Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအ၀ယ်ရှိလာ၍ မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်

အိန္ဒိယကုန်သည်များက မတ်ပဲနှင့် ပဲစင်းငုံပြန်လည်ဝယ်ယူ လာခြင်းကြောင့် ပြည်တွင်းဈေး ကွက်တွင် ဈေးနှုန်းမြင့်တက်လာ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူးဦးမင်းကိုဦးကပြောသည်။

 

ဒီဇင်ဘာလအ တွင်း ပြည်ပမှ မတ်ပဲနှင့်ပဲစင်းငုံ တင်သွင်းမှုရပ်နားမည်ဟု သ တင်းများထွက်ပေါ်လာပြီး အိန္ဒိယ ကုန်သည်များ အ၀ယ်ရပ်ထားမှု ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသောင်းခန့် ဈေးကျခဲ့ သည်။

 

သို့သော် ယခုရက်ပိုင်းတွင် ပဲတင်သွင်းမှုရပ်နားမည့်အစီအ စဉ်ကို ဇန်န၀ါရီအထိရွှေ့ဆိုင်း သည်ဟု သတင်းများထွက်ပေါ်ပြီး အိန္ဒိယကုန်သည်များက မတ်ပဲ နှင့် ပဲစင်းငုံပြန်လည်ဝယ်ယူခြင်း ကြောင့် ပြည်တွင်း၌ ပဲတစ်တန် လျှင် ကျပ်နှစ်သောင်းခန့်ဈေး တက်လာခြင်းဖြစ်သည်။

 

‘‘အစ်ကိုတို့က အိန္ဒိယရဲ့မူဝါ ဒအပေါ်မှာပဲ မူတည်နေတယ်’’ ဟု ဦးမင်းကိုဦးက ပြည်တွင်းဈေး ကွက်တွင် ဈေးနှုန်းတည်ငြိမ်မှုမရှိ သည့်အခြေအနေကို ရှင်းပြသည်။

 

ဒီဇင်ဘာတတိယပတ်တွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ် တန်လျှင် ကျပ်ရှစ်သိန်းနှစ် သောင်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းရှစ်သောင်းဈေးရှိ ကြောင်း ဘုရင့်နောင်ပဲကုန်စည် ဒိုင်မှ ကုန်သည်တစ်ဦးက ပြော သည်။ ပြီးခဲ့သည့်တစ်ပတ်က မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းခြောက်သောင်းခန့်ဈေး ရှိခဲ့သည်။

 

၂၀၁၈ ဧပြီမှ ဒီဇင်ဘာအ တွင်း မြန်မာနိုင်ငံမှ ပဲမျိုးစုံပြည်ပ တင်ပို့မှုတန်ချိန် ၁၀ သိန်းကျော် ရှိပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲစင်း ငုံတို့ကို တန်ချိန်အများဆုံးတင်ပို့ ထားသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)