Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
အော်ဂဲနစ်နှမ်းနက် တန်ချိန် ၈ဝ ကျော်ကို ပြည်ပစျေးကွက်သို့ ရောင်းချထား
Unicode ဖြင့်ဖတ်ရန်
အော်ဂဲနစ်နှမ်းနက် တန်ချိန် ၈ဝ ကျော်ကို ပြည်ပစျေးကွက်သို့ ရောင်းချထား
ကယားပြည်နယ်မှ ထွက်ရှိသည့် အော်ဂဲနစ်နှမ်းနက် တန်ချိန်  ၈ဝ ကျော်ကို ပြည်ပစျေးကွက်သို့ ရောင်းချထားကြောင်း Network Activities Group (NAG) Project Facilitator ဦးမင်းမင်းဇော်၏ ပြောပြချက်အရ သိရပါတယ်။
အဆိုပါရောင်းချမှုတွင် ကယားပြည်နယ်အတွင်းရှိ တောင်သူများကို NAG  ၏ ပံ့ပိုးကူညီမှုဖြင့်  ဖားဆောင်း၊  မယ်စဲ့နှင့် ဘော်လခဲမြို့နယ်တို့ရှိ   ကျေးရွာကိုးရွာ၌ ဧကပေါင်း  ၈၅၃  ဧကဖြင့်  စတင်အကောင်အထည်ဖော်ကာ    ထွက်ရှိလာသည့်  နှမ်းနက် များကို ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။
''အခုအော်ဂဲနစ်အနေနဲ့ ရောင်းချနိုင်ဖို့ ISO Consultants အဖွဲ့ကို ငှားပြီးလုပ်တယ်။    နှမ်းစုပေါင်းရောင်းချပွဲကို  အောက်တိုဘာ   ၁၆  ရက်က  စတင် ပြုလုပ်နေပါတယ်။     နေ့စဉ်စျေးနှုန်း ပေါက်စျေးအလိုက်   စျေးတော့မငြိမ်ဘူး။ ဒါပေမဲ့ ပြင်ပပေါက်စျေးထက် တစ်ပိဿာကို ငွေကျပ်  ၁၆ဝ  လောက်ပိုရတယ်''  ဟု ဦးမင်းမင်းဇော် ကပြောကြားခဲ့ပါတယ်။
Beans & Pulse Warehouses ပဲနှင့်ပဲဆံအမျိုးမျိုး သိုလှောင်ရုံပေါင်း ၄၇၂ ခုကိုရှာရန်နှိပ်ပါ။
ISO  Consultantအဖွဲ့မှ ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်မှာ ဥရောပ သမဂ္ဂနိုင်ငံ ၂၇ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နိုင်ပြီး သဘောတူညီချက်အရ  ဂျပန် နိုင်ငံစျေးကွက်သို့ တင်ပို့နိုင်လျှင် တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝ နှုန်းဖြင့်  တောင်သူများ ဖွဲ့စည်းထားသည့်    ကုမ္ပဏီမှတစ်ဆင့်  တောင်သူလယ်သမားများ    ထပ်ဆောင်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
''ကယားပြည်နယ်ဘက်က ဒီနှစ်မိုးရာသီ မှာစိုက်ထားတဲ့     နှမ်းနက်တွေကို ရောင်းတာပါ။  အခုရောင်းချပွဲက အောက်တိုဘာ ၁၆ ရက်ကနေ ၂၄ ရက်အထိဆိုတော့ တန်ချိန်  ၁ဝဝ လောက်အထိ ရောင်းချနိုင်မှာပါ။တောင်သူတွေက  မစောင့်နိုင်လို့ တခြားနေရာမှာ ရောင်းချလိုက်တာတွေ ရှိတဲ့အတွက်  တန်ချိန် အရေအတွက်  နည်းသွားတယ်'' ဟု Farmer  to  Farmerအကူအညီပေးနေသည့် မကွေးတိုင်းဒေသကြီး   တောင်သူဖွံ့ဖြိုးရေး အဖွဲ့   အတွင်းရေးမှူး ဦးစိုးလွင်အေး ကပြောကြားခဲ့ပါတယ်။
လက်ရှိရောင်းချမှုမှာ မကွေးတိုင်း ဒေသကြီးမှ ထွက်ရှိသည့် GAP  နှမ်းနက် ပေါက်စျေးအပေါ် အခြေခံ၍ ရောင်းချနေရခြင်းဖြစ်ပြီး  အောက်တိုဘာ  ၂၂ ရက် ပေါက်စျေးအရ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၉ဝဝဝ  စျေးရှိကာ ကယားပြည်နယ်မှ   အော်ဂဲနစ်နှမ်းနက်ဖြစ်သည့် အတွက်  တစ်တင်းလျှင်  ထပ်ဆောင်းငွေ ငွေကျပ် ၃ဝဝဝ စျေးပိုရရှိကြောင်း  သိရပါတယ်။
Source: Myawady
အော်ဂဲနစ်နှမ်းနက် တန်ချိန် ၈ဝ ကျော်ကို ပြည်ပဈေးကွက်သို့ ရောင်းချထား
ကယားပြည်နယ်မှ ထွက်ရှိသည့် အော်ဂဲနစ်နှမ်းနက် တန်ချိန်  ၈ဝ ကျော်ကို ပြည်ပဈေးကွက်သို့ ရောင်းချထားကြောင်း Network Activities Group (NAG) Project Facilitator ဦးမင်းမင်းဇော်၏ ပြောပြချက်အရ သိရပါတယ်။
Beans & Pulse Warehouses ပဲနှင့်ပဲဆံအမျိုးမျိုး သိုလှောင်ရုံပေါင်း ၄၇၂ ခုကိုရှာရန်နှိပ်ပါ။
ISO  Consultantအဖွဲ့မှ ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်မှာ ဥရောပ သမဂ္ဂနိုင်ငံ ၂၇ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နိုင်ပြီး သဘောတူညီချက်အရ  ဂျပန် နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်လျှင် တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝ နှုန်းဖြင့်  တောင်သူများ ဖွဲ့စည်းထားသည့်    ကုမ္ပဏီမှတစ်ဆင့်  တောင်သူလယ်သမားများ    ထပ်ဆောင်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
Read More >>>>>  အောက်တိုဘာလကုန်တွင် အစိုးရက အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူပေးနိုင်ရန် စီစဉ်နေ
လက်ရှိရောင်းချမှုမှာ မကွေးတိုင်း ဒေသကြီးမှ ထွက်ရှိသည့် GAP  နှမ်းနက် ပေါက်ဈေးအပေါ် အခြေခံ၍ ရောင်းချနေရခြင်းဖြစ်ပြီး  အောက်တိုဘာ  ၂၂ ရက် ပေါက်ဈေးအရ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၉ဝဝဝ  ဈေးရှိကာ ကယားပြည်နယ်မှ   အော်ဂဲနစ်နှမ်းနက်ဖြစ်သည့် အတွက်  တစ်တင်းလျှင်  ထပ်ဆောင်းငွေ ငွေကျပ် ၃ဝဝဝ ဈေးပိုရရှိကြောင်း  သိရပါတယ်။
Source: Myawady
Read times Last modified on Thursday, 13 February 2020 09:16
Rate this item
(0 votes)