Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းမန်နှင့် သစ်သီးဝလံပြပွဲနှင့် ပြိုင်ပွဲကို ကန်တော်ကြီးတွင်ကျင်းပမည်

Unicode

 

ပန်းမန်နှင့် သစ်သီးဝလံပြပွဲနှင့် ပြိုင်ပွဲကို ကန်တော်ကြီးတွင်ကျင်းပမည်


(၁၉) ကြိမ်မြောက် ကျင်းပမယ့် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်နှင့် သစ်သီးဝလံပြပွဲနှင့်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ် မဟာမြိုင်ကျွန်း (ဆင်ဖြူရုပ်ထုများ) အနီးတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရပါတယ်။


အဆိုပါပြပွဲနှင့် ပြိုင်ပွဲတွင် မြေယာရှုခင်းအလှဆင်ပြိုင်ပွဲ၊ ပြည်ပသစ်ခွမျိုးများဖြစ်တဲ့ ကတ်တလီယာပြိုင်ပွဲ၊ ဗန်ဒါပြိုင်ပွဲ၊ ဒန်ဒရိုဗီယန်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ သစ်ခွတခြားအုပ်စုပြိုင်ပွဲ၊ အိမ်တွင်းရွက်လှပင်ပြိုင်ပွဲ၊ အိမ်ပြင်ရွက်လှပင်ပြိုင်ပွဲ၊ ရာသီပန်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ (ဘွန်ဆိုင်း) (၆ လက်မအောက်)၊ (၆ လက်မနှင့် ၁၀ လက်မကြား)၊ (၁၀) လက်မအထက်)၊ အသီးပါအပင်ပြိုင်ပွဲ၊ ပန်းအလှပြင်ပြိုင်ပွဲနှင့် သစ်သီးအလှပုံဖော်ပြိုင်ပွဲ စတဲ့ပြိုင်ပွဲ ၁၅ မျိုး ပါဝင်မည်ဖြစ်ကြောင်း မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။


ပြိုင်ပွဲဝင်အပင်များကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ပြိုင်ပွဲကျင်းပရာနေရာသို့ လာရောက်ပေးပို့ရမှာဖြစ်ပြီး မြေယာရှုခင်းပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၉ နာရီမှ ဇန်နဝါရီလ ၂၇ ရက် ညနေ ၅ နာရီအထိ လာရောက်ပြင်ဆင်ရမှာဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  အစားအေသာက္နဲ႕သက္ဆိုင္တဲ့ ျပပြဲ(၃)ပြဲကို တစ္ၿပိဳင္နက္တည္းက်င္းပသြားမည္


၎င်းအပြင် သစ်သီးအလှပုံဖော်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၇ ရက် ညနေ ၃ နာရီမှ ညနေ ၅ နာရီအထိ လာရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ပန်းအလှပြင်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၄ နာရီခွဲမှ ၆ နာရီခွဲအထိ  လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။


ထို့အပြင် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် စည်းကမ်းချက်များကို မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းရုံးခန်း ဖုန်း ၀၉-၃၇၉၃၆၁၊ ၀၉-၂၅၄၃၁၉၅၃၅ နှင့် ဒေါ်ဝိုင်းဝိုင်းမွန် (မြေပဒေသာကျွန်း) ဖုန်း - ၀၉-၅၀၀၄၈၅၅ ထံတွင် ဇန်နဝါရီလ ၂၇ ရက်အထိ ရုံးချိန်အတွင်း ဆက်သွယ်စာရင်းပေးဝယ်ယူနိုင်ပါတယ်။



ပန္းမန္ႏွင့္ သစ္သီးဝလံျပပြဲႏွင့္ ၿပိဳင္ပြဲကို ကန္ေတာ္ႀကီးတြင္က်င္းပမည္

 

(၁၉) ႀကိမ္ေျမာက္ က်င္းပမယ့္ ရန္ကုန္ၿမိဳ ႔ေတာ္ဝန္ဖလား ပန္းမန္ႏွင့္ သစ္သီးဝလံျပပြဲႏွင့္ၿပိဳင္ပြဲကို ဇန္နဝါရီလ ၂၈ ရက္မွ ေဖေဖာ္ဝါရီလ ၂ ရက္အထိ ရန္ကုန္တုိင္းေဒသႀကီး ဗဟန္းၿမိဳ ႔နယ္ ကန္ေတာ္ႀကီးသဘာဝဥယ်ာဥ္ မဟာၿမိဳင္ကြ်န္း (ဆင္ျဖဴ႐ုပ္ထုမ်ား) အနီးတြင္ က်င္းပရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

