပစ်လိုက်ခြင်းကြောင့် ဂျာမနီနိုင်ငံ၏ ပြည်ပသို့ ဝက်သားတင်ပို့မှုကို အကြီးအကျယ် ထိခိုက်မည် ဖြစ်ပြီး ပြီးခဲ့သည့်အပတ်က အာဖရိက ဝက်တုပ်ကွေးအဖျားရောဂါ ဖြစ်ပွားခဲ့သည်ကို ဂျာမနီနိုင်ငံတွင် အတည်ပြုခဲ့သည်။


ယင်းကြောင့်တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့သည်လည်း ဝက်သား၀ ယ်ယူမှုများကို ရပ်ဆိုင်းခဲ့သည်။ ထိုင်ဝမ်သည် ဥရောပနိုင်ငံမှ ခရီးသည်များ၏ အိတ်များကို စတင်စစ်ဆေးခဲ့သည်အထိ အရေးယူဆောင်ရွက်သည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)