Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

တတိယအကြိမ် အုန်းသီးအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ် ပို့ချနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် Virtual စနစ်ဖြင့် ပြုလုပ် ကျင်းပခဲ့သည်။ 

 

အဆိုပါ သင်တန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်- ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော Coconut Project မှ တတိယအကြိမ် သင်တန်း အစီအစဉ် ဖြစ်သည်။

 

အစည်းအဝေးတွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းပို့ချသူများအဖြစ် ဆောင်ရွက်မည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြသည်။

 

 

Advertisement

Click Here > Hnin Taung

 

အစည်းအဝေးတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချမည့် နေ့ရက်၊ သင်တန်းပို့ချမည့် နေရာနှင့် အချိန်၊ သင်တန်းတွင် ပို့ချပေးမည့် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် အမယ်များ စာရင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

သင်တန်းတွင် ပို့ချမည့် စားသောက်ကုန်အမယ်များအနေဖြင့်…

  • သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ Nata De Coco Processing၊ Vacuum Frying Coco Flake နှင့် Coco Activated Charcoal ပြုလုပ်ခြင်း၊ 
  • အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အုန်းသကြား၊ အုန်းရေခဲမုန့်၊ Coconut Jelly နှင့် Coconut Syrup ပြုလုပ်ခြင်း၊ 
  • မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ Coconut Sweet Candy၊ Young Coconut Jelly နှင့် Coconut Gummy Jelly ပြုလုပ်ခြင်း တို့ကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ 

 

 

ဆက်လက်၍ သင်တန်းတက်ရောက်မည့် သင်တန်းသားများ စာရင်းကို အဆိုပြု ပေးပို့ရန်နှင့် စီမံကိန်းမှ ဆက်လက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Published in Fruits & Vegetables

ဆီးရောဂါသည်တွေအတွက် လုံးဝကျော်မသွားသင့်တဲ့ အုန်းသီးနုလေးဖြစ်ပါတယ်။

Published in Food & Health

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကညင်ချောင်းကြီးကျေးရွာနေ လူငယ်များ သည် မိသားစုအပိုဝင်ငွေရရှိရေး

Published in Food & Livestock

ထိုင်းနိုင်ငံသို့ အုန်းသီး တင်ပို့ရောင်းချမှုရပ်ဆိုင်းနေသ ဖြင့် တရုတ်နိုင်ငံဈေးကွက်ရှာဖွေ နေကြောင်း အုန်းသီးအစုအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဝင်းက ပြောသည်။

Published in Food & Livestock

လက်ရှိတွင် ထိုင်းနိုင်ငံသို့  အုန်းသီးတင်ပို့မှု ပြန်လည်စတင်လျက်ရှိရာ အဝယ်လိုက်နေကြောင်း   မြန်မာနိုင်ငံ အုန်းသီး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့အထွေထွေ အတွင်းရေးမှူး ဒေါ်စန်းစန်းဟန် ထံမှ သိရသည်။

Published in Food & Livestock

အရသာ ချိုချဉ်လေးကြိုက်နှစ်သက်သူများအတွက် လူကိုလန်းဆန်းစေပြီး

Published in Myanmar

 

ငါးဟင်းကို ပုံစံတစ်မျိုးမျိုးဖြင့် ချက်တတ်ကြပါတယ်။ ယခုတော့ အိန္ဒိယတွင် နာမည်ကြီးဟင်းတစ်မယ်ဖြစ်တဲ့ အုန်းနို့နဲ့ချက်တဲ့ ငါးဟင်းချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

Published in India

 

ကြက်စွပ်ပြုတ်ကို စားနေကျပုံစံနဲ့မတူဘဲ ပုံစံအဆန်းလေးဖြစ်အောင် အုန်းစိမ်းရည်နဲ့ ပေါင်းထားပြီး အုန်းစိမ်းရဲ့  သင်းပျံ့ တဲ့ မွှေးရနံ့နဲ့ ချို၊

Published in Thailand

ကြက်သားကို ဒီအတိုင်းချည်းစားရတာ ရိုးအီသွားသူများအတွက် အုန်းနို့ကြက်ကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း အလွန်လွယ်ကူတဲ့အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Published in Chinese

ပြည်တွင်းအုန်းသီးဈေး မြင့်မားသဖြင့် ထိုင်းနိုင်ငံသို့ တင် ပို့ရောင်းချမှု ရပ်ဆိုင်းနေကြောင်း   အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး ၀င်း

Published in Food & Livestock