 

အဆိုပါျပပြဲႏွင့္ ၿပိဳင္ပြဲတြင္ ေျမယာ႐ႈခင္းအလွဆင္ၿပိဳင္ပြဲ၊ ျပည္ပသစ္ခြမ်ဳိးမ်ားျဖစ္တဲ့ ကတ္တလီယာၿပိဳင္ပြဲ၊ ဗန္ဒါၿပိဳင္ပြဲ၊ ဒန္ဒ႐ုိဗီယန္ၿပိဳင္ပြဲ၊ ျပည္တြင္းသစ္ခြၿပိဳင္ပြဲ၊ သစ္ခြတျခားအုပ္စုၿပိဳင္ပြဲ၊ အိမ္တြင္းရြက္လွပင္ၿပိဳင္ပြဲ၊ အိမ္ျပင္ရြက္လွပင္ၿပိဳင္ပြဲ၊ ရာသီပန္းပင္ၿပိဳင္ပြဲ၊ သက္ႀကီးပုပင္ၿပိဳင္ပြဲ (ဘြန္ဆိုင္း) (၆ လက္မေအာက္)၊ (၆ လက္မႏွင့္ ၁၀ လက္မၾကား)၊ (၁၀) လက္မအထက္)၊ အသီးပါအပင္ၿပိဳင္ပြဲ၊ ပန္းအလွျပင္ၿပိဳင္ပြဲႏွင့္ သစ္သီးအလွပံုေဖာ္ၿပိဳင္ပြဲ စတဲ့ၿပိဳင္ပြဲ ၁၅ မ်ဳိး ပါဝင္မည္ျဖစ္ေၾကာင္း မည္သူမဆို ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္တဲ့အေၾကာင္း သိရပါတယ္။

 

ၿပိဳင္ပြဲဝင္အပင္မ်ားကို ဇန္နဝါရီလ ၂၇ ရက္ေန႕ နံနက္ ၉ နာရီမွ ညေန ၆ နာရီအတြင္း ၿပိဳင္ပြဲက်င္းပရာေနရာသို႕ လာေရာက္ေပးပုိ႕ရမွာျဖစ္ၿပီး ေျမယာ႐ႈခင္းၿပိဳင္ပြဲကို ဇန္နဝါရီလ ၂၅ ရက္ နံနက္ ၉ နာရီမွ ဇန္နဝါရီလ ၂၇ ရက္ ညေန ၅ နာရီအထိ လာေရာက္ျပင္ဆင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  အစားအေသာက္နဲ႕သက္ဆိုင္တဲ့ ျပပြဲ(၃)ပြဲကို တစ္ၿပိဳင္နက္တည္းက်င္းပသြားမည္

 

၎အျပင္ သစ္သီးအလွပံုေဖာ္ၿပိဳင္ပြဲကို ဇန္နဝါရီလ ၂၇ ရက္ ညေန ၃ နာရီမွ ညေန ၅ နာရီအထိ လာေရာက္ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ပန္းအလွျပင္ၿပိဳင္ပြဲကို ဇန္နဝါရီလ ၂၈ ရက္ နံနက္ ၄ နာရီခြဲမွ ၆ နာရီခြဲအထိ  လာေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။

 

ထုိ႕အျပင္ ၿပိဳင္ပြဲဝင္ေလွ်ာက္လႊာႏွင့္ စည္းကမ္းခ်က္မ်ားကို ျမန္မာႏိုင္ငံ ပန္းဝါသနာရွင္အသင္း႐ံုးခန္း ဖုန္း ၀၉-၃၇၉၃၆၁၊ ၀၉-၂၅၄၃၁၉၅၃၅ ႏွင့္ ေဒၚဝိုင္းဝိုင္းမြန္ (ေျမပေဒသာကြ်န္း) ဖုန္း - ၀၉-၅၀၀၄၈၅၅ ထံတြင္ ဇန္နဝါရီလ ၂၇ ရက္အထိ ႐ံုးခ်ိန္အတြင္း ဆက္သြယ္စာရင္းေပးဝယ္ယူႏိုင္ပါတယ္။

 

#MFID

Read times Last modified on Thursday, 30 January 2020 14:42
Rate this item
(1 Vote)