Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ

ပြည်ပနိုင်ငံများသို့  ကြက်သွန်နီများကို စံချိန်စံညွှန်းမီ တင်ပို့ရောင်းချနိုင်ရေးအတွက် ၂ဝ၁၉ ခုနှစ်အတွင်း ကြက်သွန်နီစိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ

(GAP) လက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန သီးနှံဌာနခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

GAP  လက်မှတ်များ ထုတ်ပေးနိုင်ရန် စိုက်ပျိုးထုတ်လုပ်သည့်  တောင်သူများအား အသိပညာပေး ဆွေးနွေးပွဲများ လုပ်ဆောင်ပေးလျက်ရှိပြီး GAP စနစ်ဖြင့် စိုက်ပျိုးထုတ် လုပ်ရန် စိတ်ဝင်စားသည့် တောင်သူများထံမှ မြေနမူနာများ ရယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ  ပြုလုပ်နေကြောင်း  သိရသည်။

 

''ကြက်သွန်နီက ပြည်တွင်းမှာ အထွက်နှုန်း ကောင်းနေတယ်။ အရည်အသွေးပိုင်းနဲ့ ပတ် သက်လို့  အဆင့်မီတယ်ဆိုတော့  ပြည်ပဈေးကွက်ကို  ထိုးဖောက်ချင်တယ်။အဲဒါ ကြောင့်  ပြည်ပဈေးကွက်ထိုးဖောက်နိုင်ဖို့ GAP လက်မှတ် ရနိုင်တဲ့ ကြက်သွန်နီစိုက် တောင်သူတွေကို သေချာစိစစ်မယ်။ ပြီးရင် လက်မှတ်ထုတ်ပေးမယ်'' ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် ကော်ဖီစိုက်ပျိုးသူ အစုအဖွဲ့ ခြောက်ဖွဲ့၊ သရက်စိုက်ပျိုးတင်ပို့ ရောင်းချသူ ၁၅ ဦး၊ နှမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၃၉ဝ ဦးနှင့်  ပဲတီစိမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၉၁ ဦး စုစုပေါင်းတောင်သူ ၅ဝ၂ ဦးကို နိုင်ငံတကာ အသိအမှတ်ပြု GAP လက်မှတ် များ ထုတ်ပေးထားပြီး  တခြားသီးနှံများဖြစ်သည့် ကျွဲကော၊ ထောပတ်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊  ငရုတ်၊  ဖရဲ၊ သခွားမွှေး၊  စပါး၊ ပြောင်း၊ ပဲ၊ မြေပဲ စသည့်သီးနှံများကိုပါ GAP လက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

GAP လက်မှတ်ရလိုသည့် တောင်သူများအနေဖြင့်  သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏  ထောက်ခံချက်များ ပါရှိသည့်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာသွင်း အားစုများကိုသာ  သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။ 

Source: Myawady

Read times
Rate this item
(1 Vote)